မြစ်ကြီးနားမှာ အဖမ်းခံရတဲ့ လီဆူအနုပညာရှင် ကိုယောတီဖာ မလွတ်မြောက်သေး

Local News: Yutifa, a Lisu artist arrested in Myitkyina, has not been released.

လီဆူအနုပညာရှင် ကိုယောတီဖာကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညသန်းခေါင်ချိန်၊ မြစ်ကြီးနားမြို့မှာ အကြမ်းဖက်ဖမ်းဆီးခံရပြီး ယနေ့အထိ လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရပါပါတယ်။

ကိုယောတီဖာ အဖမ်းခံရတာ သိသိချင်း နောက်တစ်နေ့မှစ၍ သူ့ပရိသတ်များနဲ့ ခင်မင်ရင်းနှီးသူများက “လီဆူ အဆိုတော် မင်သား ယောတီဖာ 28.2.2021 မနေ့ညက မြစ်ကြီးနားမှာ အဖမ်းခံရပါတယ်။ တိုင်းရင်းသားအနုပညာသမားတွေကို အကြမ်း ဖက်ဖမ်းဆီးတာကို လုံးဝ ရှုပ်ချပါတယ်” လို့ဖေ့စ်ဘုတ်မှာ စတေးတပ်တင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်ရှိ လီဆူအနုပညာရှင်များအသင်း နှင့် ကချင်ပြည်နယ်ရှိ ရှေ့နေအသိုင်းအဝန်းကလည်း ကိုယော်တီဖာ လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့ကြပေမယ့်၊ နောက်ဆုံးသတင်းအရ အချုပ်ထဲမှာ နှိပ်စက်စစ်ဆေးခံရပြီး၊ ထောင်ထဲပို့ထားလိုက်တယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

“သူက NLD အားပေး ထောက်ခံသူ ငါက ဒူးလေး ပါတီ အားပေးထောက်ခံ သူ။ ဒါပေမဲ့ အာဏာ ရှင် ကို အတူတူ ဆန့်ကျင်နေကြတာပါ။ လီဆူ လူမျိုး ယောတီဖါ အား အခု လို ဖမ်းသွားတာကို လီဆူ တိုင်းရင်း သားတစ်ဦးအနေနဲ့ လုံးဝ မကျေနပ်ပါ။” လို့ ဖေ့စ်ဘုတ်အကောင့် ပိုင်ရှင် Jay Pha Dee က မတ်လ ၁ ရက်နေ့မှာ ရေးတင်ပါတယ်။

ကိုယောတီဖာက သူယုံကြည်ရာမှာ ပြောရဲဆိုရဲ တက်ကြွလှုပ်ရှားတတ်သူ၊ အနုပညာရပ်ဝန်းမှာလည်း လူချစ်လူခင် ပေါများသူဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *