(မြန်မာဗားရှင်းနဲ့ရေးထားတဲ့ ဒီဆောင်းပါးထဲမှာ လီဆူနှစ်သစ်ကူးနေ့ တွက်ချက်ညှိယူပုံကို ဖော်ပြထားပါတယ်)
ကမ္ဘာပေါ်မှာ လူသားတွေသုံးကြတဲ့ ပြက္ခဒိန် အုပ်စုကြီးနှစ်ခုရှိပါတယ်။ ၎င်းတို့မှာ-
(၁) လအခြေပြု ပြက္ခဒိန်
(၂) နေအခြေပြု ပြက္ခဒိန်
လီဆူဘိုးဘေးတွေက လအခြေပြု ပြက္ခဒိန်သုံးခဲ့တယ်။ အစ္စရေး၊ မွန်ဂိုးလီးယား၊ ဂျပန်၊ တရုတ်၊ ကိုးရီးယား စသည်ဖြင့် အရှေ့တိုင်းသား လူမျိုးကြီးတွေကလည်း လအခြေပြု ပြက္ခဒိန်ကို သုံးခဲ့ကြတယ်။ မိမိဒေသစိုက်ပျိုးရေး ရိတ်သိမ်းချိန်အပြီးကာလ ပထမဆုံး ဆန်းသစ်စ လဆန်းကို နှစ်သစ်ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အများအားဖြင့် အရှေ့တိုင်းသားတို့ရဲ့ စပါးရိတ်သိမ်းချိန်က နိုဝင်ဘာနှင့်ဒီဇင်ဘာလ ဖြစ်ပြီး၊ နှစ်ကူးချိန်မှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ကျရောက်တတ်ပါတယ်။ ကမ္ဘာသုံးဂရီဂိုရီ ပြက္ခဒိန်ကဲ့သို့ သတ်သတ်မှတ်မှတ် တစ်ရက်သတ်မှတ်၍ မရသည်မှာ လဆန်းကိုကြည့်ရသောကြောင့်ဖြစ်ပါတယ်။ ၁၂လ လွန်မြောက်ပြီး ၁၃လမြောက် ပထမဦးဆုံး လဆန်းနေ့သည် နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့ကိုလည်း အနည်းဆုံး သုံးရက်မှသည် အများဆုံး တစ်လလုံးအထိ ဆင်နွှဲလေ့ ရှိကြပါတယ်။
ညှိယူရတာရှိပါတယ်
=============
နေအခြေပြုဘဲဖြစ်ဖြစ်၊ လအခြေပြုဘဲဖြစ်ဖြစ် တိတိကျကျဖြစ်လွန်းတဲ့ ပြက္ခဒိန် ဆိုတာ မရှိပါဘူး။ ညှိနှိုင်းကြရတာပဲ။ leap year လို့သုံးနှုန်းကြတယ်။
ဒီလို မလုပ်ရင် နှစ်ကာလကြာတဲ့အခါ နှစ်သစ်ကူးက မိုးရာသီမှာလည်းဖြစ်နိုင်တယ်၊ ဆောင်း ရာသီမှာလည်းဖြစ်နိုင်တယ်၊ နွေရာသီမှာလည်း ကူးသွားနိုင်တာပဲ။ နေကို ဗဟိုပြုပြီး ကမ္ဘာပတ်လမ်းကြောင့် ရာသီဥတုဖြစ်ပေါ်လာတဲ့အခါ တသမတ်တည်းရဖို့ အဲ့ဒီပတ်လမ်း ကြာချိန်အတိအကျကို ယူရတာပဲ။ ၃၆၅ ရက် ၆ နာရီ၊ ၄၈ မိနစ်၊ ၄၆ စက္ကန့်မှာ တစ်ပတ်တိတိ ရောက်တာမို့ တစ်နှစ်လို့ သတ်မှတ်ရတယ်။ နေအခြေပြုမှာ ဂရီဂိုရီပြက္ခဒိန် (လက်ရှိသုံးနေတဲ့ ကမ္ဘာ့ပြက္ခဒိန်) ကတော့ နေအခြေပြုပြက္ခဒိန်ထဲမှာ အတိကျဆုံးဖြစ်တယ်။ ဒါပေမယ့် တစ်နှစ်မှာ ၆ နာရီကျော်ကျော် အစွန်းထွက်နေသေးတဲ့ ပြဿနာရှိတယ်။ အဲ့ဒီပြဿနာကို ညှိဖို့ လေးနှစ်တစ်ခါ တစ်ရက်ထပ်ပေါင်းရတယ်။ ဖေဖော်ဝါရီလမှာ ထပ်ပေါင်းကြတယ်။ ဒီလိုနဲ့ လေးနှစ်တစ်ရက်ပေါင်း တော့ ဖေဖော်ဝါရီလက ၂၉ ဖြစ်လာပါတယ်။
လအခြေပြုပြက္ခဒိန်မှာလည်း နေအခြေပြုပြက္ခဒိန်နဲ့နှိုင်းယှဉ်ရင် တစ်နှစ်မှာ ၁၁ ရက်လောက် ကွာဟနေတယ်။ ဒါကြောင့် သုံးနှစ်မှာ တစ်ကြိမ် ၁ လ ထပ်ပေါင်းထည့်ရတယ်။ ဒါကြောင့် ခါတိုင်းနှစ်မှာ ၁၃ လပထမဆုံး လဆန်းတစ်ရက်နေ့က နှစ်သစ်ဆိုပေမယ့်၊ လတစ်လ ထပ်ပေါင်းရတဲ့နှစ်မှာ ၁၄ လမြောက် ပထမဆုံး လဆန်းရက်ဖြစ်လာတယ်။
လီဆူတွေက ခရစ်ယာန်ဖြစ်လာကြတဲ့အခါမှာ လအခြေပြုပြက္ခဒိန်အစား နေအခြေပြု ပြက္ခဒိန်ကို သုံးလာကြပါတယ်။ ဒါပေမယ့် ဘိုးဘေးတို့ရဲ့ အမွေအနှစ်ကတော့ လအခြေပြု ပြက္ခဒိန်ပါပဲ။ နှစ်သစ်ကို ဆုံးဖြတ်တာကလည်း ၁၃ လ မြောက် ပထမဦးဆုံးလဆန်း (သို့မဟုတ်) ကောက်ရိတ်သိမ်းပြီးစီးပြီး ကစော်၊ အရက် ချက်ပြီးတဲ့လဆန်းတစ်ရက်နေ့ဖြစ်ပါတယ်။ ၃ နှစ်တစ်ကြိမ် ၁ လ ထပ်ပေါင်းထည့်တာကိုလည်း စနစ်တကျလုပ်ကြရပါတယ်။ နှစ်တစ်ရာ လီဆူနှစ်သစ်ကူး နေ့စွဲများကို ဂရီဂိုရီပြက္ခဒိန်နေ့စွဲတွေနဲ့ ဖော်ပြလိုက်ပါတယ်။ ၁ လ ထပ်ဖြည့်ထည့်ရမယ့် လကိုလည်းဘယ်လမှာ ဖြည့်ပေါင်းရတယ် ဆိုတာကို မှတ်ချက်အဖြစ် ဖော်ပြလိုက်ပါတယ်။
2025-2100 ꓗꓪ ꓛꓲ ꓓꓶꓽ ꓡꓲ-ꓢꓴ ꓘꓳꓼ ꓫꓵꓼ ꓦꓬꓼ ꓠꓬꓲ ꓢꓽ ꓔꓸ ꓟ=
– 2025: January 29
– 2026: February 17 (Leap month after the 5th month)
– 2027: February 6
– 2028: January 26
– 2029: February 13 (Leap month after the 1st month)
– 2030: February 3
– 2031: January 23
– 2032: February 11 (Leap month after the 4th month)
– 2033: January 31
– 2034: February 19
– 2035: February 8 (Leap month after the 3rd month)
– 2036: January 28
– 2037: February 15
– 2038: February 4 (Leap month after the 1st month)
– 2039: January 24
– 2040: February 12 (Leap month after the 2nd month)
– 2041: February 2
– 2042: January 22
– 2043: February 10 (Leap month after the 5th month)
– 2044: January 30
– 2045: February 17
– 2046: February 6 (Leap month after the 4th month)
– 2047: January 26
– 2048: February 14
– 2049: February 2 (Leap month after the 1st month)
– 2050: January 23
**2051-2075:**
– 2051: February 11
– 2052: January 31 (Leap month after the 7th month)
– 2053: January 20
– 2054: February 8
– 2055: January 28 (Leap month after the 5th month)
– 2056: February 15
– 2057: February 4
– 2058: January 24 (Leap month after the 2nd month)
– 2059: February 12
– 2060: February 2 (Leap month after the 7th month)
– 2061: January 21
– 2062: February 9
– 2063: January 29 (Leap month after the 6th month)
– 2064: February 17
– 2065: February 5
– 2066: January 26 (Leap month after the 2nd month)
– 2067: February 14
– 2068: February 3
– 2069: January 22 (Leap month after the 1st month)
– 2070: February 10
– 2071: January 31
– 2072: January 20 (Leap month after the 4th month)
– 2073: February 8
– 2074: January 28
– 2075: February 16 (Leap month after the 2nd month)
**2076-2100:**
– 2076: February 5
– 2077: January 24 (Leap month after the 6th month)
– 2078: February 12
– 2079: February 1
– 2080: January 22 (Leap month after the 5th month)
– 2081: February 9
– 2082: January 29
– 2083: February 17 (Leap month after the 1st month)
– 2084: February 6
– 2085: January 25 (Leap month after the 4th month)
– 2086: February 13
– 2087: February 3
– 2088: January 23 (Leap month after the 3rd month)
– 2089: February 11
– 2090: February 1
– 2091: January 20 (Leap month after the 2nd month)
– 2092: February 8
– 2093: January 28
– 2094: February 16 (Leap month after the 1st month)
– 2095: February 5
– 2096: January 25
– 2097: February 13 (Leap month after the 7th month)
– 2098: February 2
– 2099: January 21
– 2100: February 9 (Leap month after the 6th month)
*joint researchers: KJ & ADJ