… စစ်အာဏာရှင်တို့ကို ဘယ်လိုနဲ့ ထာဝရနိဂုံးချုပ်ပေးမလဲ ..How will the military dictatorship end forever?

Politics:Opinion: “How will the military dictatorship end forever?”

ကနေ့ အာဏာသိမ်း စစ်အစိုးရအား ဆန့်ကျင်ရေး သံပုံးတီးလှုပ်ရှားမှုက တကယ်အောင်မြင်ပါတယ်။ တစ်ရပ်ကွက်လုံး၊ တစ်နိုင်ငံလုံး ပြိုင်တူပဲ။ လက်နက်ကိုင်က တိုင်းပြည်ကိုဦးဆောင်မှာကို လုံးဝမကြိုက်ကြောင်း ပြသလိုက်ကြပါတယ်။ ထပ်လည်းလုပ်ပါဦးမယ်။ ကြက်သီးတွေလည်း ထပါတယ်။ ဒီထုရိုက်သံတွေကို ပေါင်းစုလိုက်ရင် အာဏာရှင်တွေ စိစိညက်ညက် ဖြစ်လောက်ပါရဲ့။ဒါနဲ့ ဆက်တွေးမိပါရဲ့။ တကယ်လို့သာ ပြည်သူ လက်ထဲမှာ လက်နက်သာရှိရင် ဘယ်အာဏာရှင်၊ ဘယ်အာဏာသိမ်းစစ်အစိုးရကမှ အရိုးတောင် ရှာလို့ရမှာ မဟုတ်ဘူးလို့။ (သန်း ၅၁ သန်းမှာ တစ်ဝက်အောက်ပဲထားလိုက်ပါဦး သန်း ၂၀ ကလက်နက်သာကိုင်ထား ကြရင် … သူတို့ သဘောမတူတာ ဘာမှ ဖြစ်ခွင့်ရလိမ့်မယ် မထင်လိုက်ပါနဲ့)


ဟုတ်ပါတယ်။ တိုင်းပြည်တစ်ခုမှယ လက်နက်ကိုင်တွေ ထပ်ခါထပ်ခါ အာဏာမသိမ်းအောင် တားဆီးဖို့ နည်းလမ်း အများကြီးထဲမှာ အထိရောက်ဆုံးက ပြည်သူကို လက်နက်ပေးကိုင် လိုက်တာပါပဲ။ မြန်မာ့အခင်းအကျင်းမျိုးမှာ ပြည်သူကို လက်နက်ပေးကိုင်လိုက်ခြင်းက မဟုတ်မမှန်လုပ်မယ့်သူတွေကို ချုပ်ငြိမ်းစေတာနဲ့ တူပါလိမ့်မယ်။ အသက်ကို အလောင်းအစားလုပ်ပြီး မလုပ်ရတိုင်း အခုတော့ ဂျိုကြွနေကြတာလေ။လက်နက်ကလေးကိုင်ထားရင် လက်နက်မဲ့တွေကို နိုင်လိုမင်းထက်လုပ်နေကြတာ။ ပြည်သူမှာ သိုးငယ်တွေလို အကာအကွယ်မဲ့နေတာလေ။ ပြည်သူတွေလက်ထဲ လက်နက်ကိုင်ထားရင်တော့လား၊ ပြည်သူ သဘောမတူရင် ဘယ်လက်နက်ကိုင်မှ ကိုယ့်သေတွင်းကိုယ် မတူးတော့ဘူး။


နောင်အနာဂတ်မှာ ကောင်းမွန်သော နိုင်ငံသားများ လက်နက်ဝယ်ယူကိုင်ဆောင်ခွင့်ကိုပေးဖို့ ဥပဒေ ပြဌါန်းသင့်ပါတယ်။ အမတ်တွေ ကြိုးစားရပါမယ်။ လက်နက်မှုနဲ့ လူအနည်းအကျဉ်း သေကြေတာ ဖြစ်နိုင်ပေမယ့်၊ အခုလို လက်နက်နဲ့အနိုင်ကျင့်တဲ့ တတ်ယောင်ကား စစ်အာဏာရှင် တစ်ကောင်တစ်လေတောင် ပြူတစ်တစ်တောင် ထွက်လာရဲမှာ မဟုတ်တော့ဘူး။ ဒါမှ အာဏာရှင်တို့၏ ထာဝရနိဂုံးဖြစ်ပါလိမ့်မယ်။

ကေန႔ အာဏာသိမ္း စစ္အစိုးရအား ဆန႔္က်င္ေရး သံပုံးတီးလႈပ္ရွားမႈက တကယ္ေအာင္ျမင္ပါတယ္။ တစ္ရပ္ကြက္လုံး၊ တစ္ႏိုင္ငံလုံး ၿပိဳင္တူပဲ။ လက္နက္ကိုင္က တိုင္းျပည္ကိုဦးေဆာင္မွာကို လုံးဝမႀကိဳက္ေၾကာင္း ျပသလိုက္ၾကပါတယ္။ ထပ္လည္းလုပ္ပါဦးမယ္။ ၾကက္သီးေတြလည္း ထပါတယ္။ ဒီထု႐ိုက္သံေတြကို ေပါင္းစုလိုက္ရင္ အာဏာရွင္ေတြ စိစိညက္ညက္ ျဖစ္ေလာက္ပါရဲ႕။ဒါနဲ႔ ဆက္ေတြးမိပါရဲ႕။ တကယ္လို႔သာ ျပည္သူ လက္ထဲမွာ လက္နက္သာရွိရင္ ဘယ္အာဏာရွင္၊ ဘယ္အာဏာသိမ္းစစ္အစိုးရကမွ အ႐ိုးေတာင္ ရွာလို႔ရမွာ မဟုတ္ဘူးလို႔။ (သန္း ၅၁ သန္းမွာ တစ္ဝက္ေအာက္ပဲထားလိုက္ပါဦး သန္း ၂၀ ကလက္နက္သာကိုင္ထား ၾကရင္ … သူတို႔ သေဘာမတူတာ ဘာမွ ျဖစ္ခြင့္ရလိမ့္မယ္ မထင္လိုက္ပါနဲ႔)

ဟုတ္ပါတယ္။ တိုင္းျပည္တစ္ခုမွယ လက္နက္ကိုင္ေတြ ထပ္ခါထပ္ခါ အာဏာမသိမ္းေအာင္ တားဆီးဖို႔ နည္းလမ္း အမ်ားႀကီးထဲမွာ အထိေရာက္ဆုံးက ျပည္သူကို လက္နက္ေပးကိုင္ လိုက္တာပါပဲ။ ျမန္မာ့အခင္းအက်င္းမ်ိဳးမွာ ျပည္သူကို လက္နက္ေပးကိုင္လိုက္ျခင္းက မဟုတ္မမွန္လုပ္မယ့္သူေတြကို ခ်ဳပ္ၿငိမ္းေစတာနဲ႔ တူပါလိမ့္မယ္။ အသက္ကို အေလာင္းအစားလုပ္ၿပီး မလုပ္ရတိုင္း အခုေတာ့ ဂ်ိဳႂကြေနၾကတာေလ။လက္နက္ကေလးကိုင္ထားရင္ လက္နက္မဲ့ေတြကို ႏိုင္လိုမင္းထက္လုပ္ေနၾကတာ။ ျပည္သူမွာ သိုးငယ္ေတြလို အကာအကြယ္မဲ့ေနတာေလ။ ျပည္သူေတြလက္ထဲ လက္နက္ကိုင္ထားရင္ေတာ့လား၊ ျပည္သူ သေဘာမတူရင္ ဘယ္လက္နက္ကိုင္မွ ကိုယ့္ေသတြင္းကိုယ္ မတူးေတာ့ဘူး။

ေနာင္အနာဂတ္မွာ ေကာင္းမြန္ေသာ ႏိုင္ငံသားမ်ား လက္နက္ဝယ္ယူကိုင္ေဆာင္ခြင့္ကိုေပးဖို႔ ဥပေဒ ျပဌါန္းသင့္ပါတယ္။ အမတ္ေတြ ႀကိဳးစားရပါမယ္။ လက္နက္မႈနဲ႔ လူအနည္းအက်ဥ္း ေသေၾကတာ ျဖစ္ႏိုင္ေပမယ့္၊ အခုလို လက္နက္နဲ႔အႏိုင္က်င့္တဲ့ တတ္ေယာင္ကား စစ္အာဏာရွင္ တစ္ေကာင္တစ္ေလေတာင္ ျပဴတစ္တစ္ေတာင္ ထြက္လာရဲမွာ မဟုတ္ေတာ့ဘူး။ ဒါမွ အာဏာရွင္တို႔၏ ထာဝရနိဂုံးျဖစ္ပါလိမ့္မယ္။

Leave a Reply

Your email address will not be published. Required fields are marked *