လီဆူတိုင်း(မ်) ကြားဖြတ်သတင်း

Unicode/Zawgyi

သမ္မတဒေါ်နယ်ထရမ့် ဟာ အိမ်ဖြူတော် မှ ဗုဒ္ဓဟူး နေ့နံနက် ပိုင်း ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား မတိုင်ခင်လေးမှာ ထွက်ခွါမည်ဖြစ်ကြောင်းသိရပါသည်။
ထိုသို့သမ္မတ များ၏ အစဉ်အလာကိုပယ်ဖျက်ကာ ဂျိုးဘိုင်ဒင် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့တတ်ရောက်မည်မဟုတ်ကြောင်းလည်းပြောကြားထားသည်။ ဒုသမ္မတ မိုက်ပန့်တော့ တတ်ရောက်သွားမည်ဟုပြောကြားထားပါတယ်။
သမ္မတ ထရန့် မထွက်ခွာမှီ သူ့အတွက် နှုတ်ဆက်ပွဲအခမ်းအနား အား Joint Base Andrewစစ်တပ်ဋာနမှာ တခမ်းတနားကျင်းပပြီးမှ ထွက်ခွါသွားမည်ဟုသိရပါသည်။ ဝါရှင်တန် မှ ထွက်ခွါသွားပြီးနောက် သူ၏ နေအိမ်ရှိရာ ဖလော်ရီဒါ သို့သွားရောက်နေထိုင်မည်ဖြစ်ကြောင်းသိရပါသည်။

ဟွန်ဒူးရပ်စ် နိုင်ငံမှ ထောင်နဲ့ချီသော လူထုများ အမေရိကန်ဘက်သို့ဦးတည်ချီတတ်လာနေကြပြီးသမ္မတလောင်း ဂျိုးဘိုင်ဒင် အား သူ့ဂတိစကားအတိုင်း အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ပေးရန် နှင့် ပြောထားသော အီမီဂရေးရှင်း ဂတိကို တည်ရန် ကြိုတင်တိုက်တွန်းလိုက်ပါသည်။ဂျိုးဘိုင်ဒန် မှ သူ့အစိုးရတတ်လာပါက သမ္မတ ထရမ့်၏ Immigration ပေါ်လစီဖြစ်သော MPP ခေါ် နယ်စပ်မှကျူးကျော်ဝင်ရောက်မူ့ဆိုင်ရာကာကွယ်ရေးဥပဒေ အား ပြန်လည်ဖျက်သိမ်းမည်ဖြစ်ကြောင်း နှင့် နိုင်ငံတွင်ရှိ တရားမဝင် ဝင်ရောက်နေထိုင်သူ သန်းနှင့်ချီသော ပြည်သူများအားလည်း နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းပြင်ဆင်ပေးမည်ဟု ဂတိကဝတ်ပြုထားကြောင်းသိရှိရပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *