ဖေ့စ်ဘုတ်သြဇာကြောင့် ထိရှခဲ့တဲ့နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးကပါဝင်

Facebook ကိုသုံးပြီး ပြည်တွင်းကလူတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အထိခိုက်ရဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိနေတယ်လို့ Facebook ကုမ္ပဏီက မေလ ၂၆ ရက်နေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြလိုက်ပါတယ်။

Facebook အသုံးပြုသူတွေကြောင့် မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ပြီး၊ Facebook ပေါ်မှာ အမုန်းစကားတွေ ပြောဆိုဖြန့်ဝေတာ၊ လူမျိုးစုတခုနဲ့တခု အထူးသဖြင့် ဘာသာရေးနဲ့ လူမျိုးရေး လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်လာစေတဲ့အထိ လှုံ့ဆော်ပြောဆိုတာတွေကို ဖယ်ရှားဖို့ Facebook က ထိထိရောက်ရောက် မလုပ်ခဲ့ဘူးဆိုပြီး ဝေဖန်ခံထားရပါတယ်။

အာဏာသိမ်းမှုအပြီးကစတင်ပြီး ဖေ့စ်ဘုတ်ကုပဏီအနေနဲ့ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ Facebook အကောင့်တုတွေ၊ စာမျက်နှာတွေကို ဖယ်ရှားပစ်ခဲ့သလို၊ အာဏာသိမ်းစစ်တပ်ကလည်း အင်တာနက်ကိုထိန်းချုပ်ပြီး ဖေ့စ်ဘုတ်အပါအဝင် လူမှုဆက်သွယ်ရေးမီဒီယာတွေကို ပိတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *