မြန်မာစစ်တပ်ကို လက်နက်ရောင်းတာဆိုင်းငံ့ရေး ကုလထုတ်ပြန်မည့်စာကို အာဆီယံ ၉ နိုင်ငံကန့်ကွက်

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ချက်ချင်းဆိုင်းငံ့ရေး စာသားကို ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်မူကြမ်းမှာ မထည့်ဖို့ အာဆီယံအဖွဲ့က တောင်းဆို အဆိုပြုလာတယ်လို့ ဥရောပသံတမန်တစ်ဦးကို ကိုးကားပြီး Benar သတင်းဌာနက သတင်းဖော်ပြလိုက်ပါတယ်။

”အာဆီယံက ကျွန်တော်တို့ ဆီကို စာတစ်စောင်ပို့လာပါတယ်။ အဲဒီထဲမှာ လက်နက်ရောင်းချမှုကို ဆိုင်းငံ့တဲ့စာပိုဒ်ကို ဖျက်ပေးဖို့လည်း ပြင်ဆင်ချက်မူကြမ်းကို အဆိုပြုလာတယ်”လို့ ကုလသမဂ္ဂဆိုင်ရာ Liechtenstein နိုင်ငံငယ်ရဲ့ဒုတိယအမြဲတမ်း ကိုယ်စားလှယ်က ထုတ်ပြောလာလာလို့ သတင်းထဲမှာဖော်ပြထားပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံရဲ့နောက်ကွယ်မှာ တရုတ်ဟာ ထဲထဲဝင်ဝင်ကြိုးကိုင် ခြယ်လှယ်နေတယ်လို့ အာရှရေးရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *