စစ်ကောင်စီလက်ထက် ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်ခံရသူ (၃) ဦးအထိရှိလာ …

News: Up to 3 people were abducted and killed during the military council.

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အကောင်းအတိုင်းအနေအထားကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အာဏာပိုင်လက်ထဲမှာ သတ်ဖြတ်ခံရသူ (၃) ဦးအထိရှိလာပြီဖြစ်ပါတယ်။ သူတို့ကတေ့ ပန်းပဲတန်း(ရပ်ကျေး)-NLD (ဥက္ကဌ) ကိုခင်မောင်လတ်၊ မူဆယ်မြို့က ဦးသိန်းလွင် နှင့် စုအသက်မွေဝမ်းကျောင်းသိပ္ပံ-ရွှေပြည်သာ၊တာဝန်ခံ ကိုဇော်မြတ်လင်း တို့ဖြစ်ပါတယ်။

ပန်းပဲတန်း(ရပ်ကျေး)-NLD (ဥက္ကဌ) ကိုခင်မောင်လတ်ကို ၆.၃.၂၀၂၁ ရက်နေ့ ည(၁၀:၀၀)နာရီက ပန်းပဲတန်းမြို့နယ်၊ လမ်း(၃၀)မှာ ဝင်ဖမ်းခဲ့ပါတယ်။ နောက်တစ်နေ့မှာ ခေါင်းရိုက်ခွဲ၊ ခြေထောက်ညိုမဲဒဏ်ရာတွေနဲ့ အလောင်းလာကောက်ဖို့ မိသားစိုကို အကြောင်းကြားခဲ့ပါတယ်။

Sources: https://www.facebook.com/zinmin.lwin.52012/videos/718564558808691

မှုဆယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဆန္ဒပြပြည်သူ ဦးသိန်းလွင်ကို ဖမ်းဆီးသွားခဲ့ပြီး၊ မတ်လ ၅ ရက်မှာ ဒဏ်ရာများနဲ့ ရုပ်အလောင်းကိုနေအိမ်သို့ပြန်ပို့ပေးခဲ့ကြောင်းသိရပါတယ်။

ကိုဇော်မြတ်လင်း (စုအသက်မွေဝမ်းကျောင်းသိပ္ပံ-ရွှေပြည်သာ၊တာဝန်ခံ) ကို မတ်လ ၈ ရက်နေ့ညက ဖမ်းသွားပြီး ၉ ရက်နေ့မှာ ဆုံးပါးသွားပါပြီလို့သိရပါတယ်။

စစ်ကောင်စီလက်ထက် ယခုလို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများအပြင်၊ လမ်းပေါ်မှာ ဆန္ဒပြသူများကို သွေးအေးအေးဖြင့် ပစ်သတ်မှုများ၊ ဖမ်းဆီးချုပ်နှောင်ထားပြီး ငွေကြေးဖြင့် ရွေးယူစေခြင်းများ နှင့် တရားစွဲဆိုမှုများအများအပြားရှိနေတယ်လို့ သတင်းပေးပို့ထားပါတယ်။

Sources: https://www.facebook.com/zinmin.lwin.52012/videos/718564558808691

Leave a Reply

Your email address will not be published. Required fields are marked *