ꓠꓬꓲ. ꓠꓬꓲ ꓗꓪ ꓛꓲ ꓫꓵ ꓢꓴ 31 RO ꓟ: ꓠꓲ. ꓙꓳ ꓡꓳ= Feb 28 ရက်နေ့အ ထိ ၃၁ ဦးထက်မနည်း သေဆုံး

News: In one day, 23 people were killed and more than 1,000 injured by police and military forces in Burma.

ꓠꓬꓲ. ꓠꓬꓲ. ꓕꓲ: ꓠꓬꓲ: ꓝeb 28 ꓬꓲ. ꓘꓴ ꓗꓪ ꓫꓵ ꓢꓴ 23 ꓑ ꓫꓬ: ꓐꓴ ꓔꓯ ꓟꓯ; ꓐꓴ ꓡꓰ ꓐꓶ꓾ ꓘꓶ ꓙꓲ ꓟ ꓑꓶ. ꓓꓴ ꓡꓳ: ꓟꓲ: ꓗꓴꓷ; ꓑ ꓫꓬ: ꓐꓴ ꓫꓵ ꓢꓴ ꓠꓬꓲ. ꓠꓬꓲ ꓕꓲ: ꓠꓬꓲ ꓬꓲ. ꓘꓴ: ꓗꓪ ꓡꓰ 31 ꓣꓳ ꓠꓯ.; ꓘꓪ ꓟ: ꓠꓲ. ꓡꓰ ꓐꓰ ꓢꓷ. ꓪ ꓡꓳ= ꓝeb 1 ꓠꓬꓲ ꓗꓪ ꓐꓰ 25 ꓠꓬꓲ ꓗꓪ ꓛꓲ ꓠꓬ ꓡꓳ: ꓟꓲ: ꓟꓯ; ꓐꓰ ꓑ ꓫꓬ: ꓟꓯ; Police ꓐꓴ ꓑꓶ. ꓓꓴ ꓫꓵ ꓢꓴ 8 ꓣꓳ ꓙꓳ ꓟ ꓥ ꓢꓲ ꓠꓬꓲ. ꓠꓬꓲ 28 ꓗꓪ ꓛꓲ ꓠꓬ 31 ꓣꓳ ꓠꓯ.; ꓘꓪ ꓟ: ꓠꓲ. ꓙꓳ ꓡꓳ ꓐꓰ ꓢꓷ. ꓪ ꓡꓳ=

ဒီနေ့ တစ်ရက် အတွင်း မြန်မာ နိုင်ငံ တွက် ရဲတပ်ဖွဲ့ နှင့် စစ်တပ် လက်ချက်ကြောင့် သေဆုံး သူ ၂၃ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ရရှိသူ ၁၀၀၀ ကျော်ရှိပါသည်။

ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ကောင်စီက ဒီကနေ့လုပ်ဆောင်ခဲ့တဲ့ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုကြောင့် သေဆုံးရတဲ့ အပြစ်မဲ့ပြည်သူ ၂၃ ဦး (ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီအထိ) ရှိခဲ့တယ်လို့ သိရပါတယ်။ (မြိတ် ၇ ဦး၊ ထားဝယ် ၅ ဦး၊ ရန်ကုန် ၄ ဦး၊ ပဲခူး ၃ ဦး၊ ပခုက္ကူ ၁ ဦး၊ မန္တလေး ၂ ဦး၊ လားရှိုး ၁ ဦး ဖြစ်ပါတယ်) ကျန်တာတွေ ရှိနိုင်သလို၊ ဒီထက်မက သေဆုံးသူလည်း များနိုင်ပါတယ်။ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို အတည်အဖြစ် မှတ်ယူစေချင်ပါတယ်။

ဒီနေ့ သေဆုံးခဲ့ရတဲ့ ကိန်းဂဏန်းကို အရင်ရက်တွေက (ဖေဖော်ဝါရီ ၂၅ ရက်အထိ စာရင်းအရ) သေဆုံးရသူ ၈ ဦး (တချို့လည်း ၁၂ ဦးလို့ ဆိုပါတယ်) ပေါင်းရင် စစ်အာဏာသိမ်းကောင်စီရဲ့ ဖြိုခွင်းမှုတွေကြောင့် သေဆုံးရတဲ့ အပြစ်မဲ့ပြည်သူ ၃၁ ဦးထက်မနည်း ရှိခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ဒါဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှာ အင်အားသုံး ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူအရေအတွက်ထက် ပိုများခဲ့တာ ဖြစ်ပါတယ်။ ရွှေဝါရောင် အရေးအခင်းမှာ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့်သေဆုံးခဲ့သူ အနည်းဆုံး ၁၃ ဦးကနေ အများဆုံး ၃၁ ဦး အထိ ရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

Crd# Nay Htun Naing

Leave a Reply

Your email address will not be published. Required fields are marked *