ꓬꓲ. ꓢꓯ; ꓟ: ꓟꓶ_ꓟ ꓞꓳ ꓤ ꓢꓰ; ꓓꓴ=

ꓧꓶ. ꓕꓯ ꓟ ꓦꓬ; ꓠꓬꓲ ꓗꓪ ꓣꓳ ꓟꓵ: ꓣꓳ ꓡꓳ ꓖ-ꓟꓶ-ꓓꓰ ꓟꓵ: ꓠꓬ ꓮ ꓘꓶ. ꓢꓲ ꓡꓲ ꓐꓰ ꓔꓬ ꓗ ꓛꓲ ꓟ ꓟꓵ: ꓥ ꓡꓳ= ꓮ ꓡꓰ ꓕꓲ: ꓘ, ꓮ ꓡꓰ ꓕꓲ: ꓦꓲ ꓗꓪ ꓟꓲ ꓢꓳ ꓕꓴ: (ꓢꓳ; ꓢꓶ:) ꓢꓳ ꓟ ꓛꓵ= ꓜ ꓗ, ꓦꓲ ꓗꓪ ꓟ ꓢꓳ ꓟ: ꓛꓵ= ꓦꓲ ꓘꓴ ꓡ ꓞꓳ ꓕꓲ ꓦꓲ ꓡꓱ.; ꓪ ꓘꓴ ꓦꓲ ꓗꓪ ꓙꓰ ꓟꓲ ꓗ. ꓠꓯ. ꓢꓲ ꓦꓲ ꓘꓴ ꓗꓪ ꓠꓲ, ꓥꓳ ꓙ: ꓫ ꓓꓴ ꓟ: ꓙꓳ= ꓮ ꓫꓵ: ꓑꓶ. ꓓꓴ ꓥ? ꓞꓳ ꓘꓴ: ꓟ: ꓙꓳ ꓾ ꓘꓴ ꓢꓴ ꓟ: ꓔꓬ ꓟ ꓑꓶ. ꓓꓴ ꓥ ꓡꓳ=

ꓠꓬꓲ. ꓠꓬꓲ ꓟ ꓦꓬ; ꓠꓬꓲ ꓗꓪ ꓛꓲ ꓡ ꓕꓯ ꓣꓳ ꓟꓵ: ꓣꓳ ꓡꓳ ꓗꓪ ꓢꓳ ꓕꓴ: ꓢꓳ ꓟ ꓛꓵ ꓟ ꓘ,꓾ ꓦꓲ ꓘꓴ ꓕꓲ: ꓟ ꓟꓲ ꓟ: ꓙꓳ= ꓮ ꓫꓵ: ꓑꓶ ꓓꓴ ꓥ? ꓬ, ꓒꓲ. ꓛꓵ; ꓢꓴ꓾ ꓗ. ꓢꓴ꓾ ꓪꓴ: ꓢꓴ꓾ ꓪꓴ.. ꓢꓴ꓾ ꓟꓬ: ꓡ ꓟ ꓑꓶ ꓓꓴ ꓥꓳ= ꓞꓳ ꓑ ꓤ; ꓐꓴ 13,14 ꓘꓳ; ꓗꓪ ꓐꓰ ꓞꓳ ꓟꓳ: ꓗꓪ ꓛꓲ ꓟꓬ: ꓐꓱ ꓠꓬ ꓬ, ꓒꓲ. ꓣꓱ: ꓔꓬ ꓡꓳ= ꓑꓴ-ꓔ-ꓴ ꓟꓵ: ꓗꓪ ꓮ ꓘꓶ. ꓟꓬ: ꓟ ꓞꓳ ꓫꓵ: ꓟꓲ ꓣꓳ ꓡꓲ-ꓢꓴ ꓥꓳ= ꓬ, ꓒꓲ, ꓮ ꓘꓶ. ꓣꓱ: ꓟ ꓟꓲ ꓣꓳ ꓡꓲ-ꓢꓴ ꓫꓵ: ꓥꓳ= ꓞꓳ ꓘ, ꓕꓲ: ꓘ, ꓗꓪ ꓡꓳ. ꓠꓬꓲ ꓕꓯ꓾ ꓦꓲ ꓘꓴ ꓥꓪ: ꓞꓲ ꓦꓲ ꓟ ꓞꓲ ꓙꓳ ꓡꓳ= ꓕꓲ: ꓦꓲ ꓘꓴ ꓡꓰ ꓕꓲ ꓦꓲ ꓘꓴ ꓗꓪ ꓬ, ꓒꓲ. ꓟ: ꓣꓱ: ꓔꓬ ꓟ ꓞꓳ ꓑ. ꓤ; ꓟ ꓙꓳ ꓐꓷ= ꓖꓳ ꓟ ꓡꓰ ꓟ ꓞꓲ ꓕꓲ: ꓖ ꓕꓲ ꓦꓲ ꓠꓬ ꓮ- ꓐ ꓐꓰ ꓮ ꓐꓲ ꓐꓴ ꓮ ꓙꓵ: ꓣꓱ: ꓔꓬ ꓟ ꓔꓯ ꓟꓲ ꓟꓳ ꓪ ꓡꓳ= ꓠꓲ, ꓟ ꓮ ꓘꓶ. ꓫ ꓓꓴ ꓥꓳ= ꓮ ꓟꓶ ꓪ ꓜꓲ ꓠꓬ ꓬ, ꓒꓲ. ꓔꓯ ꓕꓲ: ꓔꓴ ꓒꓵ:꓾ ꓥꓪ: ꓦ ꓒꓵ:꓾ ꓠꓬꓲ: ꓦ ꓒꓵ: ꓐꓰ ꓪꓴ ꓣꓱ: ꓓ ꓡꓳ ꓐꓰ ꓐꓯ ꓔꓬ ꓡꓳ= ꓖꓳ ꓡꓱ ꓠꓬ ꓤ ꓠꓱ ꓗꓪ ꓐꓰ ꓞꓳ ꓟꓳ: ꓗꓪ ꓛꓲ ꓣꓱ: ꓐ ꓡ ꓟ ꓬꓲ. ꓒꓵ: ꓡꓰ ꓪꓴ: ꓖꓶ: ꓢꓲ ꓮ ꓙꓵ: ꓢꓴ ꓔꓯ ꓣꓱ: ꓔꓬ ꓝꓲ ꓡꓳ= ꓖꓳ ꓡꓱ ꓐꓰ ꓬꓲ. ꓒꓵ: ꓕꓯ: ꓕꓯ, (ꓠꓵ: ꓠꓵ, ) ꓐꓰ ꓟꓶ ꓓ ꓟ ꓑꓶ ꓓꓴ ꓤ ꓠꓱ ꓾ ꓞꓳ ꓡꓯ. ꓐꓴ ꓮ ꓟꓬ: ꓣꓱ: ꓡ ꓢꓲ ꓫꓵ., ꓢꓴ ꓟꓲ ꓮ ꓟꓬ, ꓙꓳ ꓡꓳ= ꓟ: ꓫꓵ ꓢꓴ ꓟꓲ ꓧꓲꓦ ꓐꓰ ꓔꓐ꓾ ꓝꓮꓲ ꓠꓱ. ꓐꓯ; ꓠ ꓫꓵ: ꓮ ꓟꓬ ꓠ ꓚꓵ. ꓡꓰ ꓖꓴꓳ=

ꓕꓲ: ꓐꓱ ꓠꓬ ꓬ, ꓒꓲ. ꓕꓲ: ꓧꓪ ꓣꓱ: ꓓꓴ ꓟꓶ ꓠ, ꓟ ꓘꓴ: ꓠ ꓗꓷ ꓡꓰꓳ= ꓕꓲ: ꓐꓱ ꓠꓬ ꓬ, ꓒꓲ.ꓪꓴ: ꓢꓴ ꓦꓲ ꓗꓪ ꓟꓬꓱ: ꓬꓰ ꓢꓲ ꓚꓳ.. ꓑ. ꓬꓰ ꓔꓬ ꓡꓳ= ꓬꓲ. ꓪ: ꓦꓲ ꓢꓲ ꓟ ꓐꓴ ꓠꓬ ꓟꓶ: ꓛꓵ: ꓟ ꓕꓲ: ꓡꓰ, ꓥꓳ= ꓬꓲ. ꓪ: ꓮ ꓐꓲ ꓮ ꓟꓲ: ꓐꓴ ꓠꓬ ꓤ: ꓛꓵ: ꓡꓰ ꓐꓰ ꓦꓬ; ꓠꓬꓲ ꓗꓳ. ꓔꓬ ꓠ ꓗꓷ ꓡꓰꓳ= ꓬꓲ. ꓪ ꓮ ꓐ ꓮ ꓟ ꓐꓴ ꓠꓲ, ꓟ ꓫ ꓠꓬꓲ ꓥꓴ ꓔꓬ ꓡꓳ= ꓕꓱ ꓡꓰ ꓐꓰ ꓙꓰ ꓔꓬ ꓥꓳ ꓐꓯ ꓠꓬ ꓾ ꓡ ꓠ, ꓟ 20 ꓘꓳ; ꓛꓲ ꓕꓯ ꓣꓳ ꓟꓵ: ꓗꓪ ꓡꓲ-ꓢꓴ ꓫꓵ: ꓮ ꓘꓶ. ꓠꓲ. ꓡꓰ ꓐ ꓡ-ꓡꓳ= ꓝꓮꓲ ꓡꓲ-ꓢꓴ ꓟ ꓐꓴ ꓟꓲ ꓠꓱ.ꓐꓯ; ꓞꓳ ꓫꓵ: ꓐꓴ ꓔꓯ ꓦꓲ ꓕꓴ: ꓙꓰ ꓠ ꓗꓷ ꓡꓰ ꓥꓳ ꓐꓰ ꓡꓳ ꓟꓳ ꓡꓳ= ꓬꓲ. ꓟꓶ: ꓗꓪ ꓠꓬ ꓕꓱ ꓡꓱ ꓡꓳ. ꓓꓳ ꓡ- ꓡꓳ= ꓬ, ꓒꓲ. ꓕꓱ ꓟ ꓠꓬ ꓬꓲ. ꓢꓯ; ꓟ: ꓟꓶ ꓟ ꓞꓳ ꓤ ꓢꓰ; ꓓꓴ ꓕꓲ: ꓫꓵ: ꓥꓳ= ꓣꓳ ꓫꓵ: ꓔꓯ ꓛꓴ ꓞꓰ, ꓡꓰ ꓝꓲ ꓐ ꓡ- ꓡꓳ=

ꓖꓳ ꓡꓱ ꓠꓬ ꓕꓱ ꓟ ꓔꓯ. ꓗ ꓠ, ꓟ ꓮ ꓟ ꓶ ꓙꓳ ꓡꓳ ꓐꓰ ꓓꓵ: ꓙ ꓡꓳ= ꓢ- ꓓꓯ; ꓜ ꓫꓵ. ꓥꓳ ꓐꓰ ꓐꓯ ꓢꓲ ꓢ-ꓓꓯ; ꓔꓯ ꓡꓰ ꓝꓴꓲ. ꓓꓰ ꓠ ꓗ ꓡ? ꓗꓴꓷ; ꓙꓵ: ꓢꓴ ꓔꓯ ꓝꓴꓲ. ꓓꓰ ꓠ ꓗ, ꓡ? ꓡꓲ-ꓢꓴ ꓫꓵ: ꓢꓲ: ꓒ: ꓟ ꓐꓴ ꓔꓯ ꓥ ꓡ? ꓘ, ꓞꓳ ꓪꓴ: ꓐꓴ ꓔꓯ ꓥ ꓡ? ꓣꓱ: ꓔꓬ ꓪꓴ: ꓔꓬ ꓢꓴ ꓐꓴ ꓔꓯ ꓥ ꓡ?

ꓣꓳ ꓟꓵ: ꓣꓳ ꓡꓳ꓾ ꓣꓳ ꓫꓵ: ꓐꓱ ꓶ ꓠꓴ ꓓꓵ: ꓙ ꓟ ꓚꓴ ꓬꓲ, ꓐꓰ ꓢꓷ. ꓖꓶ ꓓꓴ ꓐꓳ ꓖꓶ: ꓢꓲ ꓢꓯ; ꓖꓶ ꓡꓯ=

Unicode

တစ်ချိန်တုန်းက ကျွန်တော်တို့ ပူတာအိုဒေသဟာ အလွန်ငြိမ်းချမ်းပြီး နေချင်စဖွယ် ကောင်းခဲ့ပါတယ်။ ရွာတိုင်း ရွာတိုင်း အိမ်တိုင်းအိမ်တိုင်းမှာ သော့ခပ်တဲ့ အိမ်ခပ်ရှားရှားပါ တစ်နှစ်စာစားဖို့ သိုလှောင်ထားတဲ့ စပါးကျီ တွေတောင်သော့မခပ်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ ရွာတွေမှာ သူခိုးမရှိခဲ့ဘူး ခိုးလည်းမခိုးရဲကြဘူး။ အဲဒီချိန်တုန်းက သင်ဟာ ပူတာအိုဒေသမှာ ခရီးသွားနေရင်း အရာဝတ္တုတစ်ခုခု ကျပျောက်ခဲ့ရင်လည်း သင့်ကျပျောက်ခဲ့တဲ့ သင့်ပစ္စည်းကို ပြန်တွေ့ရလိမ့်မယ်။ သေဒခံတွေက သင့်ပစ္စည်းကို သေချာထုတ်ပိုးပြီး လူမြင်သာတဲ့ နေရာမှာ ထားထား ပေးပါလိမ့်မယ်။

ဒီနေ့ဒီချိန်မှာတော့ ရွာတိုင်း အိမ်တိုင်းမှာ သော့မခပ်တဲ့အိမ် မရှိတော့ပါ။ လမ်းမှာကျပျောက်ခဲ့တဲ့ ပစ္စည်းလည်း တစ်မိနစ်လာက်အကြာပြန်သွားရှာလျှင်တွေ့ရတော့မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် မူးယစ်ဆေး သမားများလာလို့ ဖြစ်ပါတယ်။ ရွာတိုင်းရွာတိုင်းမှာ ဆေးထိုးတဲ့သူ၊ ရူတဲ့သူ၊ ရောင်းတဲ့သူ၊ ဝယ်တဲ့သူ အရမ်းပေါလာနေပါတယ်။ အမျိုးသား အများစု အသက် ၁၃ ၁၄ ကနေ သက်ကြီးပိုင်းအထိ မူးယစ်ဆေးဝါးကို သုံးစွဲနေကြပါတယ်။ စာရေးသူကိုယ်တိုင် အိမ်ခြေငါးဆယ် ခန့်ရှိတဲ့ ရွာတစ်ရွာ ရောက်ခဲ့ပါတယ် ဆေးသမားမရှိတဲ့ အိမ်ထောင် မရှိသလောက်ပါဘဲ။ တစ်ချို့မိသားစုတွေမှာ အဖေနဲ့ သားများ အားလုံး သုံးစွဲနေကြပါတယ်။ ဒီနောက်ပိုင်းပိုဆိုးတာက တစ်ထောင်ဖိုး ငါးရာဖိုး နှစ်ရာဖိုး စတဲ့ ကလေးမုန့်ဖိုး လောက်နဲ့ ဝယ်ယူ သုံးစွဲလို့ရ လာတယ်လို့ သိရပါတယ် ။ ဒါကြောင့် ကလေး လူငယ် အားလုံးနီးပါ ဖောဖောသီသီ ဝယ်ယူပြီးသုံးစွဲနေကြတာပါ။ တစ်ချို့ လူငယ်တွေဟာ ဆေးသုံးရင် အသက်ဆုံးရှုံးသွားခဲ့ပြီး တစ်ချို့က HIV ၊ TB၊ B ပိုး Cပိုး အစရှိတဲ့ ကူးစက်ရောဂါတွေ ကူးစက်ခံနေကြပါတယ်။ တစ်ချို့အိမ်ထောင်သည်အမျိုးသားတွေ ဆေးထိုးရင် HIV ကူးခံရတယ် အမျိုးသားကတစ်ဆင့် အမျိုးသမီးဆီ ပြန်ကူးစက် အမျိုးသမီးကနေ သားသမီးတွေ ပြန်ကူးစက်ပြီး တစ်မိသားစုလုံး ရောဂါသည် ဖြစ်နေတဲ့ မိသားစုတွေ အများကြီးပါ။

ပူတာအို ဒေသမှာ လူဦးရေအရ လီဆူလူမျိုး အများဆုံးဖြစ်ပါတယ် ထို့နည်းတူ မူးယစ်ဆေးသူံးစွဲသူအများ ဆုံးကလည်း လီဆူတွေ ဖြစ်နေပြန်ပါတယ်။ နေ့တိုင်း မြင်တွေ့နေရတဲ့ မြင်ကွင်း ကြားနေရတဲ့ သတင်းက စိတ်မချမ်းမြေ့စရာပါ။
ဒီအခြေအနေတိုင်း အနှစ် နှစ်ဆယ်လောက် ဆက်သွားနေရင် ပူတာအိုဒေသမှာ လီဆူ လူမျိုးဦးရေ နည်းပါးသွားလိမ့်မယ်။ ဆင်းရဲသားအများစုက လီဆူ လူမျိုးတွေ ဖြစ်လိမ့်မယ်လို့ မြင်သာနေပါတယ်။

ဒီပြသာနာကို ဖြေရှင်းဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ၊ လက်ရှိတာဝန်ယူနေတဲ့အစိုးရအဖွဲရော ဒီပြသာကိုဖြေရှင်းဖို့ နည်းလမ်းရှိပါသလား၊ လီဆူ လူကြီးများ တာဝန်ရှိသူများ ဒီပြသာနာ ကိုဖြေရှင်းဖို့ ဘယ်လိုစီစဥ်ကြမလဲ၊ သင်ကိုယ် တိုင်ရော ဘယ်လိုမြင်ပါသလဲ? သင့်ရဲ့ အကြံပြု ခွန်အားပေးတဲ့ စကားကို ကြိုဆိုပါတယ်။

Zawgyi

တစ္ခ်ိန္တုန္းက ကြၽန္ေတာ္တို႔ ပူတာအိုေဒသဟာ အလြန္ၿငိမ္းခ်မ္းၿပီး ေနခ်င္စဖြယ္ ေကာင္းခဲ့ပါတယ္။ ႐ြာတိုင္း ႐ြာတိုင္း အိမ္တိုင္းအိမ္တိုင္းမွာ ေသာ့ခပ္တဲ့ အိမ္ခပ္ရွားရွားပါ တစ္ႏွစ္စာစားဖို႔ သိုေလွာင္ထားတဲ့ စပါးက်ီ ေတြေတာင္ေသာ့မခပ္ခဲ့ၾကဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ႐ြာေတြမွာ သူခိုးမရွိခဲ့ဘူး ခိုးလည္းမခိုးရဲၾကဘူး။ အဲဒီခ်ိန္တုန္းက သင္ဟာ ပူတာအိုေဒသမွာ ခရီးသြားေနရင္း အရာဝတၱဳတစ္ခုခု က်ေပ်ာက္ခဲ့ရင္လည္း သင့္က်ေပ်ာက္ခဲ့တဲ့ သင့္ပစၥည္းကို ျပန္ေတြ႕ရလိမ့္မယ္။ ေသဒခံေတြက သင့္ပစၥည္းကို ေသခ်ာထုတ္ပိုးၿပီး လူျမင္သာတဲ့ ေနရာမွာ ထားထား ေပးပါလိမ့္မယ္။

ဒီေန႔ဒီခ်ိန္မွာေတာ့ ႐ြာတိုင္း အိမ္တိုင္းမွာ ေသာ့မခပ္တဲ့အိမ္ မရွိေတာ့ပါ။ လမ္းမွာက်ေပ်ာက္ခဲ့တဲ့ ပစၥည္းလည္း တစ္မိနစ္လာက္အၾကာျပန္သြားရွာလွ်င္ေတြ႕ရေတာ့မည္ မဟုတ္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ မူးယစ္ေဆး သမားမ်ားလာလို႔ ျဖစ္ပါတယ္။ ႐ြာတိုင္း႐ြာတိုင္းမွာ ေဆးထိုးတဲ့သူ၊ ႐ူတဲ့သူ၊ ေရာင္းတဲ့သူ၊ ဝယ္တဲ့သူ အရမ္းေပါလာေနပါတယ္။ အမ်ိဳးသား အမ်ားစု အသက္ ၁၃ ၁၄ ကေန သက္ႀကီးပိုင္းအထိ မူးယစ္ေဆးဝါးကို သုံးစြဲေနၾကပါတယ္။ စာေရးသူကိုယ္တိုင္ အိမ္ေျခငါးဆယ္ ခန႔္ရွိတဲ့ ႐ြာတစ္႐ြာ ေရာက္ခဲ့ပါတယ္ ေဆးသမားမရွိတဲ့ အိမ္ေထာင္ မရွိသေလာက္ပါဘဲ။ တစ္ခ်ိဳ႕မိသားစုေတြမွာ အေဖနဲ႔ သားမ်ား အားလုံး သုံးစြဲေနၾကပါတယ္။ ဒီေနာက္ပိုင္းပိုဆိုးတာက တစ္ေထာင္ဖိုး ငါးရာဖိုး ႏွစ္ရာဖိုး စတဲ့ ကေလးမုန႔္ဖိုး ေလာက္နဲ႔ ဝယ္ယူ သုံးစြဲလို႔ရ လာတယ္လို႔ သိရပါတယ္ ။ ဒါေၾကာင့္ ကေလး လူငယ္ အားလုံးနီးပါ ေဖာေဖာသီသီ ဝယ္ယူၿပီးသုံးစြဲေနၾကတာပါ။ တစ္ခ်ိဳ႕ လူငယ္ေတြဟာ ေဆးသုံးရင္ အသက္ဆုံးရႈံးသြားခဲ့ၿပီး တစ္ခ်ိဳ႕က HIV ၊ TB၊ B ပိုး Cပိုး အစရွိတဲ့ ကူးစက္ေရာဂါေတြ ကူးစက္ခံေနၾကပါတယ္။ တစ္ခ်ိဳ႕အိမ္ေထာင္သည္အမ်ိဳးသားေတြ ေဆးထိုးရင္ HIV ကူးခံရတယ္ အမ်ိဳးသားကတစ္ဆင့္ အမ်ိဳးသမီးဆီ ျပန္ကူးစက္ အမ်ိဳးသမီးကေန သားသမီးေတြ ျပန္ကူးစက္ၿပီး တစ္မိသားစုလုံး ေရာဂါသည္ ျဖစ္ေနတဲ့ မိသားစုေတြ အမ်ားႀကီးပါ။

ပူတာအို ေဒသမွာ လူဦးေရအရ လီဆူလူမ်ိဳး အမ်ားဆုံးျဖစ္ပါတယ္ ထို႔နည္းတူ မူးယစ္ေဆးသူံးစြဲသူအမ်ား ဆုံးကလည္း လီဆူေတြ ျဖစ္ေနျပန္ပါတယ္။ ေန႔တိုင္း ျမင္ေတြ႕ေနရတဲ့ ျမင္ကြင္း ၾကားေနရတဲ့ သတင္းက စိတ္မခ်မ္းေျမ့စရာပါ။
ဒီအေျခအေနတိုင္း အႏွစ္ ႏွစ္ဆယ္ေလာက္ ဆက္သြားေနရင္ ပူတာအိုေဒသမွာ လီဆူ လူမ်ိဳးဦးေရ နည္းပါးသြားလိမ့္မယ္။ ဆင္းရဲသားအမ်ားစုက လီဆူ လူမ်ိဳးေတြ ျဖစ္လိမ့္မယ္လို႔ ျမင္သာေနပါတယ္။

ဒီျပသာနာကို ေျဖရွင္းဖို႔ ဘယ္သူ႔မွာတာဝန္ရွိသလဲ၊ လက္ရွိတာဝန္ယူေနတဲ့အစိုးရအဖြဲေရာ ဒီျပသာကိုေျဖရွင္းဖို႔ နည္းလမ္းရွိပါသလား၊ လီဆူ လူႀကီးမ်ား တာဝန္ရွိသူမ်ား ဒီျပသာနာ ကိုေျဖရွင္းဖို႔ ဘယ္လိုစီစဥ္ၾကမလဲ၊ သင္ကိုယ္ တိုင္ေရာ ဘယ္လိုျမင္ပါသလဲ? သင့္ရဲ႕ အႀကံျပဳ ခြန္အားေပးတဲ့ စကားကို ႀကိဳဆိုပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *