စစ်ကောင်စီလုပ်ရပ် ရှုံ့ချကြောင်း နိုင်ငံတကာကုန်သည်အသင်း ၈ သင်း ပူးတွဲ သဘောထားထုတ်ပြန်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူလူထုကို သတ်ဖြတ်ခြင်း ကို ကန့်ကွက်ရှုံ့ချကြောင်း နိုင်ငံတကာကုန်သည်အသင်း ၈ သင်းမတ်လ (၁၉) နေ့စွဲနဲ့ ပူးတွဲ သဘောထားထုတ်ပြန် လိုက်ပါတယ်။

လက်နက်မဲ့၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်မှတ်ထားပြီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို ရှုံ့ချကြောင်း၊ အင်တာနက်နဲ့ သတင်းစီးဆင်းမှုကိုအဟန့်အတားကို ဖယ်ရှားပေးရန်ယခင်အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးသည့်အတိုင်း ပြန်လည်တောင်းဆိုကြောင်း နှင့် ခေတ်မီငြိမ်းချမ်းကြွယ်ဝသော နိုင်ငံတော်ကို ပုံဖော်နေတဲ့ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပါကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ နိုင်ငံတကာကုန်သည် အသင်းများမှာ အမေရိကန်ကုန်သည်ကြီးများအသင်း(AMCHAM)၊ ဂရိ- မြန်မာ ကုန်သည်ကြီးများ အသင်း၊ အီတလီ- မြန်မာ ကုန်သည်ကြီးမားအသင်း၊ ဥရောပကုန်သည်ကြီးများအသင်း (EuroCham)၊ ဂျာမဏီ- မြန်မာစီးပွားရေးကုန်သည်ကြီးများအသင်း၊ အီတလီ- မြန်မာ စီးပွားရေးအဖွဲ့၊ မြန်မာ- ပြင်သစ် စက်မူလက်မူနှင့် ကုန်သည်ကြီးများအသင်း(CCI-France) နှင့် နယူးဇီလန်- မြန်မာကုန်သည်ကြီးများ အသင်း (NZMCC) တို့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *