အာဏာရှင် ဆန့်ကျင်ရေး နည်းလမ်း (၁၀) ချက်(10 ways to fight against dictatorship )

Article: 10 ways to fight against dictatorship.
စာဖတ်သူက အာဏာရှင်ကို ဆန့်ကျင်နေတဲ့သူ တစ်ယောက် ဖြစ်နေမယ်ဆိုရင် စာဖတ်သူအတွက် ကံကောင်းတဲ့နေ့တစ်နေ့ပဲလို့ မှတ်ချက်ပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူ မျက်စိရှေ့ရောက်နေတဲ့ အခုဆောင်းပါးကတော့ အာဏာရှင်ကို ဆန့်ကျင်ရေး နည်းလမ်း (၁၀) ချက် ဖြစ်နေလို့ပါပဲ။ ဖတ်ပြီး ယူသင့်တာကို ယူသုံးလိုက်ရုံပါပဲ။ ကဲ … စလိုက်ကြရအောင်ပါ။

(၁) အာဏာရှင်တွေကို ပြည်သူတွေက မကြောက်ဖို့လိုပါတယ်။
အာဏာရှင်တို့ရဲ့ အာဏာကို မတရားရယူပုံကတော့ သက်ဆိုင်ရာ ပြည်သူလူထုကို ကြောက်ရွံ့နေစေတဲ့နည်းလမ်းဟောင်းပဲ ဖြစ်ပါတယ်။ လူထုက မကြောက်တော့ ဘူးဆိုရင် အာဏာရှင်တွေ အသက်မဆက်နိုင်ဘူးဆိုတာပါပဲ။ ဒီအချက်ကိုသိထားရပါမယ်။ အာဏာရှင်တွေက တကယ်တော့ ကြောက်စရာကောင်းအောင် ဖြဲခြောက်၊ ဖိန့်ပြ၊ တကယ်လည်း ရက်စက်ပါတယ်။ ဒါပေမယ့် သူတို့ကို မကြောက်တဲ့သူတွေကိုကျတော့ သူတို့ အလွန်လန့်ပါတယ်။ ပရောဂမှန်ရင် တုန်ဆင်းလာမယ် ဆိုသလိုပဲ သူတို့ကို ပြည်သူတွေ လုံး၀ (လုံးဝ) မကြောက်ကြဘူးဆိုတာ သိသွားရရင် သူတို့တုန်ဆင်းလာကြမှာ အသေအချာပါပဲ။

(၂) အာဏာရှင်တွေနဲ့ရင်ဆိုင်ရာမှာ ပြည်သူတွေ ညီဖို့လိုပါတယ်။
အာဏာသိမ်းလို့ အကျိုးအမြတ်ရတဲ့ လူဦးရေးက မများပါဘူး။ ဒါကြောင့် ပြည်သူကသာ ညီနေရင် သူတို့တွေ ခွေလဲ၊ တုန်ဆင်းသွားမှာပါပဲ။ အာဏာရှင်ဘက်ရပ်တည်တဲ့ စစ်တပ်၊ ရဲတွေဆိုတာက ပြည်သူ့ဦးရေအင်အားနဲ့ဆိုရင် အချိုးအများကြီးကွာခြားကြပါတယ်။ ဒီတော့ ပြည်သူဘက်ကသာ ညီနေရင် ထောင်မဆံ့ဘူး၊ ရဲတွေမနိုင်ဘူး၊ စစ်တပ်လဲ ဘာမှလုပ်လို့မရဘူး (လုပ်ရင်လည်း လူသတ်တဲ့ စစ်တပ်ဆိုတာ ပေါ်လာမှာပဲ။ လူဆိုးရုပ်ကို ကမ္ဘာကြီးကတွေ့သွားမှာပဲ)။ ပြည်သူသာ မထောက်ခံဘူးဆိုရင် လှံတံလည်းခွေ၊ ဓားလဲကျိုးမှာပါပဲ။ (အဲ့ဒီထဲမှာလည်း အာဏာရှင်တွေ၊ မိုးကျရွှေကိုတွေကို မကြိုက်တဲ့ ပြည်သူ့ ဘက်တော်သား တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ ရှိနေပါသေးတယ်။) ရွာမှာ၊ ရပ်ကွက်မှာ ပြည်သူတွေက တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးကြရမယ်။ ညီညွှတ်နေရပါတယ်။ ညအချိန်မှာဆွဲတတ်တဲ့ အာဏာဘက်တော်သားတွေလာရင် တစ်ရပ်ကွက်လုံး ထွက်စုပြီး ရပ်တည်လိုက်ရင် … ပြီးပြီလေ။ ရဲသား ၁၀၀ ဆိုရင် အရပ်သား ထောင်ချီဝိုင်းလိုက်ရုံပါပဲ။ အချင်းချင်း ၀န်းရံလိုက်ရုံပဲ။ သူတို့မှာ မတရားတာကိုလည်း ခိုးကြောင်ခိုးဝှက်လုပ်နေရတယ်၊ လူအင်အားလည်း နည်းနေသေးတယ်ဆိုရင် အမောက်မထောင်နိုင်တော့ပါဘူး။ အမှန်တရားကို မရင်ဆိုင်ရဲလို့ ညအချိန် ခိုးကြောင်ခိုးဝှက် ဖမ်းဆီးတတ်ကြတဲ့ အာဏာရှင်စရိုက်ကို လူထုစုစည်းမှုအင်အားနဲ့ပဲ တိုက်လှန်ရမယ်။ တစ်ယောက်အတွက် တစ်ယောက်ရှိနေသင့်ပါတယ်။ သူ့အလှည့်မှာ ကိုယ်မရပ်ပေးရင်၊ ကိုယ့်အလှည့်မှာ ရပ်ပေးမယ့်သူ မရှိနိုင်တော့တာကို သတိပြုပြီး အာဏာရှင်တော်လှန်ရေးမှာ ပြည်သူတွေ ကျောချင်းကပ်ထားဖု့ိလိုပါတယ်။ ရဲစခန်းသွားရင် အကုန်သွားမယ်။ ထောင်မဆန့် အာင်လုပ်ကြရပါမယ်။ လူထုညီညွှတ်နေတာက ထိရောက်တဲ့ နည်းလမ်းပဲ။ အာဏာရင်းမြစ်ဖြစ်တဲ့ ပြည်သူတွေ ကိုယ်တိုင် အာဏာမအပ်ပါဘဲ ဘယ်သူမှ အတင်းလုယူလို့ မရပါဘူး။ အာဏာရှင်က အဓိကမဟုတ်ပါဘူး။ ပြည်သူကသာ အဓိက ဖြစ်ပါတယ်။

(၃) အာဏာရှင်တွေကို အသိအမှတ်မပြုရေး ဖြစ်ပါတယ်။
အာဏာရှင်တွေကို အစိုးရတစ်ရပ်အဖြစ်၊ အာဏာပိုင်အဖွဲ့အစည်းအဖြစ် လုံး၀ (လုံးဝ) အသိအမှတ် မပြုရေးပဲ ဖြစ်ပါတယ်။ သူတို့ကို လူရာသွင်းအရိုအသေပေးရရင် အလိုက်ကန်းဆိုး တက်လာတတ်ပါ တယ်။ ဘယ်သူမှန်းမသိတဲ့ အထက်အမိန့်တွေကို စောင့်သိရိုသေတာမျိုးကို လုံး၀ မလုပ်ဖို့ပဲ။ အထက်အမိန့်တို့၊ အထက်လူကြီးတို့ဆိုတာ ပြည်သူကို အကျိုးဆောင်တဲ့သူဖြစ်ရမယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့သူဖြစ်သင့်ကပါတယ်။ ခိုးကြောင်ခိုးဝှက် အထက်အမိန့်၊ အထက်လူကြီး ဆိုသူတွေကို လူရာသွင်းဆက်ဆံတာကိုရပ်ပြီး၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ကောင်းကျိုးကို ကိုယ်တိုင်ဖော်ဆောင်တတ်တဲ့ ပြည်သူဖြစ်လာရမယ်။ လူထုရွေးထားတဲ့ အစိုးရမဟုတ်ဘူးဆိုရင် … အထက်လူကြီးတို့ … အထက်အမိန့်တို့ဆိုတာမျိုးကို လုံး၀ အရေးမပြုဖို့ပဲ။

(၄) အာဏာရှင်တွေကို မပူးပေါင်းရေး ဖြစ်ပါတယ်။
အာဏာရှင်လုပ်သမျှ မပူးပေါင်းရေးဖြစ်ပါတယ်။ အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်ရေးပဲဖြစ်ပါတယ်။ လက်နက်ကိုင်ထားပြီး ဘယ်ပြည်သူမှ၊ ဘယ်ပညာရှင်ကိုမှ အတင်းခိုင်းလို့ မရဘူးဆိုတာကို ပြဖို့လိုပါတယ်။ အဲ့ဒီလို အာဏာဖီဆန်ရာမှာ ဖြစ်နေတဲ့ အခင်းအကျင်း အခြေအနေအကို အသုံးချတတ်ရပါမယ်။ ဥပမာ- ခုလိုအချိန်မျိုးမှာ အာဏာရှင်ကခိုင်းတာကို မလုပ်ချင်ဘူးဆိုရင် … “ဖျားချင်နေလို့၊ အနံ့မရလို့”ဆိုပြီး ကိုဗစ်ကို အကြောင်းပြ ရုံးမသွားပဲ နေလို့ရပါတယ်။ အနေအထားမျိုးစုံမှာ အာဏာရှင်ခိုင်းတာ အထ မမြောက်အောင် အကြမ်းမဖက် အာဏာဖီဆန်တတ်ဖို့လိုပါတယ်။

(၅) ပြည်သူပြည်သားတွေ လက်နက်ကိုင်ထားရေး ဖြစ်ပါတယ်။
ဒါအချက်ကတော့ အန္တရာယ်လည်းရှိသလို၊ အထိရောက်ဆုံးလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်နက်ဆိုတာ အာဏာရှင်တွေ နားလည်တဲ့ ဘာသာစကားဖြစ်ပါတယ်။ သူတို့နားလည်တဲ့ စကားနဲ့ပြောမှ သူတို့ အသိရကြမှာဖြစ်ပါတယ်။ ဘယ်အာဏာရှင်ကမှ ကိုယ့်အသက်ကို ခြိမ်းခြောက်လာတဲ့ဟာမျိုး၊ ကိုယ့်အသက်ရင်းရတဲ့ဟာမျိုးကို မကစားတတ်ပါဘူး။ သူများအသက်ကိုသာ မနှမြောဘဲ ပစ်မယ်၊ သတ်မယ် တကဲကဲလုပ်တတ်တာ။ လမ်းပေါ်မှာ လက်နက်အပြည့်အစုံစစသားတွေ၊ တင့်ကားတွေ ချထားတတ်တာ။ သူ့ကိုထိခိုက်မှာကို စိုးရိမ်လို့ သူက အတွင်းအကျဆုံး၊ အလုံခြုံဆုံးမှာ ပုန်းနေတာပဲ။ ဒီတော့ ပြည်သူအားလုံးက လက်နက်ကိုင်ထားခွင့်သာ ရရင် အာဏာရှင်ဆိုတာ စကားလုံးတောင် အဘိဓါန်တွေထဲမှာတောင် ရှာလို့ရမှာ မဟုတ်တော့ပါဘူး။ နိုင်ငံသားကောင်းတွေလက်ထဲမှာ လက်နက်ကိုင်ထားလို့ရတဲ့ ဥပဒေကို ပြုကြရပါမယ်။ (ဒါက အာဏာရှင် လုံးဝအမြစ်ဖြတ်ဖို့ သူတို့နားလည်တဲ့ လက်နက်နဲ့ တုံ့ပြန်ရေး ဖြစ်ပါတယ်။ အန္တရာယ်များသလို၊ ထိရောက်မှုလည်း ကြီးမားပါတယ်။ အမေရိကန်လိုနိုင်ငံမှာ လက်နက်ကိုင်ထားကြတဲ့အတွက် တပ်က အာဏာသိမ်းတာ ယနေ့အထိ မဖြစ်မြောက်ပါ။ စဉ်းစားမှုတောင် မလုပ်ကြပါ။ ပြည်သူက လက်သင့်မခံဘဲ အလွန်အကျူး အတင်းအကြပ်လုပ်လို့ကတော့ ပြည်သူ့ကျည်က သူတို့ဘက် လာမှာပါပဲ။)

(၆) အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တွေကို ဖယ်ကျည် ထားရပါမယ်။
အာဏာရှင်ကစိတ်ကူးတယ်။ အာဏာရှင်လက်ကိုင်တုတ်တွေက သူတို့စိတ်ကူးကို ဖော်ဆောင် ပေးလေ့ရှိပါတယ်။ အာဏာရှင်လက်ကိုင်တုတ်တွေက သူတို့ကိုယ်တိုင်၊ မိသားစု အရေးတွေရဲ့ အရိုးကိုက်ရရေး အကျိုးစီးပွားတွေနဲ့ ချည်နှောင်ခံရသူတွေဖြစ်ပါတယ်။ လွတ်လပ်စွာ တွေးခေ ါ်နိုင်သူတွေ မဟုတ်ကြပါဘူး။ ပညာရပ်မှာရော၊ အကျင့်စာရိတ္တမှာရော ချို့ယွင်းကြတာ များပါတယ်။ တကယ်တမ်းပြိုင်ကြရင် ဘာမှ အစွမ်းမရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အာဏာရှင်က မြှောက်ပေးရင် ဂွေးတက်အောင် ကတဲ့သူတွေ၊ အချိုကျွေးရင် စစ်ဖိနပ်ကိုလျှက်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို ဖော်ထုတ်ပြီး အသိုင်းအဝန်းထဲက ဖယ်ကြည်ထားရပါမယ်။ အာဏာရှင်တွေနဲ့ တစ်တန်း တည်းထားပြီး အသိုင်းအဝန်းမှာ သိမ်ငယ်သွားစေရပါမယ်။ ခွေးက သူ့ကိုဂရုမစိုက်မှန်းသိရင် အူရတာ ပျင်းလာ တတ်ပါတယ်။ သတင်းမီဒီယာတွေကလည်း သူတို့ကို ရှိတယ်လို့တောင် မထင်ရတဲ့အထိ ဖယ်ထား ရစ်ဖို့လိုပါတယ်။ မြှောက်ပေးရင် အဟုတ်မှတ်ပြီး ပိုကဲတတ်တဲ့ အရိုးကိုက်တစ်စု၊ အာဏာလက်ကိုင်တုတ်တစ်စုကို ရပ်ရွာဝန်းကျင်မှာ လုံးဝအသိအမှတ်မပြုရေးပဲဖြစ်ပါတယ်။ အာဏာရှင်က ထီးထီးကြီးရပ်တည်မနေနိုင်ပါဘူး။ အရိုးပေးကိုက်ရင် သူ့အကျိုးဆောင်ပေးမယ့် သူတွေ၊ အချိုကျွေးရင်လိုက်မယ့်သူတွေကြောင့်သာ ရပ်တည်နေနိုင်ကြတာပါ။ ဒါကိုသိထားပြီး အာဏာရှင် လက်ကိုင်တုတ်တွေကို ဖယ်ကျဉ်လိုက်ပါ။

(၇) အာဏာရှင်တို့ရဲ့ အကျိုးစီးပွားမှန်သမျှ သပိတ်မှောက်ရမယ်။
အာဏာရှင်တွေက သူ့ကိုယ်ကျိုးစီးပွားမရှိဘဲ အာဏာမယူတတ်၊ မသိမ်းတတ်ပါဘူး။ သူတပါးအတွက် အာဏာသိမ်းပေးတယ်ဆိုတာမျိုး ထုံးစံမရှိပါ။ စကားလုံးက ဘယ်လိုပဲ အများအကျိုးလို့ ဆိုပါစေ၊ သူ့ကိုယ်ကျိုးအတွက် သိမ်းကြတာပါ။ ပြောရင်တော့ သူတပါးကို ကယ်တင်ပေးတယ်၊ တိုင်းပြည်ကိုချစ်တယ်၊ လူမျိုးကိုချစ်တယ်၊ ဘာသာတရားကို ကိုင်းရှိုင်းတယ်ဆိုတာ တဖွဖွပဲ။ ဥပဒေဆိုတာကိုလည်း နှုတ်ကမချကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ဥပဒေကို ချိုးဖောက်သူတွေ၊ ကိုယ်ကျိုးရှာသူတွေဖြစ်ပါတယ်။ ကောင်းမှုလုပ်ဖို့၊ သူတပါးကို အလှူလုပ်ဖို့၊ စေတနာကြီးလှသော အာဏာသိမ်းပုဂ္ဂိုလ်ဆိုတာ လုံး၀ (လုံးဝ) မရှိပါ။ ဒါကြောင့် အာဏာသိမ်းပြီး သူတို့ကိုယ်ကျိုးစီးပွားဖြစ်မယ့် ကိစ္စမျိုးတွေကို တွေးမျှော်ပြီး သပိတ်မှောက်သင့်ပါတယ်။ အကျိုးစီးပွားမရှိတော့ရင် ဘယ်သူမှ အာဏာသိမ်းလိမ့်မယ် မဟုတ်တော့ပါဘူး။ သူတို့ပြောတာတွေ၊ ထုတ်ကုန်တွေ၊ အချိတ်အဆက်တွေကို လုံး၀ သပိတ်မှောက်ရမယ်။

(၈) အာဏာရှင်တွေကို မကြိုက်တဲ့၊ ရွံရှာတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမယ်။
အာဏာရှင်ကို ဂုဏ်သိက္ခာရှိတဲ့ လူသားစင်စစ်တွေက မကြိုက်ပါဘူး။ ကိုယ်မလုပ်ချင်တာကို အတင်းခိုင်းမှာ၊ ခေါင်းပုံဖြတ်မှာ၊ အုပ်ချုပ်မှာကို ဘယ်သူကြိုက်မလဲ။ လူသားတွေရဲ့ သဘာ၀ အလျောက် ရှိနေတဲ့ အတွင်းစိတ် နှလုံးသား အရင်းခံက အာဏာရှင်ကို မကြိုက်ပါဘူး။ လူသားက လွတ်လပ်စွာ မွေးလာပြီး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ဆောင်ခွင့်ရထားသင့်တယ်လို့ ခံယူတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပူးပေါင်းရပါမယ်။ လူ့အခွင့်အရေးဟာ အာဏာရှင် တွေအတွက် ရွံစရာဖြစ်ပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာ သူတွေကလည်း အာဏာရှင်ကို ရွံရှာ စက်ဆုပ်ကြ ပါတယ်။ တန်ဖိုးထားမှုစံနှုန်းတွေ၊ အကူအညီတွေ၊ နည်းလမ်းတွေ အပြန်အလှန်ပံ့ပိုးနိုင်ဖို့ အာဏာရှင် ဆန့်ကျင်ရေးအင်အစားစုများ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းသင့်ပါတယ်။

(၉) အာဏာရှင်တွေရဲ့ မတရားသောလုပ်ရပ်တွေကို မှတ်တမ်းတင်ရမယ်။
အာဏာရှင်တွေက သူတို့သာ မတရားတာတွေ ဒလဟောလုပ်မယ်။ ဒါပေမယ့် ခြေရာ လက်ရာမကျန်အောင် ဖျောက်ပြီး၊ ဗြောင်ငြင်းတတ်ကြပါတယ်။ သူတို့စရိုက်တွေက ဘယ်တော့မှ အမှန်မပြောတတ်ပါဘူး။ ကြက်တစ်ကောင်ကို မြင်နေပေမယ့်လို့ မြင်းတစ်ကောင်လို့ ဗြောင်ကျကျ ပြောတတ်သူတွေဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်တွေရဲ့ ရက်စက်မှု၊ ကလိမ်ကျမှု တွေကို ရနိုင်သမျှသော နည်းလမ်းတွေနဲ့ မှတ်တမ်းတင်ထားသင့်ပါတယ်။ နည်းပညာတွေနဲ့ မှတ်တမ်း တင်ရပါမယ်။ ဒါကသူတို့အတွက် ထိုးနှက်ချက်တွေဖြစ်လာတတ်ပါတယ်။ နောင်အရှည်သမိုင်းမှာ အမည်းစက်ကျန်ရစ်စေရပါမယ်။ အချက်အလက်မကျန်ရင် သမိုင်း မမြောက်တာကို သတိပြုပါ။

(၁၀) အာဏာရှင်ဆန့်ကျင်ရေးကို ကျောင်းပြဌါန်းစာအုပ်တွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံတော်ဥပဒေ တွေမှာ ပြဌါန်းပိုချမယ်၊ ပြောဆိုဆွေးနွေးရမယ်။ လူထုစိတ်ထဲ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓါတ်နဲ့ အသိတွေ မြင့်မားစေနေရမယ်။ အဏာရှင် ပေါက်ပွားမှု နောက်ထပ် မဖြစ်စေမယ့် ဝန်းကျင်တစ်ခုကို ဖန်တီးမယ်ဆိုရင် ပညာရေးကစတင်ကြရပါမယ်။ ကျောင်းမှာ အာဏာရှင်သဘောသဘာဝတွေကို ပြောပြရမယ်။ အာဏာရှင် ဆန့်ကျင်ရေးတွေကို သင်ကြားရပါမယ်။ တစ်ဘက်မှာ ပြည်သူ့အစိုးရကို ဘယ်လို ဝန်းရံရမယ်။ ပြည်သူ့အစိုးရကို အာဏာဘယ်လိုအပ်နှင်းရမယ် (မဲပေးတာမျိုး) သင်ပေးရပါမယ်။ ရွေးကောက်ခံ အစိုးရတစ်ရပ်ဟာ ပြည်သူအကျိုးကို ဘယ်လိုသယ်ပိုးရမယ်ဆိုတာမျိုးကို မိတ်ဆက်ပေးရပါမယ်။ နိုင်ငံတော်ရဲ့ အခြေခံ ဥပဒေမှာလည်း အာဏာသိမ်းတာ ကို ပြတ်ပြတ်သားသား ပိတ်ပင်တားဆီး ထားရပါမယ်။ ပြည်သူပြည်သားတို့ရဲ့ လွတ်လပ်ခွင့် နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးကို ပံ့ပိုးအားပေးရပါမယ်။

နည်းလမ်း (၁၀) သွယ်ကတော့ တင်ဆက်လို့ပြီးပါပြီ။ တစ်ခုနဲ့ တစ်ခုချိတ်ဆက်မှုတွေ ရှိပါတယ်။ တစ်ခုချင်းသော်လည်းကောင်း၊ တစ်ပြိုင်နက်သော်လည်းကောင်း အသုံးချလို့ရနိုင်ကောင်းပါတယ်။

ချုပ်ခြယ်ဖိနှိပ်မှုရှိရင် တော်လှန်မှုကတော့ တာဝန်ဖြစ်လာပါတယ်။ တော်လှန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးက အာဏာရှင်မှာ လုံး၀ တာဝန်ရှိပါတယ်။ သူက အတင်းအဓမ္မ အာဏာသိမ်းတာ မရှိရင် လူထုက ဘာတော်လှန်စရာ၊ အာဏာဖီဆန်စရာမှ မလိုတာပါ။

အများပြည်သူဆန္ဒမပါပဲ၊ တစ်ဦးတစ်ဖွဲ့ ကိုယ်ကျိုးအတွက် ထစ်ကနဲရှိ လက်နက်တပြပြနဲ့ အာဏာ သိမ်းတတ်တဲ့ ယဉ်ကျေးမှုအမွေဆိုးကို လူထုအားနဲ့ ရပ်ဆိုင်းပစ်ကြပါစို့။ သူ့အလိုနဲ့ ကိုယ့်ဘဝလုပ်ကြရတာ ဤဘဝဤမျှနှင့် ကုန်ဆုံးပါစေတော့။ “လူထုသာလျှင် အဓိကပါ”

စာဖတ္သူက အာဏာရွင္ကို ဆန႔္က်င္ေနတဲ့သူ တစ္ေယာက္ ျဖစ္ေနမယ္ဆိုရင္ စာဖတ္သူအတြက္ ကံေကာင္းတဲ့ေန႔တစ္ေန႔ပဲလို႔ မွတ္ခ်က္ျပဳခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စာဖတ္သူ မ်က္စိေရွ႕ေရာက္ေနတဲ့ အခုေဆာင္းပါးကေတာ့ အာဏာရွင္ကို ဆန႔္က်င္ေရး နည္းလမ္း (၁၀) ခ်က္ ျဖစ္ေနလို႔ပါပဲ။ ဖတ္ၿပီး ယူသင့္တာကို ယူသုံးလိုက္႐ုံပါပဲ။ ကဲ … စလိုက္ၾကရေအာင္ပါ။

(၁) အာဏာရွင္ေတြကို ျပည္သူေတြက မေၾကာက္ဖို႔လိုပါတယ္။
အာဏာရွင္တို႔ရဲ႕ အာဏာကို မတရားရယူပုံကေတာ့ သက္ဆိုင္ရာ ျပည္သူလူထုကို ေၾကာက္႐ြံ႕ေနေစတဲ့နည္းလမ္းေဟာင္းပဲ ျဖစ္ပါတယ္။ လူထုက မေၾကာက္ေတာ့ ဘူးဆိုရင္ အာဏာရွင္ေတြ အသက္မဆက္ႏိုင္ဘူးဆိုတာပါပဲ။ ဒီအခ်က္ကိုသိထားရပါမယ္။ အာဏာရွင္ေတြက တကယ္ေတာ့ ေၾကာက္စရာေကာင္းေအာင္ ၿဖဲေျခာက္၊ ဖိန႔္ျပ၊ တကယ္လည္း ရက္စက္ပါတယ္။ ဒါေပမယ့္ သူတို႔ကို မေၾကာက္တဲ့သူေတြကိုက်ေတာ့ သူတို႔ အလြန္လန႔္ပါတယ္။ ပေရာဂမွန္ရင္ တုန္ဆင္းလာမယ္ ဆိုသလိုပဲ သူတို႔ကို ျပည္သူေတြ လုံး၀ (လုံးဝ) မေၾကာက္ၾကဘူးဆိုတာ သိသြားရရင္ သူတို႔တုန္ဆင္းလာၾကမွာ အေသအခ်ာပါပဲ။

(၂) အာဏာရွင္ေတြနဲ႔ရင္ဆိုင္ရာမွာ ျပည္သူေတြ ညီဖို႔လိုပါတယ္။
အာဏာသိမ္းလို႔ အက်ိဳးအျမတ္ရတဲ့ လူဦးေရးက မမ်ားပါဘူး။ ဒါေၾကာင့္ ျပည္သူကသာ ညီေနရင္ သူတို႔ေတြ ေခြလဲ၊ တုန္ဆင္းသြားမွာပါပဲ။ အာဏာရွင္ဘက္ရပ္တည္တဲ့ စစ္တပ္၊ ရဲေတြဆိုတာက ျပည္သူ႔ဦးေရအင္အားနဲ႔ဆိုရင္ အခ်ိဳးအမ်ားႀကီးကြာျခားၾကပါတယ္။ ဒီေတာ့ ျပည္သူဘက္ကသာ ညီေနရင္ ေထာင္မဆံ့ဘူး၊ ရဲေတြမႏိုင္ဘူး၊ စစ္တပ္လဲ ဘာမွလုပ္လို႔မရဘူး (လုပ္ရင္လည္း လူသတ္တဲ့ စစ္တပ္ဆိုတာ ေပၚလာမွာပဲ။ လူဆိုး႐ုပ္ကို ကမာၻႀကီးကေတြ႕သြားမွာပဲ)။ ျပည္သူသာ မေထာက္ခံဘူးဆိုရင္ လွံတံလည္းေခြ၊ ဓားလဲက်ိဳးမွာပါပဲ။ (အဲ့ဒီထဲမွာလည္း အာဏာရွင္ေတြ၊ မိုးက်ေ႐ႊကိုေတြကို မႀကိဳက္တဲ့ ျပည္သူ႔ ဘက္ေတာ္သား တပ္မေတာ္သားေတြ၊ ျပည္သူ႔ရဲေတြ ရွိေနပါေသးတယ္။) ႐ြာမွာ၊ ရပ္ကြက္မွာ ျပည္သူေတြက တစ္ေယာက္ကိုတစ္ေယာက္ ကာကြယ္ေပးၾကရမယ္။ ညီၫႊတ္ေနရပါတယ္။ ညအခ်ိန္မွာဆြဲတတ္တဲ့ အာဏာဘက္ေတာ္သားေတြလာရင္ တစ္ရပ္ကြက္လုံး ထြက္စုၿပီး ရပ္တည္လိုက္ရင္ … ၿပီးၿပီေလ။ ရဲသား ၁၀၀ ဆိုရင္ အရပ္သား ေထာင္ခ်ီဝိုင္းလိုက္႐ုံပါပဲ။ အခ်င္းခ်င္း ၀န္းရံလိုက္႐ုံပဲ။ သူတို႔မွာ မတရားတာကိုလည္း ခိုးေၾကာင္ခိုးဝွက္လုပ္ေနရတယ္၊ လူအင္အားလည္း နည္းေနေသးတယ္ဆိုရင္ အေမာက္မေထာင္ႏိုင္ေတာ့ပါဘူး။ အမွန္တရားကို မရင္ဆိုင္ရဲလို႔ ညအခ်ိန္ ခိုးေၾကာင္ခိုးဝွက္ ဖမ္းဆီးတတ္ၾကတဲ့ အာဏာရွင္စ႐ိုက္ကို လူထုစုစည္းမႈအင္အားနဲ႔ပဲ တိုက္လွန္ရမယ္။ တစ္ေယာက္အတြက္ တစ္ေယာက္ရွိေနသင့္ပါတယ္။ သူ႔အလွည့္မွာ ကိုယ္မရပ္ေပးရင္၊ ကိုယ့္အလွည့္မွာ ရပ္ေပးမယ့္သူ မရွိႏိုင္ေတာ့တာကို သတိျပဳၿပီး အာဏာရွင္ေတာ္လွန္ေရးမွာ ျပည္သူေတြ ေက်ာခ်င္းကပ္ထားဖု႔ိလိုပါတယ္။ ရဲစခန္းသြားရင္ အကုန္သြားမယ္။ ေထာင္မဆန႔္ အာင္လုပ္ၾကရပါမယ္။ လူထုညီၫႊတ္ေနတာက ထိေရာက္တဲ့ နည္းလမ္းပဲ။ အာဏာရင္းျမစ္ျဖစ္တဲ့ ျပည္သူေတြ ကိုယ္တိုင္ အာဏာမအပ္ပါဘဲ ဘယ္သူမွ အတင္းလုယူလို႔ မရပါဘူး။ အာဏာရွင္က အဓိကမဟုတ္ပါဘူး။ ျပည္သူကသာ အဓိက ျဖစ္ပါတယ္။

(၃) အာဏာရွင္ေတြကို အသိအမွတ္မျပဳေရး ျဖစ္ပါတယ္။
အာဏာရွင္ေတြကို အစိုးရတစ္ရပ္အျဖစ္၊ အာဏာပိုင္အဖြဲ႕အစည္းအျဖစ္ လုံး၀ (လုံးဝ) အသိအမွတ္ မျပဳေရးပဲ ျဖစ္ပါတယ္။ သူတို႔ကို လူရာသြင္းအ႐ိုအေသေပးရရင္ အလိုက္ကန္းဆိုး တက္လာတတ္ပါ တယ္။ ဘယ္သူမွန္းမသိတဲ့ အထက္အမိန႔္ေတြကို ေစာင့္သိ႐ိုေသတာမ်ိဳးကို လုံး၀ မလုပ္ဖို႔ပဲ။ အထက္အမိန႔္တို႔၊ အထက္လူႀကီးတို႔ဆိုတာ ျပည္သူကို အက်ိဳးေဆာင္တဲ့သူျဖစ္ရမယ္။ ျပည္သူက ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့သူျဖစ္သင့္ကပါတယ္။ ခိုးေၾကာင္ခိုးဝွက္ အထက္အမိန႔္၊ အထက္လူႀကီး ဆိုသူေတြကို လူရာသြင္းဆက္ဆံတာကိုရပ္ၿပီး၊ ကိုယ့္ဆႏၵ၊ ကိုယ့္ေကာင္းက်ိဳးကို ကိုယ္တိုင္ေဖာ္ေဆာင္တတ္တဲ့ ျပည္သူျဖစ္လာရမယ္။ လူထုေ႐ြးထားတဲ့ အစိုးရမဟုတ္ဘူးဆိုရင္ … အထက္လူႀကီးတို႔ … အထက္အမိန႔္တို႔ဆိုတာမ်ိဳးကို လုံး၀ အေရးမျပဳဖို႔ပဲ။

(၄) အာဏာရွင္ေတြကို မပူးေပါင္းေရး ျဖစ္ပါတယ္။
အာဏာရွင္လုပ္သမွ် မပူးေပါင္းေရးျဖစ္ပါတယ္။ အၾကမ္းမဖက္ အႏုနည္းနဲ႔ အာဏာဖီဆန္ေရးပဲျဖစ္ပါတယ္။ လက္နက္ကိုင္ထားၿပီး ဘယ္ျပည္သူမွ၊ ဘယ္ပညာရွင္ကိုမွ အတင္းခိုင္းလို႔ မရဘူးဆိုတာကို ျပဖို႔လိုပါတယ္။ အဲ့ဒီလို အာဏာဖီဆန္ရာမွာ ျဖစ္ေနတဲ့ အခင္းအက်င္း အေျခအေနအကို အသုံးခ်တတ္ရပါမယ္။ ဥပမာ- ခုလိုအခ်ိန္မ်ိဳးမွာ အာဏာရွင္ကခိုင္းတာကို မလုပ္ခ်င္ဘူးဆိုရင္ … “ဖ်ားခ်င္ေနလို႔၊ အနံ႔မရလို႔”ဆိုၿပီး ကိုဗစ္ကို အေၾကာင္းျပ ႐ုံးမသြားပဲ ေနလို႔ရပါတယ္။ အေနအထားမ်ိဳးစုံမွာ အာဏာရွင္ခိုင္းတာ အထ မေျမာက္ေအာင္ အၾကမ္းမဖက္ အာဏာဖီဆန္တတ္ဖို႔လိုပါတယ္။

(၅) ျပည္သူျပည္သားေတြ လက္နက္ကိုင္ထားေရး ျဖစ္ပါတယ္။
ဒါအခ်က္ကေတာ့ အႏၲရာယ္လည္းရွိသလို၊ အထိေရာက္ဆုံးလည္းျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ လက္နက္ဆိုတာ အာဏာရွင္ေတြ နားလည္တဲ့ ဘာသာစကားျဖစ္ပါတယ္။ သူတို႔နားလည္တဲ့ စကားနဲ႔ေျပာမွ သူတို႔ အသိရၾကမွာျဖစ္ပါတယ္။ ဘယ္အာဏာရွင္ကမွ ကိုယ့္အသက္ကို ၿခိမ္းေျခာက္လာတဲ့ဟာမ်ိဳး၊ ကိုယ့္အသက္ရင္းရတဲ့ဟာမ်ိဳးကို မကစားတတ္ပါဘူး။ သူမ်ားအသက္ကိုသာ မႏွေျမာဘဲ ပစ္မယ္၊ သတ္မယ္ တကဲကဲလုပ္တတ္တာ။ လမ္းေပၚမွာ လက္နက္အျပည့္အစုံစစသားေတြ၊ တင့္ကားေတြ ခ်ထားတတ္တာ။ သူ႔ကိုထိခိုက္မွာကို စိုးရိမ္လို႔ သူက အတြင္းအက်ဆုံး၊ အလုံၿခဳံဆုံးမွာ ပုန္းေနတာပဲ။ ဒီေတာ့ ျပည္သူအားလုံးက လက္နက္ကိုင္ထားခြင့္သာ ရရင္ အာဏာရွင္ဆိုတာ စကားလုံးေတာင္ အဘိဓါန္ေတြထဲမွာေတာင္ ရွာလို႔ရမွာ မဟုတ္ေတာ့ပါဘူး။ ႏိုင္ငံသားေကာင္းေတြလက္ထဲမွာ လက္နက္ကိုင္ထားလို႔ရတဲ့ ဥပေဒကို ျပဳၾကရပါမယ္။ (ဒါက အာဏာရွင္ လုံးဝအျမစ္ျဖတ္ဖို႔ သူတို႔နားလည္တဲ့ လက္နက္နဲ႔ တုံ႔ျပန္ေရး ျဖစ္ပါတယ္။ အႏၲရာယ္မ်ားသလို၊ ထိေရာက္မႈလည္း ႀကီးမားပါတယ္။ အေမရိကန္လိုႏိုင္ငံမွာ လက္နက္ကိုင္ထားၾကတဲ့အတြက္ တပ္က အာဏာသိမ္းတာ ယေန႔အထိ မျဖစ္ေျမာက္ပါ။ စဥ္းစားမႈေတာင္ မလုပ္ၾကပါ။ ျပည္သူက လက္သင့္မခံဘဲ အလြန္အက်ဴး အတင္းအၾကပ္လုပ္လို႔ကေတာ့ ျပည္သူ႔က်ည္က သူတို႔ဘက္ လာမွာပါပဲ။)

(၆) အာဏာရွင္ေတြရဲ႕ လက္ကိုင္တုတ္ေတြကို ဖယ္က်ည္ ထားရပါမယ္။
အာဏာရွင္ကစိတ္ကူးတယ္။ အာဏာရွင္လက္ကိုင္တုတ္ေတြက သူတို႔စိတ္ကူးကို ေဖာ္ေဆာင္ ေပးေလ့ရွိပါတယ္။ အာဏာရွင္လက္ကိုင္တုတ္ေတြက သူတို႔ကိုယ္တိုင္၊ မိသားစု အေရးေတြရဲ႕ အ႐ိုးကိုက္ရေရး အက်ိဳးစီးပြားေတြနဲ႔ ခ်ည္ေႏွာင္ခံရသူေတြျဖစ္ပါတယ္။ လြတ္လပ္စြာ ေတြးေခ ၚႏိုင္သူေတြ မဟုတ္ၾကပါဘူး။ ပညာရပ္မွာေရာ၊ အက်င့္စာရိတၱမွာေရာ ခ်ိဳ႕ယြင္းၾကတာ မ်ားပါတယ္။ တကယ္တမ္းၿပိဳင္ၾကရင္ ဘာမွ အစြမ္းမရွိသူေတြျဖစ္ပါတယ္။ ဒါေပမယ့္ အာဏာရွင္က ေျမႇာက္ေပးရင္ ေဂြးတက္ေအာင္ ကတဲ့သူေတြ၊ အခ်ိဳေကြၽးရင္ စစ္ဖိနပ္ကိုလွ်က္တဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ကို ေဖာ္ထုတ္ၿပီး အသိုင္းအဝန္းထဲက ဖယ္ၾကည္ထားရပါမယ္။ အာဏာရွင္ေတြနဲ႔ တစ္တန္း တည္းထားၿပီး အသိုင္းအဝန္းမွာ သိမ္ငယ္သြားေစရပါမယ္။ ေခြးက သူ႔ကိုဂ႐ုမစိုက္မွန္းသိရင္ အူရတာ ပ်င္းလာ တတ္ပါတယ္။ သတင္းမီဒီယာေတြကလည္း သူတို႔ကို ရွိတယ္လို႔ေတာင္ မထင္ရတဲ့အထိ ဖယ္ထား ရစ္ဖို႔လိုပါတယ္။ ေျမႇာက္ေပးရင္ အဟုတ္မွတ္ၿပီး ပိုကဲတတ္တဲ့ အ႐ိုးကိုက္တစ္စု၊ အာဏာလက္ကိုင္တုတ္တစ္စုကို ရပ္႐ြာဝန္းက်င္မွာ လုံးဝအသိအမွတ္မျပဳေရးပဲျဖစ္ပါတယ္။ အာဏာရွင္က ထီးထီးႀကီးရပ္တည္မေနႏိုင္ပါဘူး။ အ႐ိုးေပးကိုက္ရင္ သူ႔အက်ိဳးေဆာင္ေပးမယ့္ သူေတြ၊ အခ်ိဳေကြၽးရင္လိုက္မယ့္သူေတြေၾကာင့္သာ ရပ္တည္ေနႏိုင္ၾကတာပါ။ ဒါကိုသိထားၿပီး အာဏာရွင္ လက္ကိုင္တုတ္ေတြကို ဖယ္က်ဥ္လိုက္ပါ။

(၇) အာဏာရွင္တို႔ရဲ႕ အက်ိဳးစီးပြားမွန္သမွ် သပိတ္ေမွာက္ရမယ္။
အာဏာရွင္ေတြက သူ႔ကိုယ္က်ိဳးစီးပြားမရွိဘဲ အာဏာမယူတတ္၊ မသိမ္းတတ္ပါဘူး။ သူတပါးအတြက္ အာဏာသိမ္းေပးတယ္ဆိုတာမ်ိဳး ထုံးစံမရွိပါ။ စကားလုံးက ဘယ္လိုပဲ အမ်ားအက်ိဳးလို႔ ဆိုပါေစ၊ သူ႔ကိုယ္က်ိဳးအတြက္ သိမ္းၾကတာပါ။ ေျပာရင္ေတာ့ သူတပါးကို ကယ္တင္ေပးတယ္၊ တိုင္းျပည္ကိုခ်စ္တယ္၊ လူမ်ိဳးကိုခ်စ္တယ္၊ ဘာသာတရားကို ကိုင္းရႈိင္းတယ္ဆိုတာ တဖြဖြပဲ။ ဥပေဒဆိုတာကိုလည္း ႏႈတ္ကမခ်ၾကပါဘူး။ ဒါေပမယ့္ သူတို႔ဟာ ဥပေဒကို ခ်ိဳးေဖာက္သူေတြ၊ ကိုယ္က်ိဳးရွာသူေတြျဖစ္ပါတယ္။ ေကာင္းမႈလုပ္ဖို႔၊ သူတပါးကို အလႉလုပ္ဖို႔၊ ေစတနာႀကီးလွေသာ အာဏာသိမ္းပုဂၢိဳလ္ဆိုတာ လုံး၀ (လုံးဝ) မရွိပါ။ ဒါေၾကာင့္ အာဏာသိမ္းၿပီး သူတို႔ကိုယ္က်ိဳးစီးပြားျဖစ္မယ့္ ကိစၥမ်ိဳးေတြကို ေတြးေမွ်ာ္ၿပီး သပိတ္ေမွာက္သင့္ပါတယ္။ အက်ိဳးစီးပြားမရွိေတာ့ရင္ ဘယ္သူမွ အာဏာသိမ္းလိမ့္မယ္ မဟုတ္ေတာ့ပါဘူး။ သူတို႔ေျပာတာေတြ၊ ထုတ္ကုန္ေတြ၊ အခ်ိတ္အဆက္ေတြကို လုံး၀ သပိတ္ေမွာက္ရမယ္။

(၈) အာဏာရွင္ေတြကို မႀကိဳက္တဲ့၊ ႐ြံရွာတဲ့ လူ႔အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းမယ္။
အာဏာရွင္ကို ဂုဏ္သိကၡာရွိတဲ့ လူသားစင္စစ္ေတြက မႀကိဳက္ပါဘူး။ ကိုယ္မလုပ္ခ်င္တာကို အတင္းခိုင္းမွာ၊ ေခါင္းပုံျဖတ္မွာ၊ အုပ္ခ်ဳပ္မွာကို ဘယ္သူႀကိဳက္မလဲ။ လူသားေတြရဲ႕ သဘာ၀ အေလ်ာက္ ရွိေနတဲ့ အတြင္းစိတ္ ႏွလုံးသား အရင္းခံက အာဏာရွင္ကို မႀကိဳက္ပါဘူး။ လူသားက လြတ္လပ္စြာ ေမြးလာၿပီး၊ လြတ္လပ္စြာ ေျပာဆိုခြင့္၊ လုပ္ေဆာင္ခြင့္ရထားသင့္တယ္လို႔ ခံယူတဲ့ အဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြကို ပူးေပါင္းရပါမယ္။ လူ႔အခြင့္အေရးဟာ အာဏာရွင္ ေတြအတြက္ ႐ြံစရာျဖစ္ၿပီး၊ လူ႔အခြင့္အေရး ေလးစားလိုက္နာ သူေတြကလည္း အာဏာရွင္ကို ႐ြံရွာ စက္ဆုပ္ၾက ပါတယ္။ တန္ဖိုးထားမႈစံႏႈန္းေတြ၊ အကူအညီေတြ၊ နည္းလမ္းေတြ အျပန္အလွန္ပံ့ပိုးႏိုင္ဖို႔ အာဏာရွင္ ဆန႔္က်င္ေရးအင္အစားစုမ်ား၊ အဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းသင့္ပါတယ္။

(၉) အာဏာရွင္ေတြရဲ႕ မတရားေသာလုပ္ရပ္ေတြကို မွတ္တမ္းတင္ရမယ္။
အာဏာရွင္ေတြက သူတို႔သာ မတရားတာေတြ ဒလေဟာလုပ္မယ္။ ဒါေပမယ့္ ေျခရာ လက္ရာမက်န္ေအာင္ ေဖ်ာက္ၿပီး၊ ေျဗာင္ျငင္းတတ္ၾကပါတယ္။ သူတို႔စ႐ိုက္ေတြက ဘယ္ေတာ့မွ အမွန္မေျပာတတ္ပါဘူး။ ၾကက္တစ္ေကာင္ကို ျမင္ေနေပမယ့္လို႔ ျမင္းတစ္ေကာင္လို႔ ေျဗာင္က်က် ေျပာတတ္သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ အာဏာရွင္ေတြရဲ႕ ရက္စက္မႈ၊ ကလိမ္က်မႈ ေတြကို ရႏိုင္သမွ်ေသာ နည္းလမ္းေတြနဲ႔ မွတ္တမ္းတင္ထားသင့္ပါတယ္။ နည္းပညာေတြနဲ႔ မွတ္တမ္း တင္ရပါမယ္။ ဒါကသူတို႔အတြက္ ထိုးႏွက္ခ်က္ေတြျဖစ္လာတတ္ပါတယ္။ ေနာင္အရွည္သမိုင္းမွာ အမည္းစက္က်န္ရစ္ေစရပါမယ္။ အခ်က္အလက္မက်န္ရင္ သမိုင္း မေျမာက္တာကို သတိျပဳပါ။

(၁၀) အာဏာရွင္ဆန႔္က်င္ေရးကို ေက်ာင္းျပဌါန္းစာအုပ္ေတြ၊ သတင္းမီဒီယာေတြ၊ ႏိုင္ငံေတာ္ဥပေဒ ေတြမွာ ျပဌါန္းပိုခ်မယ္၊ ေျပာဆိုေဆြးေႏြးရမယ္။ လူထုစိတ္ထဲ အာဏာရွင္ဆန႔္က်င္ေရး စိတ္ဓါတ္နဲ႔ အသိေတြ ျမင့္မားေစေနရမယ္။ အဏာရွင္ ေပါက္ပြားမႈ ေနာက္ထပ္ မျဖစ္ေစမယ့္ ဝန္းက်င္တစ္ခုကို ဖန္တီးမယ္ဆိုရင္ ပညာေရးကစတင္ၾကရပါမယ္။ ေက်ာင္းမွာ အာဏာရွင္သေဘာသဘာဝေတြကို ေျပာျပရမယ္။ အာဏာရွင္ ဆန႔္က်င္ေရးေတြကို သင္ၾကားရပါမယ္။ တစ္ဘက္မွာ ျပည္သူ႔အစိုးရကို ဘယ္လို ဝန္းရံရမယ္။ ျပည္သူ႔အစိုးရကို အာဏာဘယ္လိုအပ္ႏွင္းရမယ္ (မဲေပးတာမ်ိဳး) သင္ေပးရပါမယ္။ ေ႐ြးေကာက္ခံ အစိုးရတစ္ရပ္ဟာ ျပည္သူအက်ိဳးကို ဘယ္လိုသယ္ပိုးရမယ္ဆိုတာမ်ိဳးကို မိတ္ဆက္ေပးရပါမယ္။ ႏိုင္ငံေတာ္ရဲ႕ အေျခခံ ဥပေဒမွာလည္း အာဏာသိမ္းတာ ကို ျပတ္ျပတ္သားသား ပိတ္ပင္တားဆီး ထားရပါမယ္။ ျပည္သူျပည္သားတို႔ရဲ႕ လြတ္လပ္ခြင့္ ႏွင့္ ကိုယ့္ကံၾကမၼာကိုယ္ ဖန္တီးေရးကို ပံ့ပိုးအားေပးရပါမယ္။

နည္းလမ္း (၁၀) သြယ္ကေတာ့ တင္ဆက္လို႔ၿပီးပါၿပီ။ တစ္ခုနဲ႔ တစ္ခုခ်ိတ္ဆက္မႈေတြ ရွိပါတယ္။ တစ္ခုခ်င္းေသာ္လည္းေကာင္း၊ တစ္ၿပိဳင္နက္ေသာ္လည္းေကာင္း အသုံးခ်လို႔ရႏိုင္ေကာင္းပါတယ္။

ခ်ဳပ္ျခယ္ဖိႏွိပ္မႈရွိရင္ ေတာ္လွန္မႈကေတာ့ တာဝန္ျဖစ္လာပါတယ္။ ေတာ္လွန္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အက်ိဳးဆက္အားလုံးက အာဏာရွင္မွာ လုံး၀ တာဝန္ရွိပါတယ္။ သူက အတင္းအဓမၼ အာဏာသိမ္းတာ မရွိရင္ လူထုက ဘာေတာ္လွန္စရာ၊ အာဏာဖီဆန္စရာမွ မလိုတာပါ။

အမ်ားျပည္သူဆႏၵမပါပဲ၊ တစ္ဦးတစ္ဖြဲ႕ ကိုယ္က်ိဳးအတြက္ ထစ္ကနဲရွိ လက္နက္တျပျပနဲ႔ အာဏာ သိမ္းတတ္တဲ့ ယဥ္ေက်းမႈအေမြဆိုးကို လူထုအားနဲ႔ ရပ္ဆိုင္းပစ္ၾကပါစို႔။ သူ႔အလိုနဲ႔ ကိုယ့္ဘဝလုပ္ၾကရတာ ဤဘဝဤမွ်ႏွင့္ ကုန္ဆုံးပါေစေတာ့။ “လူထုသာလွ်င္ အဓိကပါ”


Leave a Reply

Your email address will not be published. Required fields are marked *