လူ့အခွင့်အရေးပျောက်ဆုံးသွားသော မြန်မာပြည် ..Burma loses human rights …

News: .Burma loses human rights ..”Good guy are in detained ” Evil doers are free. Over 23000 are making chaos in every city in Myanmar.

အာဏာသိမ်း စစ်အုပ်စုက ကနေ့ ရပ်ကျေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနှင့် ဖွဲ့စည်းပုံ ပုဒ်မ ၄၂၀ အရ ပုဒ်မ ၅၊ ၇၊ ၈ ကိုဆိုင်းငံ့တဲ့ ဥပဒေ နှစ်ခုထုတ်ပြန်လိုက်ပါတယ်။

သက်ရောက်မှုဘယ်လိုရှိမလဲဆိုတော့ (၁) ရပ်ကျေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ဧည့်စာရင်းပြန်တိုင်ရမှာ ဖြစ်ပါတယ်။ (၂) ဖွဲ့စည်းပုံ ပုဒ်မ 420 အရ အရေးပေါ် အခြေအနေမှာ နိုင်ငံသားကို ပေးထားတဲ့ အခွင့်အရေးအချို့ ရုပ်သိမ်းလိုက်တာမို့ နိုင်ငံသားများအတွက် privacy law အရ ရထားတဲ့ အခွင့်အရေး ဆုံးပါးကုန်ပါတယ်။

အသေးစိတ်နားလည်အောင် ပြောရရင် .. ပုဒ်မ 5 အရ အိမ်ထဲဝင်ရှာရင် ရပ်ကျေး ဥက္ကဋ္ဌနဲ့ သက်သေ လိုတယ်။ အခု ဒါတွေ မလိုတော့ဘူး။ ပုဒ်မ 7 အရ 24 နာရီထက်ကျော်ပြီး ဖမ်းထားခွင့် မရှိ။ အခု 24 နာရီကျော်လို့ ရတယ်။ ပုဒ်မ 8 (က) ဝရမ်းမပါဘဲ မရှာရ၊ မဖမ်းရ။ အခု ရှာတာ/ဖမ်းတာ ဝရမ်း မလိုတော့ဘူး။ ပုဒ်မ 8(ခ) privacy ကို ချိုးပြီး နောက်ယောင်ခံမကြည့်ရ။ အခု ကြည့်ခွင့်ပေးလိုက်တယ်။ ဒါ့အပြင် ပုဒ်မ 8 (ဂ) intercept ကြားဖြတ်နားမထောင်ရ။ အခုနား ထောင်လို့ရသွားပါတယ်။ ပုဒ်မ ၈(ဃ) ဆက်သွယ်ရေးအော်ပရေတာထံကနေ လူတစ်ဦးရဲ့ ဖုန်း/ ဒေတာ အချက် အလက်တွေ မတောင်းယူရ။ အခုတောင်းယူခွင့်ရသွားပါပြီ။ ပုဒ်မ ၈(င) စာနဲ့ ပါဆယ် တွေ ဖောက်/ရှာ/ဖျက်မကြည့်ရ။ အခုတော့ ကြိုက်သလို ဖွင့်၊ ဖောက်၊ ဖျက်ဆီးခွင့်ရသွားပါတယ်။ ပုဒ်မ ၈(စ) မိသားစုရေး၊ ဂုဏ်သိက္ခာ၊ ထင်ပေါ်ကျော်ကြာ းမှုကို ထိခိုက်အောင် မလုပ်ရ။ အခုအာဏာသိမ်းအစိုးရ နှင့် မတည့်သူတွေကို အမျိုးမျိုး နာမည်ဖျက်ခံရနိုင်ပါတယ်။ ပုဒ်မ ၈(ဆ) တရားဝင်ရထားတဲ့ ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ မသိမ်းယူရ။ အခုတော့ ပိုင်ဆိုင်သမျှလည်း သိမ်းယူသွားနိုင်ပါပြီ။

အာဏာသိမ်း စစ်အုပ်စုကတော့ တိုင်းပြည်ကို အမှောင်နေ့ရက်တွေဆီ မြန်မြန် ခေါ်သွားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *