News: Assigned to UN to arrest military dictators.
ꓡꓳ: ꓟꓲ: ꓟꓯ; ꓙꓵ: ꓒ: ꓐꓴ ꓠꓬ ꓙꓵ: ꓪ ꓣꓴ ꓟꓶ ꓠ, ꓟ ꓗꓴꓷ; ꓪ ꓔꓲ ꓐꓰ Democracy ꓪꓴ. ꓓꓴ ꓧꓳ: ꓐꓴ ꓔꓯ ꓟ: ꓓ ꓟ: ꓢ ꓣꓴ ꓐꓱ.. ꓔ ꓢꓲ ꓗꓴꓷ; ꓑ ꓫꓬ: ꓐꓴ ꓔꓯ ꓫ. ꓟꓳ ꓫ ꓚꓬ ꓬꓰ ꓔꓬ ꓟ ꓑꓶ. ꓓꓴ ꓡꓳ: ꓟꓲ: ꓗꓴꓷ; ꓑ ꓫꓬ ꓐꓴ ꓗꓪ ꓐꓰ Un ꓟꓵ: ꓗꓳ, ꓓꓵ ꓓꓵ ꓗꓴꓷ; ꓜꓴ ꓗꓪ ꓐꓰ ꓟꓯ; ꓙꓵ: ꓒ: ꓐꓴ ꓔꓯ ꓣꓴ ꓖꓶ: ꓡ ꓠ, ꓟ ꓐꓰ ꓑ ꓫꓬ: ꓐꓴ ꓔꓯ ꓚꓬꓴ, ꓙ ꓡ ꓠ, ꓟ ꓠꓬꓲ. ꓠꓬꓲ ꓓꓰ: ꓩꓴ 13.2.2021 ꓠꓬꓲ ꓗꓪ ꓓꓰ: ꓩꓴ ꓗꓷꓳ=
![](https://lisutimes.com/wp-content/uploads/2021/02/jj-1024x838.png)
ꓟꓰ,-ꓮꓳ-ꓡ ꓠꓬ 2008 ꓘꓳ; ꓗꓴꓷ; ꓙꓵ: ꓗ ꓔꓯ ꓟꓲ ꓟ: ꓒꓵ: ꓛꓳ ꓛꓳ ꓗꓴꓷ; ꓙꓵ: ꓪ ꓔꓯ ꓟ: ꓓ ꓟ ꓞ ꓣꓴ ꓔ ꓟ ꓥ ꓡꓳ= ꓡꓳ: ꓟꓲ: ꓟꓵ: ꓗꓪ ꓟ ꓙꓵ: ꓪ ꓐꓴ ꓐꓯ ꓟꓴ ꓫꓬ, ꓙꓵ: ꓪ꓾ ꓙꓵ: ꓗ ꓔꓶ ꓠ, ꓟ ꓙꓵ: ꓪ꓾ ꓗꓴꓷ: ꓔꓯ ꓙꓵ: ꓠ, ꓟ ꓙꓵ: ꓪ ꓕꓱ ꓟ ꓠꓬ ꓑ ꓫꓬ: ꓡꓯ, ꓒꓯ, ꓗꓪ ꓙꓳ ꓟ ꓥ ꓢꓲ ꓑ ꓫꓬ: ꓡꓰ ꓡꓯ; ꓙꓱ ꓔ ꓟ ꓜꓴ ꓐꓴ ꓡꓰ: ꓙꓵ: ꓪ ꓕꓱ ꓟ ꓣꓱ: ꓠ ꓗ, ꓟ ꓥ ꓡꓳ= ꓮ ꓟꓶ ꓟꓰ-ꓮꓳ-ꓡ ꓔꓯ ꓠꓬ ꓑ ꓫꓬ: ꓡꓰ ꓡꓯ; ꓙꓱ ꓔ ꓟ ꓟꓲ: ꓟ: ꓥ ꓟ ꓑꓶ. ꓓꓴ ꓬꓲ. ꓠꓬ ꓗꓴꓷ; ꓔꓯ ꓒꓳ, ꓔꓳ, ꓢꓴ ꓥ ꓡꓳ= ꓮ ꓟꓶ ꓠꓬ ꓙꓵ: ꓪ ꓕꓱ ꓟ ꓡꓳ: ꓟꓲ: ꓑ ꓫꓬ: ꓐꓴ ꓮ ꓙꓵ: ꓡꓰ 2008 ꓘꓳ; ꓙꓵ: ꓗ ꓗꓪ ꓙꓳ ꓟ ꓡꓰ ꓐꓰ Un United Nations ꓜꓴ ꓔꓯ ꓡꓯ; ꓙꓱ ꓥꓳ ꓐꓰ ꓐꓯ ꓔ ꓡꓳ=
![](https://lisutimes.com/wp-content/uploads/2021/02/Un-logo-1-1024x1024.jpg)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်
အမိန့်အမှတ် (၁/၂၀၂၁)
၁၃၈၂ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်)
၁။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ် မှူးကြီးများနှင့် ဗိုလ်မှူးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၉အရ အာဏာရယူ သုံးစွဲ့နိုင်ရန် နိုင်ငံတော်ကို သစ္စာဖောက်ပုန်ကန်ခဲ့ပါသည်။ ၎င်ပုန်ကန်မှုတွင် တပ်မတော်မှ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောက်စီဝင်များပါ ပါဝင် ပါသည်။
၂။ ၎င်နိုင်ငံတော်ကို သစ္စာဖောက် အဖွဲ့သည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား ရရှိရန် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံအရပ်ရပ်တွင် တာဝန်ထမ်းဆောင်နေသူများအား ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။
၃။ ၎င်နိုင်ငံတော်ကို သစ္စာဖောက် အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၇၃ (က) အရ တစ်စုံတစ်ခုသော အကြောင်းကြောင့် နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်စေရန်ကြံစည်ခဲ့ပါသည်ꓲ။ ထိုသို့ လစ်လပ်စေခြင်းကြောင့် မဲအများ ဆုံးရရှိခဲ့သည့် ဒုတိယသမ္မတသည် ယာယီသမ္မတဖြစ်လာသည်။
၄။ ယာယီသမ္မတဦးမြင့်ဆွေသည် ယာယီသမ္မတ၏ တာဝန်ပျက်ကွက်ခြင်းနှင့်ယာယီသမ္မတ၏ လုပ်ပိုင်ခွင့်များအား ကျော် လွန်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်စေရန် ဖိအားပေးခံခဲ့ ရပါသည်။
၅။ ၎င်နိုင်ငံတော်ကို သစ္စာဖောက် အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ အောက်ပါအတိုင်း မဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့သည်။
ပုဒ်မ ၇၃ (ခ)အရ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ အကြောင်းကြားရန်ပျက်ကွက်ချင်း
ပုဒ်မ ၇၃ (ဂ) အရသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦး ရွှေးကောက် တင်မြှောက်ပေးရေး အတွက် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးကိုဆောင်ရွက် မရအောင်ပြုလုပ်ခြင်း
ပုဒ်မ ၇၃ (ဃ) အရ နိုင်ငံတော်သမ္မတရွှေးချယ်တင်မြှောက်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင် သည့် သမ္မတရွေးကောက်တင်မြှောက်ရေးအဖွဲ့အားဆောင်ရွက်မရအောင်လုပ်ခြင်း
ပုဒ်မ ၇၃ (င) အရအစည်းအဝေးကျင်းပချိန် မဟုတ်လျှင် လွှတ်တော်အကြီးအမှူးသည် ယာယီသမ္မတထံမှ အကြောင်း ကြားစာရရှိသည့်နေ့မှစ၍ ၂၁ရက်အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူပြီး လစ်လပ်သော နိုင်ငံတော် သမ္မတရွေးချယ်တင်မြှောက်နိုင်ရေးအတွက် မဆောင်ရွက်နိုင်အောင်ပြုလုပ်ခြင်း
ပုဒ်မ ၄၁၇ အရနိုင်ငံတော်သမ္မတသာအမိန့်ထုတ်နိုင်သည့် တစ်နှစ်အရေးပေါ်အခြေအနေကြေညာခြင်းအား ယာယီသမ္မတမှကြေညာခြင်း
ပုဒ်မ ၄၁၈ (က) နိုင်ငံတော်သမ္မတသာလွှဲအပ်နိုင်သည့် အာဏာသုံးရပ်အား ယာယီသမ္မတမှ ကာကွယ်ရေးဦးစီးချုပ် အားလွှဲအပ်ခြင်း
၆။ နိုင်ငံတော်သမ္မတကြီးအား သမ္မတတာဝန် မထမ်းဆောင်နိုင်အောင် မည်သို့ပင်လုပ်ကြံစေကာမူ၊ ပြန်ပေးဆွဲစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပုဒ်မ ၇၃ (က)အရ ဒုတိယသမ္မတသည် ယာယီသမ္မတ တာဝန်းထမ်းဆောင် ရမည်ဆိုသော်လည်း ပုဒ်မ ၇၃ (ခ) အရ ပြည်ထောင်စု လွှတ်တော်အကြီးအမှူးထံ အကြောင်းကြာရန် တာဝန်တစ်ခုသာ ရှိပါ သည်။ အခြားမည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ နိုင်ငံတော်သမ္မတ၏လုပ်ပိုင်ခွင့်အာဏာများကို ရယူသုံးစွဲ ပိုင်ခွင့်မရှိပါ။ ပုဒ်မ ၆၁ (ခ) အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတတွင် အာဏာရှိသည်။
၇။ ပုဒ်မ ၇၃ (ခ) (ဂ) (ဃ) (င) အရနိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်နိုင်ခြင်းမရှိသေးပါ။ ၎င်နိုင်ငံတော်ကို သစ္စာဖောက် အဖွဲ့မှ နိုင်ငံတော်သမ္မတကြီးအား သမ္မတတာဝန် မထမ်းဆောင်နိုင်အောင် လုပ်ကြံ၊ ပြန်ပေးဆွဲထားပါသည်။
၈။ ကာကွယ်ရေးဦးစီးချုပ်နှင့် အပေါင်းအပါများသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို နိုင်ငံတော်သမ္မတအား ဖမ်းဆီး၍ နိုင်ငံတော်သမ္မတသာအမိန့်ထုတ်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပုဒ်မ ၄၀၊ ၄၁၇၊ ၄၁၈၊ ၄၁၉ တို့အား အသုံးချ၍ အဓမ္မနည်းဖြင့်ရယူခဲ့ပါသည်။
၉။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည် တပ်မတော်အကြီးအကဲများမှ နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်အာဏာသိမ်း မှုမှ ကာကွယ်ရန် တိကျစွာပြဋ္ဌာန်းထားခြင်းမရှိသောကြောင့် ပြည်သူလူထုများစွာ ဆင်းရဲဒုက္ခရောက်ရပါသဖြင့် ပြည်သူ့လူထု၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၁ ခုနှစ်) အား ရေးဆွဲပြဋ္ဌာန်းရန်မှာ ပြည်သူအားလုံး၏တာဝန်ဖြစ်ပါသည်။ ပြည်သူ့အစိုးရပြန်လည်ဖွဲ့စည်းရန်နှင့် တပ်မတော် အားပြန်လည်ဖွဲ့စည်းရန်မှာ နိုင်ငံအားတိုင်း၏ တာဝန်ဖြစ်ပါသည်။
၁၀။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။
၁၁။ နိုင်ငံတော်၏အချုပ်အခြာအာဏာပိုင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံခေါင်းဆောင်များဖမ်းဆီးခံထားရပါဖြင့် နိုင်ငံတစ်ဝန်း လုံး၌ တည်သော နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံ ပြန်လည်ဆင်းသက်ပါသော ကြောင့် ပြည်သူလူထူ၏ သဘောဆန္ဒသည်သာ အမိန့်ဖြစ်သည်။
၁၂။ ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန်လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၀အရ တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၄ခုအား အရေးပေါ်အခြေအနေကြေညာလိုက်သည်။ တပ်မတော်မှ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောက်စီဝင်များမှ နိုင်ငံသစ္စာဖောက်များသာကျန်သဖြင့် ညှိနှိုင်းရန်မလိုအပ်ပါ။
၁၃။ မြန့်မာ့စစ်ခေါင်းဆောင်များအားဖမ်းဆီးပေးနိုင်ရန်နှင့် နိုင်ငံခေါင်းဆောင်များအား ကယ်တင်ပေးနိုင်ရန် သန်း၅၀ကျော် သောမြန်မာနိုင်ငံသားတိုင်းမှ နိုင်ငံတော်သမ္မတကြီးကိုယ်စား နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက်ဥပဒေပြုရေးအာဏာအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပုဒ်မ ၄၁၁ ပုဒ်မခွဲ(က) နှင့် (ခ) အရ ကမ္ဘာ ကုလသမဂ္ဂ (United Nations) ထံသို့လွှဲအပ်တာဝန်ပေးလိုက်သည်။
(ပုံ) ဝင်မြင့်
နိုင်ငံတော်သမ္မတ
(ကိုယ်စား မြန်မာပြည်သူသန်း၅၀ကျော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်