နမ့်ဖတ်ကာ စစ်ကောင်စီစခန်း ညီနောင်မဟာမိတ် ဝင်တိုက်၊ ဒုတပ်ရင်းမှူးတစ်ဦးအပါ ၁၁ ဦးသေဆုံး

မေလ ၃၁ ရက်နေ့ မနက် ၁ နာရီကျော်ကနေ ၄ နာရီကျော်အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ စစ်ကောင်စီတပ် ခလရ(၁၂၃) အပါအဝင် နေရာ ၃ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက်ကျော် ပျောက်ဆုံးနေတယ်လို့ သတင်းတက်လာပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ညီနောင်မဟာမိတ်၃ ဖွဲ့အပြင် ကချင်(KIA)နဲ့ လည်း စစ်ကောင်စီ လက်နက်ကိုင်တို့ ထိတွေ့ တိုက်ပွဲများ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *