အနုပညာသမား ကိုအားဖူဒွေ့ နှင့် စကားစမြည် … (Interview with Artist Ah Phu Dwet)



(၁) မိတ်ဆက်ပေးပါဦး။


နာမည်က အားဖူဒွေ့။ အဖေက ဦးငွားဇာဒီး၊ အမေက ဒါ်ယော်မာဒွေ့။ မွေးရပ်က ခေါ်လန်ဖူးမြို့နယ်ပါ။ ခုလက်ရှိက မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်မှာနေပါတယ်။

(၂) အနုပညာအလုပ်ကို ဘယ်အချိန်က စလုပ်ခဲ့ပါသလဲ။ ဘဝမှာ ပထမဦးဆုံးလုပ်ဖြစ်တဲ့ အနုပညာအလုပ်က ဘာလဲ။ ဘာကြောင့် လုပ်ဖြစ်သွားတာလဲ။

ကျွန်တော် အသက် ၂၀ (2007) လောက်က စတင်လုပ်ဖြစ်တယ်။ ပထမတော့ သီချင်းရေးဖြစ်တယ်။ သီချင်းဆို ဝါသာနာ ပါတဲ့အလုပ်ရှင်ကိုရေးပေးရင်းနဲ့ ဆက်တိုက်ရေးဖြစ်သွားတယ်။

(၃) ကိုအားဖူရဲ့ အနုပညာနဲ့ဆိုင်တဲ့ အလုပ်တွေကို ပြောပြပါဦး။ ဘာကြောင့် အစုံလုပ်ဖြစ်နေရတာလဲ။

ကျွန်တော်အနေနဲ့သီချင်း (၈) ခွေ ရေးခဲ့တယ်။ (၄) ခွေကတော့ ချီးမွမ်းတေးတွေပါ။ အဲ့ဒီထဲမှာမှ ကိုယ်ပိုင်သံစဉ် အချစ်သီချင်းက( ၄) ခွေပေါ။ သူများခွေထဲမှာလဲပါဝင်ရေးပေးဖြစ်ခဲ့တယ်။ ..တီးတာတော့ ရှိူးတွေမှာပဲ ပါဝင်ဖြစ်တယ်။ .. တေးဆိုနေရာမှာ ဂျိုဘာ နာမည်နဲ့ လဲ ဆိုဖြစ်ခဲ့တယ် .. ဒါရိုက်တာ အနေနဲ့ရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားက (၇ )ကားပေါ့ . . ခုလက်တလောတော့ သီချင်း အပ်ထားတာလေးတွေ ရေးဖြစ်နေတယ်။ ခုက ကိုဗစ်ကာလ ဆိုတော့ ရပ်ကွက်ထဲက ဝါသာနာတူ ကလေးတွေနဲ့ ဇာတ်လမ်းတိုလေးတွေ ရိုက်ဖြစ်တယ်။ ..အနုပညာအလုပ်တွေက ဆက်စပ်မှုရှိတော့ အစုံလုပ်ဖြစ်သွား တယ်။ ဒါကလဲ ဘုရားပေးတဲ့ ဆုကျေးဇူးလို့ ခံယူထားပါတယ် …(အက တော့ မက တတ်ဘူးပေါ့ ဟဲ့ ဟဲ့)။

(၄) လာခဲ့တဲ့ ဘဝခရီးလမ်းမှာ အခုနေပြန်လျှောက်ဆိုရင် လုံးဝမတွေ့ကြုံချင်တဲ့ကိစ္စတွေရှိလား။ ဂုဏ်ယူမိတာက ဘာတွေပါလိမ့်။

အဲ့လိုရယ်လို့တော့ မရှိပါဘူး။ ဘဝလမ်းခရီးမှာ အဆိုးတွေအကောင်းတွေနဲ့ တွဲဖက်ပြီး လျောက်ခဲံ့ရပေမဲ့ ဘဝတွက် သင်ခန်းစာလို့ ခံယူထားတယ်။ ကိုယ်ချစ်တဲ့ အနုပညာအလုပ် လုပ်နေရသရွေ့ အမြဲဂုဏ်ယူနေမိပါတယ်။

(၅) ကိုယ်ဖန်တီးတဲ့ သီချင်းတွေထဲက ပရိသတ်အားပေးမှု အများဆုံး (သို့) အမှတ်တရအဖြစ်ဆုံး သီချင်းရှိလား။

ꓒꓴ ꓫꓵ ꓠꓴ ꓠꓲꓹအဲ့သီချင်းလေးက မိန်းကလေးပရိသတ်တော်တော်များများကြိုက်ခဲ့တဲ့သီချင်းလေးပါ။ ꓪꓴ-ꓢ ꓐꓯ ꓘꓶꓽသီချင်းကြတော့ ကျမ်းခေါင်းစဉ်တွေ နဲ့ စပ် ထားတဲ့သီချင်းဆိုတော့ ကျမ်းစာကျောင်းတွေ ရက်တို သင်တန်းတွေမှာ အသုံးများပြီး အသုံးတည့်တော့ ဝမ်းသာတာပေါ့။ ပြီးတော့ အဲ့သီချင်းလေးစရေးတဲ့ချိန်ဆို ကျမ်းခေါင်းစဉ်တွေနဲ့ ဆိုတော့ ချန်ခဲ့လို့က မရ၊ သံစဉ် ကပြန်ပေါင်းထည့် ရအုံးမယ် ဆို တော့ တော်တော်လေး ခေါင်းစားခဲ့ရတာ အမှတ်တရလေးပါ။

(၆) အနုပညာလှုပ်ရှားမှုတွေက စုံနေတယ်ဆိုတော့ အခု ဇာတ်ကားဒါရိုက်တာလိုင်းကို ဆက်ပြောရအောင်။ ပထမဦးဆုံးဇာတ်ကားကို ဘယ်အချိန် ရိုက်ကူးဖြစ်ခဲ့သလဲ။ ဒါရိုက်တာတစ်ဦးအနေနဲ့ ဘယ်လိုမျိုးအရည်အသွေးက မရှိမဖြစ်လို့ ယူဆပါသလဲ။

ဟုတ်ကဲ့ ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၀ ခုနှစ်က စတင်ရိုက်ခဲ့ပါတယ်။ ကျွန်တော်အထင်တော့ ဒါရိုက်တာတစ်ဥိးရဲ့ အရည်အသွေးဆိုတာ အခြေအနေအပေါ် မူတည်ပြီး ပုံဖော်တတ်တာမျိုးလို့ ထင်ပါတယ်။

(၇) ဒါရိုက်တာတစ်ယောက်အနေနဲ့ ဇာတ်လမ်းကို ဘယ်လိုရွေးဖြစ်လဲ။ ရှေ့မှာ ပရိသတ်တွေ မျှော်နေရမယ့် ဖန်တီးမှုရှိသလား။

ကျွန်တော် သူများဝထ္ထုဇာတ်လမ်းတွေကိုတော့ ယူမရိုက်ဖြစ်သေးဘူး။ ဖြစ်သွားတာတွေ၊ ဖြစ်နေဆဲ တွေကို အခြေခံပြီး ဇာတ်လမ်းအဖြစ် ကိုယ်တိုင်ရေးရိုက်တာများပါတယ်။ ရှေ့ဆက်ပြီး လီဆူ သမိုင်းအကြောင်းလေးကို ပုံဖော် ရိုက်ဖို့ စဉ်းစားထားပါတယ်။ ဆုတောင်းနေပါတယ် . . .

(၈) ကိုယ်အနုပညာအလုပ်လုပ်ရတဲ့အခါ အနှောင့်အယှက်တွေ ရှိပါသလား။

ကြုံရပါတယ်။ လူတိုင်းက ဝါသနာတူ မဟုတ်တော့ ဟန့်တားမှုကဲ့ရဲ့မှုတွေရှိပါတယ်။ တစ်ခါက ကျွန်တော်တို့ ထိုင်းနိုင်ငံ ပန်းခြံထဲ သွားရိုက်တုန်းကဆို အကြောင်းအမျိုးမျိုးကြောင့် မင်းသားနဲ့ ခြံစောင့် စကားများလို့ ရိုက်ကွင်း နားခဲ့ရတယ်။ ငွေကြေးကြောင့် ခန နားနေရတာတွေ၊ အဖွဲ့သားတွေ နေမကောင်းလို့ လနဲ့ချီပြီး စောင့် ရိုက်ခဲ့ရတယ် အဖွဲ့သားတွေအားလုံးကလဲ ဝါသနာ အရင်းခံ လချီ ကြိုးစားလာခဲ့ကြတော့ အဆုံးထိပြေးခဲ့ကြတယ် . . . .ဒါပေမဲ့ ခွေထွက်လာတော့ ခိုးကူးခွေတွေကြောင့် အဆင်မပြေခဲ့ဘူး။

(၉) အနုပညာဆိုတာကို မိမိအမြင်နဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။

အနုပညာဆိုတာ နုညံ့သိမ်မွေ့တဲ့ လက်နက် တစ်ခု လို့မြင်ပါတယ်။

(၁၀) တကယ်လို့ ဘဝမှာ အနုပညာအလုပ်တွေတစ်ခုမှ မဖြစ်ခဲ့ရင် တစ်ခြားဘာလုပ်နေမယ်ထင်ပါသလဲ။ ဘာကြောင့်လို့ ထင်ပါသလဲ။

လူမျိုးအတွက်ကောင်းတာတစ်ခုခုတော့လုပ်ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ လူမျိုးထဲက တစ်ယောက်ဖြစ်နေလို့ပါ။

(၁၁) ကိုယ်ဖန်တီးတဲ့ အနုပညာတွေကို အားပေးနေတဲ့ ပရိသတ်တွေကို ဘာများ စကားပါးချင်ပါသလဲ။

ယနေ့ထိအားပေးတဲ့ ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးကြိုးစားသွားမှာမို့ဝေဖန်အားပေးမှုတွေကိုလဲစောင့်မျော်နေပါတယ်။ အနုပညာကိုဝါသနာပါတဲ့သူအားလုံးကိုလဲ အမြဲတမ်းအားပေးကြိုဆိုလျက်ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *