အလွမ်းကဖီး တေးသီချင်း ဖန်တီးရှင် ကွယ်လွန်

ချင်းအမျိုးသား၊ နိုင်ငံကျော်တေးရေး၊တေးဆို ဂျွန်သင်ဇမ်း သည် ကိုဗစ်ရောဂါကြောင့် ယနေ့သြဂုတ်လ ၂၂ ရက်ညနေ ၅ နာရီ၀န်းကျင် တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားပါတယ်။

သူရေးဖွဲ့ခဲ့တဲ့ သီချင်းတွေထဲက “အလွမ်းကဖီး၊ တောင်ဇလပ်ပင်အောက်ကအလွမ်းချစ်သူ” စသည့်သီချင်းများမှာပရိတ်သတ် ရင်ထဲရောက်ခဲ့တဲ့ အကြိုက်သီချင်းများဖြစ်ပါတယ်။

“ခေါင်ရည်သောက်မိုးတိမ်” ကတော့ တေးရေးတေးဆို ဂျွန်သင်ဇမ်းနောက်ဆုံးပါဝင်ခဲ့ရတဲ့ အဲလ်ဘမ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *