ꓚꓓꓟ ꓬꓰ ꓟ ꓠꓬ ꓗꓴꓷ; ꓔꓯ ꓒꓳ, ꓔꓳ ꓟ ꓟ: ꓥ ꓐꓰ ꓚꓣꓑꓧ ꓜꓴ ꓡꓰ ꓐꓯ ꓡꓳ= တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား သစ္စာခံ၍ CDM လှုပ်ရှားမှု မဆောင်ရွက်သည့် ဝန်ထမ်းများ သာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း ကြေညာလိုက်သည်

(၁) အာဏာသိမ်းစစ်ကောင်စီက CDM လှုပ်ရှားမှုဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများကို အရေးယူ ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က)၊ နှင့် (ဆ) ပါ ပြဌာန်းချက်များအား လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ဆိုပြီး မတရားစွပ်စွဲ အပြစ်ပေးအရေးယူနေကြောင်း တွေ့ရှိရသည်။
(၂) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀။ ပုဒ်မခွဲ (က) အရ နိုင်ငံ့ဝန်ထမ်းများသည် “ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း” ဆိုသည်မှာ ပြည်သူက ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ စီမံ အုပ်ချုပ်သည့် နိုင်ငံတော်ကိုသာ ကျေးဇူးသစ္စာ စောင့်သိရိုသေရန်ဖြစ်သည်။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ အာဏာလုယူ စီမံအုပ်ချုပ်နေသည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရန် မလိုအပ်ပါ။
(၃) ပုဒ်မ ၁၀။ ပုဒ်မခွဲ (ဆ) အရ နိုင်ငံ့ဝန်ထမ်းများ “ ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဆိုရာတွင် CDM လှုပ်ရှားမှု ဆောင်ရွက်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန် ခြင်းသာ ဖြစ်ပြီး ပါတီအဖွဲ့အစည်းတစ်ခုခု၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ယင်းပြဌာန်းချက်နှင့်လည်း ငြိစွန်းမှုမရှိပါ။
(၄) သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့အစိုးရအား သစ္စာခံခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာ မရောက်ဘဲ၊ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား သစ္စာခံ၍ CDM လှုပ်ရှားမှု မဆောင်ရွက်သည့် ဝန်ထမ်းများ သာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း ကြေညာလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *