ဆွမ်ဘရာဘွမ်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီ ဖမ်းခေါ်

စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဝင်များက ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် ဆွမ်ပီယန် (Sumpyi Yang)နဲ့ အင်ဆိုင်းယန် (NsaiYang) ကျေးရွာက ရာအိမ်မှုးနဲ့ ဆယ်အိမ်မှူး‌တွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဇွန်လ ၅ ရက်နေ့မနက် ၇ နာရီ ခွဲလောက်မှာ အစည်းအဝေးရှိတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ပူတာအိုဘက် ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

မေလအဆုံးပိုင်းကစတင်ပြီး ပူတာအိုဒေသမှာ ကေအိုင်အေလှုပ်ရှားစစ်ကြောင်းများက စစ်ကောင်စီ လက်နက်ကိုင်များကို ပစ်ခတ်မှုစတင်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *