ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်မှာ အဆိပ်သင့်လူနာများလက်ခံချိန် သတ်မှတ်

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့စွဲနဲ့ ညှိနှိုင်းမေတ္တာရပ်ခံစာတစ်စောင်ဖော်ပြချက်အရ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်မှာ အဆိပ်သင့်လူနာများအား တင်္နလာနေ့မှ သောကြာနေ့ (အစိုးရရုံးပိတ်ရက်မပါ) နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း လွှဲပြောင်းပေးရန် အကြောင်းကြားမေတ္တာရပ်ခံထားပါတယ်။

ဝန်ထမ်းအင်အားပေါ်မူတည်၍ တိုးချဲ့လုပ်ဆောင်ပါမယ်လို့ မှတ်ချက်ရေးသားထားပါသေးတယ်။

ဤထုတ်ပြန်စာကြောင့် အဆိပ်သောက်လိုသူများ၊ အဆိပ်သင့်ခံရမယ့်သူများ စနေ၊ တင်္နဂနွေနေ့များကိုရှောင်ကြည်ကြပါလို့ အွန်လိုင်းမှာ ဝေဖန်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *