News: Nearly 500 people detained in Burma over anti-coup protests.
ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုအပြီး ပြီးခဲ့သည့် သောကြာနေ့က ဆန္ဒပြမှုများအပြီး မြန်မာစစ်တပ်က ဖမ်းဆီးမှုများထပ်မံပြုလုပ်ခဲ့ရာ လူပေါင်း ၅၀၀ နီးပါး ဖမ်းဆီးခံထားရကြောင်း Aljazerra သတင်းက ဖော်ပြထားပါတယ်။

အရပ်ဘက်နိုင်ငံရေးခေါင်းဆောင် ၄၉၅ ဦး၊ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို ယခုအချိန်အထိ ထိန်းသိမ်းထားခြင်း သို့မဟုတ် စွဲချက်တင်ခြင်းခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း တိုင်းပြည်အတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းများကို ခြေရာခံမှတ်တမ်းတင်ထားခဲ့ပါတယ်။


