အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို ဒေါက်တာဆာဆာသတိပေးပြီ


မတ်လ ၁၅ ရက်နေ့၊ sky news သတင်းဌာန အင်တာဗျူးတစ်ခုမှာ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဂဒါဖီ၊ ဟူစိန် နှင့် ဘင်လာဒင် တို့ရဲ့ ကံကြမ္မာလို ဖြစ်သွားမယ်လို့ ဒေါက်တာဆာဆာက သတိပေးလိုက်ပါတယ်။

ဆန်ဒန်ဟူစိန်က ၂၀၀၆ ခုနှစ်မှာကြိုးပေးခံရ၊ မာမိုဂဒါဖီက ၂၀၁၁ ခုနှစ်အောက်တိုဘာလမှာ ဖမ်းဆီးသတ်ဖြတ်ခံရပြီး၊ အယ်ကေဒါခေါင်းဆောင်ကြီး အိုစမာဘင်လာဒင်က ၂၀၁၁ ခုနှစ်မှာ အမေရိကန်အထူးတပ်ဖွဲ့ရဲ့ သုတ်သင်ခြင်းကို ခံခဲ့ရပါတယ်။

အင်တာဗျူးထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့ နိုင်ငံတကာအသိုင်းအ၀န်းကလည်း ဝိုင်းဝန်းပေးကြဖို့ တောင်းဆိုခဲ့ပြီး၊ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဖမ်ဆီးထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့၊ မြန်မာလူထုအား ဒီမိုကရေစီပြန်ပေးဖို့ ဒေါက်တာဆာဆာက အလေးအနက် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်နေ့မှစ၍ ယနေ့ မတ်လ ၁၅ ရက်နေ့အထိ သတ်ဖြတ်ခံရပြီး သေဆုံးသူ ၁၉၆ ဦး (အတည်ပြုပြီး) ရှိနေပြီး၊ အမှန်သေဆုံးဦးရေသည် ထိုကိန်းဂဏန်းထက် မြင့်မားနေမည်ဟု ခန့်မှန်းကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *