ကိုယ်ပျောက်ဆေး (OPINON)

အရေးအကြောင်းဆိုရင် ကြံမိကြံရာ ကိုယ်ပျောက်ဆေးတွေ ရချင်တဲ့ ခံစားချက်ကို အရေးကြုံဖူးသူတိုင်း၊ စွန့်စားသူတိုင်း ခံစားဖူးကြမှာပါ။

ဥပမာအခြေအနေတွေက အရှက်တကွဲအကျိုးနည်းကိစ္စတွေ ထိပ်တိုက်တိုးတော့မယ်ဆိုရင်၊ ရန်မူတဲ့သူတွေ လာရှာနေပြီဆိုရင် … ငါပျောက်သွားရင်ကောင်းမယ်လို့ တွေးမိကြပါတယ်။

တိုက်ပွဲတွေဖြစ်ရင် မျက်ထောင့်နီတွေနဲ့ ရှူးရှူးရှဲရှဲ မဲမဲမြင်ရာ ပစ်မယ့် သူတွေနဲ့ လွတ်ဖို့ကတော့ ကိုယ်ပျောက်ဆေး ရှိရင်ကောင်းမှာပါ။ သူတို့မျက်လွှာကို ဖုံးပေးဖို့ ဆေး၊ သူတို့မြင်ကွင်းမှာ ကိုယ်ကပျောက်သွားဖို့ အရေးကြီးတယ်မဟုတ်လား။

ဒါပေမယ့် ကိုယ်ပျောက်ဆေးဟာ စစ်ကောင်စီလက်ထဲ ရောက်သွားမယ်ဆိုရင် အတိုင်းထက်အလွန် မတရားမှုတွေ တိုးလာတော့မှာပါ။

ဆိုတော့ သဘာ၀အတိုင်း၊ အမှန်အတိုင်းပဲ ရင်ဆိုင်ကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *