ရုပ်ရှင်သရုပ်ဆောင် ခင်လေးနွယ်၏  မိခင် ခရစ်တော်၌ အိပ်ပျော် (နာရေးသတင်းဖော်ပြချက်)

ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင် ခင်လေးနွယ်၏  မိခင်ဒေါ်ဆာဇာမေး (ခ) ဒေါ်ဆာရာ (၇၅) နှစ်သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်၊ ၃:၂၀ မိနစ်တွင်  ခရစ်တော်၌ အိပ်ပျော်သွားကြောင်း နာရေးသတင်းကို ရပ်နီးရပ်ဝေးမှ ဆွေမျိုးအသိတို့အား ဖေ့စ်ဘုတ်ကတစ်ဆင့် အသိပေးထားပါသည်။

နာရေး ဝတ်ပြုခြင်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက် ၁၀ နာရီတွင် နေအိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ၁၂:၃၀ နာရီတွင် ကျန်ကြွင်းသော ရုပ်ကလပ်ကို အေးရိပ်ငြိမ်သုဿာန်တွင် ဂူသွင်းမည်ဟု သိရသည်။

ပုံ- ရုပ်ရှင်သရုပ်ဆောင် ခင်လေးနွယ်၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *