စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို အမေရိကန်ပြည်သူတွေတောင် အားကျနေပြီ ဆိုတဲ့ဗွီဒီယိုကလစ်ထွက်ပေါ်

” ခြောက်ဘာသာဂုဏ်ထူးထွက်တဲ့ကလေးက ခိုးချလာတဲ့စာရွက်ကလေး တစ်ရွက်တွေ့ရင်ကို အောင်ပေးလို့ရသလား” လို့ ဥပမာပေး မေးခွန်းထုတ်လိုက်ပြီး၊ ” နောင်တက်လာမယ့်အစိုးရတိုင်း ကိုယ့်ပါတီကို လုပ်ချင်တိုင်း ဒီလိုလုပ်သွားလို့ မရဘူးဆိုတာကို တပ်မတော်က ပြလိုက်တာပါ” လို့ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ အရာရှိတစ်ဦးက ဟောပြောနေတဲ့ ဗွီဒီယိုကလစ်တစ်ခု ကို Highlights Myanmar ကတင်လိုက်ပါတယ်။

အမေရိကန်ပြည်သူတွေကတောင် သူတို့ရဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို ပြောဆိုကြရာမှာ မြန်မာတပ်မတော်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို အတုယူစရာအဖြစ် ပြောဆိုနေကြပြီလို့ ဆိုထားပါတယ်။ “အခုဆိုရင် ကျွန်တော်တို့ တပ်မတော်က ဆောင်ရွက်မှုတွေကို အမေရိကန်က ပြည်သူတွေတောင်မှ၊ ဘာလဲ … အားကျနေပြီ” လို့ဆိုလိုက်ပါတယ်။ facebook page link

တပ်မတော်က အန်အယ်လ်ဒီအစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲနေပြီး၊ စစ်တပ်က တိုင်းပြည် အာဏာသိမ်းရတဲ့ အဓိကအကြောင်းရင်းအဖြစ် ဖော်ပြနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *