ဒုတိယကမ္ဘ္ဘာစစ်
ဂျပန်လေတပ်က
ပုလဲဆိပ်ကမ်းကို ဗုံးကြဲ
တိုက်ခိုက်လိုက်ချိန်မှာပေါ့။
အမေရိကန် ရေတပ်
အကြီးအကျယ်
ဆုံးရှုံးသွားခဲ့တယ်။
စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။
၆ စင်းက သုံးလို့မရတော့ဘူး။
ရေတပ်မှာရှိတဲ့ တိုက်လေယာဉ်
၄၅၀ ပျက်စီးသွားခဲ့တယ်။
သေဆုံးသူ ၃၈၀၀။
အမေရိကန်တပ်သားတွေ
စိတ်ဓာတ်အကျ ကြီးကျ
သွားကြတယ်။
ပစိဖိတ်စစ်မျက်နှာရဲ့
ရေတပ်သားတွေဟာ
မျှော်လင့်ချက်မဲ့လောက်အောင်ကို
စိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။
သူတို့လောက်အခြေအနေဆိုးတာ
မရှိလောက်အောင်ကို စိတ်မှာ
ထင်ကုန်ကြတယ်။ ဒါကြောင့်
အမေရိကန်တပ်သားတွေရဲ့
စိတ်ဓာတ်ကျဆင်းမှုကို
ပြန်အဖက်ဆယ်နိုင်ဖို့
အမေရိကန်သမ္မတ ရုစဗဲ့ ဟာ
ချက်စတာနိမစ်ကို ပစိဖိတ်ရေတပ်ရဲ့
အုပ်ချူ ပ်သူအဖြစ် ခန့်လိုက်တယ်။
ချက်စတာနိမစ်ဟာ တပ်သားတွေ
စိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့
စိတ်ဓာတ် စစ်ဆင်ရေး တစ်ခုကို
လုပ်ဖို့စဉ်းစားမိတယ်။
သူဟာ ပုလဲဆိပ်ကမ်း
ကျရှုံးစေသော အားနည်းချက်ကို
အရင် လိုက်ရှာတယ်။
ထို အားနည်းချက်တွေမှတဆင့်
တပ်သားတွေရဲ့စိတ်ဓာတ်ကို
ပြန်နှိုးထပေးဖို့စီစဉ်လိုက်တယ်။
ပထမဆုံးစစ်သားတွေနဲ့
တွေ့ဆုံပွဲ လုပ်ချိန်မှာ
သူက”လက်ရှိအခြေအနေကို
အဆိုးဆုံးလို့ထင်နေကြပါသလား?
တကယ်တော့မဆိုးသေးပါဘူး။
ဂျပန်လေတပ်တွေသာ အမှား
၃ ခုကို မကျူ းလွန်ခဲ့ဘူးဆိုရင်
ငါတို့ဒီနေရာမှာ ဒီလိုရပ်ပြီးတောင်
စကားပြောနိုင်ကြမယ်မထင်ပါဘူး။”
“အဲ့ဒီအမှား ၃ ခုက ဘာလည်း
သိချင်ကြလား?”
တပ်သားတွေ စိတ်ထဲ
ထို အမှား ၃ ခုကို သိချင်စိတ်
ပြင်းပြစွာဖြစ်ပေါ်လာတယ်။
“ပထမဆုံးအမှားက
ပုလဲဆိပ်ကမ်းကိုဗုံးလာကြဲချိန်ဟာ
တနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။
တနင်္ဂနွေဆိုတာ အားလပ်ချိန်ပါ။
အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ
စစ်သားအကုန်မရှိကြပါဘူး။
သူတို့တွေအခြား နေရာတွေမှာ
အနားယူနေကြတယ်။
တကယ်လို့ ဂျူ တီချိန်တွေမှာသာ
ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင်
သေဆုံးစာရင်းက ၃၈၀၀၀
ဖြစ်သွားပါလိမ့်မယ်။”
“ဟုတ်လား?”
ဟုတ်နေပါတယ်။
ဒီအချက်ကိုသူတို့မတွေးခဲ့ကြဘူး။
ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။
ခုတော့အသေပျောက်စာရင်းက
အများကြီး နည်းသွားခဲ့လို့
ကံကြမ္မာဟာသူတို့ဘက်မှာ
ရှိနေတာကိုမြင်သွားကြတယ်။
တပ်သားတွေစိတ်တက်ကြွ
လာတာကိုမြင်လိုက်ရတဲ့ နိမစ်က
နောက်တစ်ချက်ကိုထပ်ပြောတယ်။
“ဒုတိယ အမှားကတော့
အရမ်းဆိုးတယ်။ ဒီဂျပန်တွေ
တကယ်ဆိုသင်္ဘောတွေကိုပဲ
ဗုံးကြဲခဲ့တာသူတို့ကံဆိုးတာပဲဗျာ။
သင်္ဘောကျင်းတွေကို မဖျက်ဆီး
ခဲ့မိကြဘူးလေ။ သင်္ဘောကျင်း
တွေသာပျက်ဆီးကုန်ရင်
ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာ
မဟုက်သလိုပျက်ဆီးသွားတဲ့
သင်္ဘောတွေကိုလည်း
ပြန်ပြု ပြင်လို့ရမှာမဟုတ်ဘူး။
ငါတို့သင်္ဘောတွေကို မိုင်ထောင်ချီ
သွားပြီးပြု ပြင်နေရလိမ့်မယ်။
ဒါဆိုရင်တော့ ငါတို့သွားပြီ။
နာလန်တောင်ထူနိုင်မှာမဟုက်ဘူး။”
“ဟုက်တယ်မလား”
မှန်တယ်။ တပ်သားတွေ
လက်ခုပ်ဝိုင်းတီးကြတယ်။
စိတ်ဓာတ်တွေလည်း
တက်ကြွလာကြတယ်။
ဒီဆုံးရှုံးမှုဟာ ဘာမှ
မဟုက်တာကို မြင်လာကြတယ်။
သူတို့ နောက်အမှားတစ်ခုကို
ပိုသိချင်လာကြတယ်။
“တတိယ အမှားကတော့”
အားလုံးစိတ်လှုပ်ရှားနေကြတယ်။
သေချာနားစွင့်နေကြတယ်။ နိမစ်က
ကျယ်လောင်စွာပဲ ပြောလိုက်တယ်။
“ဂျပန်တွေသိပ်တုံးတယ်။
သူတို့ဟာ ငါတို့
ပြန်တိုက်ခိုက်နိုင်ဖို့
ကလဲ့စားချေ ဖို့အတွက်
အားအင်တွေကို
အပြည့်ချန်ထားပေးခဲ့တယ်။
အဲ့ဒါက လောင်စာဆီတွေပဲ။
လောင်စာဆီကန်တွေဟာ
ငါတို့သင်္ဘောကျင်းနဲ့ ၅ မိုင်အကွာ
တောင်ထိပ်မှာ ရှိနေတယ်။
ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင်
ငါတို့မှာရှိသမျှ တိုက်လေယာဉ်တွေ
သင်္ဘောတွေဟာအလကားပဲကွ။”
အကုန်စိတ်ဓာတ်တွေတစ်ဝုန်းဝုန်း
ကြွတက်လာကြတယ်။
“ဂျပန်တွေ ဘာလို့
ဒီအမှားတွေ
ကျူ းလွန်ခဲ့ကြလည်း
သိကွလား?။
အဖြေကရှင်းတယ်။
ဘုရားသခင်ဟာငါတို့ဘက်မှာ
အမြဲရှိနေခဲ့တယ်။
ငါတို့ကိုကူညီခဲ့တယ်။”
လက်ခုပ်သံတွေဆူညံစွာ
ထွက်ပေါ်လာတယ်။
ကြွေးကြော်သံတွေ
ညံထွက်လာတယ်။ အရှုံးထဲကနေ
အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာ
ရှိနိုင်သော၊ ရနိုင်သော
အခွင့်အရေးကို မြင်လိုက်ရချိန်မှာ
အားအင်တွေ လုံးဝတက်ကြွ
သွားကြတယ်။ အဲဒီနောက်မှာတော့
အမေရိကန်ရေတပ်ဟာ ဂျပန်တွေ
ထိန်းချူ ပ်ထားသော Marshallနဲ့
Gilbert ကျွန်းတွေကိုရုတ်တရက်
ပြန်သိမ်းလိုက်တယ်။
ဂျပန်စစ်သင်္ဘော ၈စီးကို
မြုပ်ပစ်လိုက်တယ်။
တောက်လျှောက်
ပစိဖိတ် စစ်မျက်နှာပြင်မှာ
ဂျပန်လေယာဉ်တွေ
စစ်သင်္ဘောတွေကို
ရေအောက်မြုပ်ပြလိုက်တယ်။
နောက်ဆုံး လက်နက်မချ နိုင်တဲ့
ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆မှာ
ဟီရိုးရှီးမား။ သြဂုတ် ၉ မှာ
နာဂါဆကီ မြို့၂မြို့ကို အနုမြူ ဗုံး
ကြဲချပြီး ဒုတိယကမ္ဘ္ဘာစစ်ကို
အနိုင်ယူလိုက်ကြတယ်။
ဒီနေရာမှာစဉ်းစားကြည့်ရအောင်။
တကယ်လို့ ပုလဲဆိပ်ကမ်း
ရှုံးနိမ့်မှု မှာကထဲက
အမေရိကန်တွေသာစိတ်ဓာတ်
ကျပြီး အရှုံးကိုသာလက်ခံခဲ့ကြရင်
ယနေ့ super power နိုင်ငံအဖြစ်
ရပ်တည်နိုင်မှာမဟုက်ပါဘူး။
ဒီလို … မျက်မှောက်ခေတ်
အောင်မြင်မှု ရရှိစေသော
အကြောင်းပြချက်ကရိုးရိုးလေးပါ။
“အရှုံးကို လက် မ ခံ လိုက်ပါနဲ့”
အရှုံးကို လက်မခံသေးသမျှ
ကာလပတ်လုံးသင့်မှာအောင်မြင်ဖို့
90%ရှိနေပါသေးတယ်။
ဘာလို့အဆင်မပြေဖြစ်တိုင်း
စိတ်ဓာတ်ကျ ကြမှာလည်း။
အကောင်းလေးတွေမြင်ကြည့်ကြပါ။
ဘယ်လောက်ဆိုးတဲ့
အခြေအနေမှာပဲ ဖြစ်ဖြစ်
သင်သာအကောင်းမြင်တက်ရင်
သင့်အတွက် သင့်ဘက်မှာ
ကံတရားရှိတာမြင်လာပါလိမ့်မယ်။
ဒါဆို ဘာလို့ နောက်တခါ
ပြန်မကြိုးစားနိုင်ရမှာလည်း။
သင်လဲကျ မှာလုံးဝမစိတ်မပူမိပါဘူး၊
သင်ပြန်မထနိုင်မှာသာစိတ်ပူမိပါတယ်။
ပြန်ထလာနိုင်ဖို့လည်း
အားအင်တွေပေးနိုင်ပါတယ်။
ဒီကနေ့ ကြုံနေရတဲ့
အခက်အခဲဆိုတာအနာဂါတ်မှာ
သင့်ကိုပိုမိုအောင်မြင်စေမယ့်
တွန်းကန်အားဆိုတာ
မြင်ပြီလား ?
မြင်တတ်ပြီလား ?
အောင်မြင်မှုဆီအတူတူ
သွားကြရအောင်ဗျာ။
ကျွန်တော်ရဲရဲကြီးပြောရဲတယ်။
“သင် လုံးဝ အောင်မြင်ရမယ်။
သင် လုံးဝ အောင်မြင်ရမယ်။
သင် လုံးဝ အောင်မြင်ရမယ်။”
Yes We Can. Yes We Can.
Yes We Can. Yes …….
Drကျော်စွာလင်း ၏ Fb Post ကိုကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။