CDM အရေး နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန အမိန့်ထုတ်ပြန်

CDM အရေးနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်စွဲပါ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၁) ကို ထုတ်ပြန်လိုက်ပါတယ်။

CDM လှုပ်ရှားမှုကို ဖိနှပ်၊ ဟန့်တားခြိမ်းခြောက်သော တာဝန်ရှိသူများကို မှတ်တမ်းပြုစုကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည့်အကြောင်း၊ CDM လှုပ်ရှားမှုတွင်ပါဝင်သဖြင့် မတရား ဖိနှိပ်အရေးယူခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းများကို ပြည်သူ့အစိုးရမှ မူလအလုပ် တာဝန်များတည်မြဲရေး၊ နစ်နာမှုများ ပြန်လည်ကုစားနိုင်ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက်သွားမည့်အပြင် အခြားသော ချုပ်နှောင်ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းတို့ ရှိခဲ့ပါက လည်း ပြစ်မှုမှတ်တမ်းများကို ခြွင်းချက်မရှိ ပယ်ဖျက်ကြောင်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *