မြန်မာ့အရေး မပေါ့လျော့သင့်ဘူးလို့ ကန်သမ္မတဟောင်းပြော

မြန်မာ့အရေးကို ကမ္ဘာအနေနဲ့ မပေါ့မလျော့ အာရုံစိုက်သင့်တယ်လို့ အမေရိကန်သမ္မတဟောင်း အိုဘားမားက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်က ပြောလိုက်ပါတယ်။

စစ်တပ်က တရားမဝင်အာဏာသိမ်းတာကို လူထုက ဘယ်တော့မှလက်ခံမှာမဟုတ်သလို ကမ္ဘာကလည်းလက်မခံသင့်ဘူး။ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ လူထုအငြင်းပယ်ခံ စစ်အုပ်စုဟာ ပိုပြီးမတည်ငြိမ်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ နိုင်ငံကို ကျဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာအောင်ပဲ ဦးတည်သွားစေမယ်ဆိုတာကို မြန်မာအိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သိထားသင့်ပြီလို့လည်း သူကသတိပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *