ရွှေပြည်သာ နှင့် လှိုင်သာယာမြို့ (၂) မြို့ကို မာရှယ်လောထုတ်ပြန်

၂၀၂၁ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာ နှင့် လှိုင်သာယာမြို့ (၂) မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်ပြန်လိုက်ပါတယ်။



မာရှယ်လောဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာကို စစ်တိုင်းမှူး (သို့) စစ်မြေပြင်အရာရှိက ရယူလိုက်ခြင်းဖြစ်ပါတယ်။ မတ်လ (၁၄) ရက်နေ့က ဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ အနည်းဆုံး ၅၀ ထက်မနည်းရှိပြီး စက်ရုံများလည်း မီးလောင်ခဲ့ပြီး၊ စက်ရုံဝန်းအတွင်း တရုတ် ဝန်ထမ်းအများအပြားလည်း ပိတ်မိတယ်လို့ သတင်းတက်လာပါတယ်။

တရားမဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ သြဇာခံလက်နက်ကိုင်များ၏ အကြမ်းဖက်မှုကို ကာကွယ်ဆောင်ရွက်မှုမှန်သမျှဟာ ဥပဒေအရ ပြစ်မှုမမြောက်ဘူးလို့လည်း CRPH က မတ်လ ၁၄ ရက်ကထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *