ပူတာအိုတွင် ပြည်သူ့ရဲတပ်သားတစ်ဦး CDM ပါဝင်လာ

Local News: A police officer joins the CDM in Putao.

ကချင်ပြည်နယ်၊ ပူတာအို ပူတာအိုမြို့မ ရဲစခန်းမှူးရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ရဲတပ်သား ဝီလျံဒွေ့၊ လ-၂၆၅၂၅၉ သည် ယနေ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှစတင်ပြီး CDM လုပ်နေပြီလို့ သတင်းရပါတယ်။

သူ၏ ရုံးတွင်းတင်ပြစာထဲတွင် “စစ်အာဏာရှင်စနစ်အောက်တွင် လုံး၀ (လုံးဝ) ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိသည့်အတွက်” ဟု CDM လုပ်ရသည့် အဓိကအကြောင်းပြချက်အဖြစ်ဖော်ပြထားပါတယ်။



၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး မြန်မာ့ တပ်မတော်မှ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်သူ့ဆန္ဒပြမှုများ၊ သပိတ်ဖြိုခွင်းမှုများ၊ ကျည်အစစ်ဖြင့် အရပ်သားများကို ပစ်သတ်မှုများ နေ့စဉ် အရေအတွက် တိုးလာနေပါတယ်။ အာဏာသိမ်းအုပ်စုနှင့် မပူးပေါင်းလိုသော ပြည်သူ့ဝန်ထမ်းများစွာလည်း CDM မှာပါဝင်လာနေကြပါတယ်။ CRPH ( ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ) ကလည်း အာဏာသိမ်းစစ်အုပ်စုကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *