အမေရိကန်သံရုံးရဲ့ ဂုဏ်ပြုပန်းခြင်းကို ရဲတွေဖယ်ရှား

စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေပစ်သတ်ခံခဲ့ရတဲ့ ကိုညီညီအတွက် တစ်လပြည့်အမှတ်တရအဖြစ် ယနေ့မတ်လ ၂၆ ရက်နေ့မနက်မှာ အမေရိကန်သံရုံးက ဂုဏ်ပြုပန်းခြင်း လာချပေးခဲ့ရာ သိပ်မကြာခင်မှာပဲ ရဲတွေရောက်လာပြီး ဖယ်ရှားလိုက်ပါတယ်။

ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဂုဏ်ပြုပန်းခြင်းထဲက စာရွက်ပေါ်မှာ- “in honor of those who have lost their lives since February 1 coup. May we all remember their courage and dedication to a better future for Myanmar. U.S Embassy in Yangon ( မြန်မာပြန်- ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန် မှစ၍ အသက်ဆုံးရှုံးခဲ့ရသူများကို ဂုဏ်ပြုလျှက်။ ပိုမိုကောင်းမွန်သော မြန်မာပြည် အနာဂတ်အတွက် သူတို့၏ ရဲစွမ်းသတ္တိနှင့်ဆက်ကပ်အပ်နှံမှုကို အမှတ်ရကြပါစို့။ ယူအက်စ်သံရုံး၊ ရန်ကုန်) ” လို့ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *