မနက်ခင်းသတင်းသုံးသပ်ချက် (မတ်လ ၁၁၊ ၂၀၂၁)

မနက်ည စမ်းချောင်းက အဖြစ်ကဖော်ပြတာကတော့ ပြည်သူ့လက်ထဲ လက်နက်သာရှိရင် လုံခြုံရေးလုပ်နေသူတွေဟာ လုံးဝမလုံခြုံနိုင်ဘူး ဆိုတာပါပဲ။ တစ်လက်တည်းပျောက်တာ တစ်ရပ်ကွက်လုံး ပြဲပြဲလှန် ရှာရတာကိုး။ ပြည်သူကလည်း ပြန်ပေးလိုက်ပါတယ်။ အခုတော့ ပြည်သူကပဲ အနစ်နာခံပြီး မလုံခြုံအောင် နေရဦးမှာပေါ့။ လက်နက်က သူတို့ရဲ့ လုံခြုံရေးအတွက်ပဲကိုး။ သူတို့စိတ်ချမ်းသာရင် ပြီးတာပါပဲ မဟုတ်လား။ ဒါက ညတုန်းက သေနတ်ပျောက်သတင်းသုံးသပ်ချက်။

မနက်အိပ်ယာနိုးလာတော့ ကိုယ်စီးဖို့ ဖိနပ်အရေအတွက်တောင် ကန့်သတ်လာပါပြီ။ မနက်ခင်းဆိုတော့ မင်္ဂလာရှိအောင်ပွဲ တွေးလိုက်တယ်။ မိသားစုတိုင်း စီးပွားရေးချွတ်ခြုံကျမှုက ကြိုတင်ကာကွယ်ပေးတာပဲလို့အကောင်းဘက်ကတွေးကြည့်မိတယ်။ ပြည်သူအတွက် စေတနာတွေပို နေကြာ ကြည့်မကောင်းတဲ့အထိပဲ။ ဒါက ရှောင်တခင် ဧည့်စာရင်းစစ်ဆေးအမိန့် သတင်းသုံးသပ်ချက်။

နောက်ထပ် သတင်းတစ်ပုဒ်ကတော့ တစ်ချိန်က နိုင်ငံတကာရော၊ ပြည်သူတွေကပါ ရပ်ဆိုရင်တောင် မရပ်ပဲဖိုက်ကြ၊ အင်တာနက်ဖြတ်တောက်ကြ၊ ဆပ်စလူးခါ လူ့အသွေးတွေများစွာကျအောင်ဖိုက်ကြတဲ့ အဖွဲ့နှစ်ဖွဲ့က အခုတော့ ညီညွှတ်ပြီတဲ့။ ငါတို့မှာ တားလိုက်ကြရတာ … ခုတော့ အကြမ်းဖက်တာတွေ မလုပ်တော့ဘူးတဲ့။ ခဏလေးအတွင်း လိမ္မာသွားတဲ့ အေအေကိုလည်း သိပ်ချီးကျူးတာပဲ။ အဲ … သူ့ကို လိမ္မာအောင်လုပ်ပေးတဲ့ သူ့ဆရာကိုတော့လား စကားလုံးမရှိတဲ့အထိ ကြည်ညိုမိတာပါပဲ။ အဲ … မဖိုက်ကြတော့ဘူးဆိုရင်လည်း ပြီးတာပါပဲ။ ပြည်သူပဲ စိုးရိမ်မှုလွန်ခဲ့တာ။ မင်းတို့ကတော့ အမြဲမှန်တယ်။ ပြည်သူဟာ အမြဲမှားခဲ့တာပဲ။ ဒါက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းအမိန့် သတင်းသုံးသပ်ချက်။
မွန်းလွဲ ၂ နာရီမှာလည်း စေတနာစကားလုံးတွေကို နားနဲ့မဆံ့အောင် ကြားခွင့်ရဦးမတဲ့။ အားလုံးက ရခဲသော နားသောတမင်္ဂလာပဲလို့ မှတ်ထားလိုက်တယ်။ ဒီအတွက် အစားအစာကို ဝအောင်သုံးဆောင်ထားတယ်။ ဘေးမှာ ခေါင်းအုံးထူထူလည်း ရှာထားတယ်။ ဖက်လိုက်၊ ထိုးလိုက်ပေါ့ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *