အနိုင်ရပါတီ NLD ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီ ဖွဲ့စည်း

News:Winning party(NLD) forms Pyidaungsu Hluttaw representative committee.

၂၀၂၀အထွေထွေရွေးကောက်ပွဲ၏ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ ၀၅ ဖေဖော်ဝါရီလ ၂၀၂၁ နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအရေးပေါ်အစည်းအဝေးကို Online Conferencing System ဖြင့် ကျင်းပခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက် (၂/၂၀၂၁) ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပြည်သူတို့ယုံကြည်အပ်နှံလိုက်သော တာဝန်များကို ဦးလည်မသုန်ထမ်းဆောင်နိုင်ရေး၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအားလုံး အမြန်ဆုံးနှှင့် ချွင်းချက်မရှိလွတ်မြောက်ရေး၊ ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – Committee Representing Pyidaungsu Hluttaw(CRPH)” ကိုဖွဲ့စည်းလိုက်ကြောင်းပါဝင်သည်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၉၈ ဦးတက်ရောက်ခဲ့ပြီး ဒိန်းမတ်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု နှင့် ချက်ရီပက်ဘလစ်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြသည်။

ယနေ့ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ထုတ်ပြန်ကြေငြာချက် အနှစ်ချုပ်

အနိုင်ရပါတီ ကိုယ်စားလှယ်အဖြစ် တရားဝင်မှုကို မည်သူကမျှ ဖျက်သိမ်းနိုင်မည်မဟုတ်ပေ ။

လွှတ်တော်၏ တာဝန်သည် အစိုးရအဖွဲ့ဝင်များ ရွေးချယ်ခြင်း၊ အတည်ပြုခြင်း တာဝန်ရှိသည့်အလျောက် ယခု စစ်အာဏာသိမ်းမှုအောက်တွင် ဖွဲ့စည်းထားသည့် မည်သည့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနကိုမျှ အသိအမှတ်ပြုသွားမည် မဟုတ်ပေ။

စစ်အာဏာသိမ်းအစိုးရအားလည်း တရားမဝင်ကြောင်း ကြေညာလိုက်သည်။

အသေးစိတ်ကို ထုတ်ပြန်ကြေညာချက်တွင်

Leave a Reply

Your email address will not be published. Required fields are marked *