မင်းတပ် CDF အရေးပေါ်အကူအညီတောင်း

ဖြစ်တဲ့နည်းလမ်းနဲ့ NUG အစိုးရ၏ အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ကောင်စီရဲ့ လက်နက်ကိုင် ထောင်ချီကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ မင်းတပ် CDF ပြောက တောင်းဆိုလိုက်ပါတယ်။

“NUG အစိုးရက အခုချိန်ထိဘာလုပ်နေသေးတာလဲလို့ မေးခွန်းထုတ်ချင်တယ်၊ ကျွန်တော်တို့မြို့က စစ်အင်အား တစ်ထောင်နဲ့ အမြောက်တွေနဲ့ ပစ်ခံနေရတဲ့အချိန်မှာ ငြိမ်မနေပေးသင့်ဘူး၊ တတ်နိုင်တဲ့ဘက်ကနေ သူတို့ဘယ်လိုကူညီပေးနိုင်သလဲဆိုတဲ့ဟာက စသင့်နေပြီ” ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မင်းတပ်မြို့ကို စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်အင်အား ၁၀၀၀ ကျော်ဖြည့်တင်းတိုက်ခိုက်နေပြီး၊ ယမန်နေ့ကအထိ CDF ဘက်က ကျဆုံးသူ (၇) ဦးခန့်ရှိနေပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *