တရားဟောဆရာ ဇာခရိရာဗီ၏ လိင်မတော်မလျော်မှုကိစ္စကို RZIM အတည်ပြုလိုက်ပြီ ..

(Unicode)

တရားဟောဆရာ ဇာခရိရာဗီက နှစ်ပေါင်းအတန်ကြာ လိင်ပိုင်းဆိုင်ရာ မလျော်မကန်လုပ်ဆောင်မှု ရှိခဲ့ကြောင်း ယုံကြည်လောက်သော သက်သေများရှိကြောင်းကို RZIM- Zacharias International Ministries ဇာခရိနိုင်ငံတကာ သာသနာလုပ်ငန်းက သက်ဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များနှင့် အားပေးဝန်းရံသူတို့အား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အတည်ပြု အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။

ထိုလိင်မှုကိစ္စ အရှုပ်အထွေကို စုံစမ်းစစ်ဆေးရန်အတွက် RZIM ကငှါးရမ်းထားသော CT, World, and blogger Steve Baughman တို့၏ ကနဦး အစီရင်ခံစာအရ လွန်ခဲ့သောနှစ်က ဆုံးပါးသွားခဲ့သော၊ ဘုရားရှိကြောင်းသက်သေထူသူ၊ နိုင်ငံတကာလူသိများသည့် တရားဟောဆရာ ဇာခရိရာဗီက အမျိုးသမီးပေါင်းများစွာနှင့် လိင်မှုမတော်မတရား ပြုကျင့်ကျူးလွန်မှုများ ရှိခဲ့ကြောင်း အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ ထိုစုံစမ်းစစ်ဆေးမှု အပြီးသတ် အစီရင်ခံစာသည် မကြာမီထွက်ပေါ်လာမှာဖြစ်ပြီး၊ RZIM အနေဖြင့် အများပြည်သူထံသို့ ပွင့်လင်းစွာချပြမှာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့မှ မီလာ နှင့် မာတင်တို့က ဘုတ်အဖွဲ့ထံတင်ပြရာတွင် ဇာခရိရာဗီ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော အလှပြင်ဆိုင်တွင် အလုပ်လုပ်ခဲ့ပြီး လိင်ပိုင်းကျူးလွန်ခံရသော အမျိုးသမီးများစွာက ခိုင်မာသော အသေးစိတ်အချက်အလက်တို့ကို ဖွင့်ပြောခဲ့တယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က အခြားသော မလျော်မကန်သော ဖြစ်စဉ်တွေကိုလည်း ဖော်ထုတ်နေပါတယ်။ စုံစမ်းစစ်ဆေးမှုက ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

“ဒီသတင်းက အားလုံးအတွက် စိတ်မသက်မသာစရာ၊ ရှုပ်ထွေးစရာ နှင့် ဒေါသထွက်စရာ ဖြစ်မယ်ဆိုတာ ကျွန်မတို့သိပါတယ်” ဟု ဇာခရိရာဗီ၏ သမီးဖြစ်သူ၊ RZIM ၏ စီအီးအို စာရာရာဗီက ရေးပါတယ်။ “ကျွန်မတို့ဆီမှာ မေးခွန်းများစွာ ဖြစ်ပေါ်လာသလို၊ သင်တို့မှာလဲ ထိုအတိုင်းရှိမယ်ဆိုတာ ကျွန်မတို့ သိပါတယ်” လို့ဆိုထားပါတယ်။ “ဇာခရိရာဗီ၏ လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှုကြောင့် သားကောင်ြဖ်စခဲ့ရသော၊ ထိခိုက်သွားသောသူများအားလုံးအတွက် ကျွန်မတို့ အလွန် ဝမ်းနည်းမိပါတယ်”လို့ စာရာရာဗီက ရေးပါတယ်။ ပြီးတော့ သူတို့အတွက် ဆုတောင်းပေးကြဖို့ RZIM ဝန်ထမ်းများကိုလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

RZIM ကကနဦးတွင် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါတယ်။ ဇာခရိရာဗီ၏ မိသားစုနှင့် လုပ်ဖောင်ဆောင်ဖက်အဖွဲ့အနေဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့စဉ်က သိမြင်ခဲ့သော သူ့အပြုအမူများအရ စွပ်စွဲချက်များကိုဘယ်လိုမှ ယုံကြည်မှု မရနိုင်ကြောင်း စာထုတ် တုံ့ပြန်ခဲ့ပါတယ်။ သို့သော် RZIM ဝန်ထမ်းတစ်ချို့က လိင်ကိစ္စကျူးလွန် ခံခဲ့ရသော အမျိုးသမီးများ၏ စွပ်စွဲချက်များသည် မှန်ကန်ကြောင်း ပြောဆိုကာ RZIM ထုတ်ပြန်ချက်ကို ကန့်ကွက်ခဲ့ပါတယ်။ RZIM တည်ထောင်သူအား မလျော်မကန်သော နည်းလမ်းဖြင့် ကာကွယ်ပေးနေသည့်ကိစ္စကို ဝန်ထမ်းများအတွင်း ရက်သတ္တပတ်များစွာ ဖိအားပေးပြောဆိုရာမှ ယခုအသိပေးစာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဇာခရိရာဗီ၏ လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုကျင့်မှုဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံသည် လာမည့် ဇန်နဝါရီလတွင် ထွက်ပေါ်လာမည်ဟု မျှော်လင့်ရပါတယ်။

မူရင််း သတင််း- link

(Zawgyi)

တရားေဟာဆရာ ဇာခရိရာဗီက ႏွစ္ေပါင္းအတန္ၾကာ လိင္ပိုင္းဆိုင္ရာ မေလ်ာ္မကန္လုပ္ေဆာင္မႈ ရွိခဲ့ေၾကာင္း ယုံၾကည္ေလာက္ေသာ သက္ေသမ်ားရွိေၾကာင္းကို RZIM- Zacharias International Ministries ဇာခရိႏိုင္ငံတကာ သာသနာလုပ္ငန္းက သက္ဆိုင္ရာ ဝန္ထမ္းမ်ား၊ အလႉရွင္မ်ားႏွင့္ အားေပးဝန္းရံသူတို႔အား ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔က အတည္ျပဳ အေၾကာင္းၾကားလိုက္ၿပီ ျဖစ္ပါတယ္။

ထိုလိင္မႈကိစၥ အရႈပ္အေထြကို စုံစမ္းစစ္ေဆးရန္အတြက္ RZIM ကငွါးရမ္းထားေသာ CT, World, and blogger Steve Baughman တို႔၏ ကနဦး အစီရင္ခံစာအရ လြန္ခဲ့ေသာႏွစ္က ဆုံးပါးသြားခဲ့ေသာ၊ ဘုရားရွိေၾကာင္းသက္ေသထူသူ၊ ႏိုင္ငံတကာလူသိမ်ားသည့္ တရားေဟာဆရာ ဇာခရိရာဗီက အမ်ိဳးသမီးေပါင္းမ်ားစြာႏွင့္ လိင္မႈမေတာ္မတရား ျပဳက်င့္က်ဴးလြန္မႈမ်ား ရွိခဲ့ေၾကာင္း အသိေပးလိုက္ျခင္းျဖစ္ပါတယ္။ ထိုစုံစမ္းစစ္ေဆးမႈ အၿပီးသတ္ အစီရင္ခံစာသည္ မၾကာမီထြက္ေပၚလာမွာျဖစ္ၿပီး၊ RZIM အေနျဖင့္ အမ်ားျပည္သူထံသို႔ ပြင့္လင္းစြာခ်ျပမွာ ျဖစ္ပါတယ္။

စုံစမ္းစစ္ေဆးေရးအဖြဲ႕မွ မီလာ ႏွင့္ မာတင္တို႔က ဘုတ္အဖြဲ႕ထံတင္ျပရာတြင္ ဇာခရိရာဗီ တစ္စိတ္တစ္ပိုင္းပိုင္ဆိုင္ေသာ အလွျပင္ဆိုင္တြင္ အလုပ္လုပ္ခဲ့ၿပီး လိင္ပိုင္းက်ဴးလြန္ခံရေသာ အမ်ိဳးသမီးမ်ားစြာက ခိုင္မာေသာ အေသးစိတ္အခ်က္အလက္တို႔ကို ဖြင့္ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ စုံစမ္းစစ္ေဆးေရးအဖြဲ႕က အျခားေသာ မေလ်ာ္မကန္ေသာ ျဖစ္စဥ္ေတြကိုလည္း ေဖာ္ထုတ္ေနပါတယ္။ စုံစမ္းစစ္ေဆးမႈက ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

“ဒီသတင္းက အားလုံးအတြက္ စိတ္မသက္မသာစရာ၊ ရႈပ္ေထြးစရာ ႏွင့္ ေဒါသထြက္စရာ ျဖစ္မယ္ဆိုတာ ကြၽန္မတို႔သိပါတယ္” ဟု ဇာခရိရာဗီ၏ သမီးျဖစ္သူ၊ RZIM ၏ စီအီးအို စာရာရာဗီက ေရးပါတယ္။ “ကြၽန္မတို႔ဆီမွာ ေမးခြန္းမ်ားစြာ ျဖစ္ေပၚလာသလို၊ သင္တို႔မွာလဲ ထိုအတိုင္းရွိမယ္ဆိုတာ ကြၽန္မတို႔ သိပါတယ္” လို႔ဆိုထားပါတယ္။ “ဇာခရိရာဗီ၏ လိင္ပိုင္းဆိုင္ရာ မေလ်ာ္မကန္ျပဳမူမႈေၾကာင့္ သားေကာင္ျဖ္စခဲ့ရေသာ၊ ထိခိုက္သြားေသာသူမ်ားအားလုံးအတြက္ ကြၽန္မတို႔ အလြန္ ဝမ္းနည္းမိပါတယ္”လို႔ စာရာရာဗီက ေရးပါတယ္။ ၿပီးေတာ့ သူတို႔အတြက္ ဆုေတာင္းေပးၾကဖို႔ RZIM ဝန္ထမ္းမ်ားကိုလည္း တိုက္တြန္း ေတာင္းဆိုထားပါတယ္။

RZIM ကကနဦးတြင္ စြပ္စြဲခ်က္မ်ားကို ျငင္းဆိုခဲ့ပါတယ္။ ဇာခရိရာဗီ၏ မိသားစုႏွင့္ လုပ္ေဖာင္ေဆာင္ဖက္အဖြဲ႕အေနျဖင့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အတူေနထိုင္လာခဲ့စဥ္က သိျမင္ခဲ့ေသာ သူ႔အျပဳအမူမ်ားအရ စြပ္စြဲခ်က္မ်ားကိုဘယ္လိုမွ ယုံၾကည္မႈ မရႏိုင္ေၾကာင္း စာထုတ္ တုံ႔ျပန္ခဲ့ပါတယ္။ သို႔ေသာ္ RZIM ဝန္ထမ္းတစ္ခ်ိဳ႕က လိင္ကိစၥက်ဴးလြန္ ခံခဲ့ရေသာ အမ်ိဳးသမီးမ်ား၏ စြပ္စြဲခ်က္မ်ားသည္ မွန္ကန္ေၾကာင္း ေျပာဆိုကာ RZIM ထုတ္ျပန္ခ်က္ကို ကန႔္ကြက္ခဲ့ပါတယ္။ RZIM တည္ေထာင္သူအား မေလ်ာ္မကန္ေသာ နည္းလမ္းျဖင့္ ကာကြယ္ေပးေနသည့္ကိစၥကို ဝန္ထမ္းမ်ားအတြင္း ရက္သတၱပတ္မ်ားစြာ ဖိအားေပးေျပာဆိုရာမွ ယခုအသိေပးစာ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

ဇာခရိရာဗီ၏ လိင္ပိုင္းဆိုင္ရာ မေလ်ာ္မကန္ျပဳက်င့္မႈဆိုင္ရာ အစီရင္ခံစာ အျပည့္အစုံသည္ လာမည့္ ဇန္နဝါရီလတြင္ ထြက္ေပၚလာမည္ဟု ေမွ်ာ္လင့္ရပါတယ္။ မူရင္္း သတင္္း- link

Leave a Reply

Your email address will not be published. Required fields are marked *