တော်လှန်ရေးသမား ထားထက်ထက်စာရေးဆက်သွယ်လာ

တစ်ချိန်က အလှမယ်အဖြစ်မှ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်သွားတဲ့ ထားထက်ထက်က ယနေ့ မေလ ၂၃ ရက်နေ့မှာ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ အောက်ပါအတိုင်း ရေးသားလိုက်ပါတယ်။

“ဒီစခန်းမှာ ကျွန်မရှိတယ်ဆိုပြီးပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့ သူတွေကိုလေးစားကြိုဆိုပါတယ်။
နောက်ပြီး ဒီစခန်းမှာ ကျွန်မရှိနေတယ်ဆိုလို့ လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလဲ တကယ်လေးစားကျေးဇူးတင်ပါတယ်။
အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေကြသူတွေကို ကျွန်မ အလွန်လေးစား ကျေးဇူးတင်သလို အောင်ပွဲရတဲ့ အထိ တော်လှန်ရေးထဲ ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ် ။ စေတနာနဲ့ ပေးလှူတဲ့ အလှူရှင်တွေကိုလဲ အရင်အတိုင်းဆက်လက်ထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
ဘာလို့လဲဆိုတော့ စစ်သင်ခန်းစာ လေ့ကျင့်နေတဲ့ စခန်း တိုင်းက အရာရာလိုအပ်နေကြလို့ပဲ ဖြစ်ပါတယ်။ အလှူရှင်၊ စေတနာရှင် တို့ရဲ့ အလှူတွေက လေ့ကျင့်ကြိုးစားနေသူတွေအတွက် တကယ်လိုအပ်တဲ့ အဟာရ နဲ့ စိတ်ခွန်အားကို ရရှိစေတဲ့အတွက်အကျိုးရှိစေလို့ပဲ ဖြစ်ပါတယ်။
ထားထက် ကို စခန်းတိုင်းမှာရှိနေတယ်လို့ သဘောထားစေချင်ပါတယ်။
(တော်လှန်ရေးကို အကြောင်းပြပြီး လူသစ် စုဆောင်းခြင်းမှ အမြတ်ထုတ်မှု နဲ့ အလှူငွေ၊ အလှူပစ္စည်းအပေါ်အခြားသော ပုဂ္ဂိုလ်ရေး အသုံးချမှုများရှိခဲ့လျှင်တော့ သေချာစီစစ်ပြီး တော်လှန်ရေးသန့်စင်မှု လုပ်ဖို့ အကြံပြုပါရစေ)
ထားထက်ထက်
(23 May 2021)”

Leave a Reply

Your email address will not be published. Required fields are marked *