ချစ်သော … တိတ်ဆိတ်သော ရန်ကုန် …

ရန်တွေမကုန်သေးပေမယ့် ရန်ကုန်လို့ သမုတ်ခဲ့တဲ့မြေ
ကိုဗစ်ဒဏ်လဲခံရတယ်၊ အာဏာရူးဒဏ်လဲခံရတယ်
စိတ်ဒဏ်ရာတွေ ပရပွနဲ့ … ကနေ့ တိတ်ဆိတ်ခြင်းဆန္ဒပြတယ်
ကျဆုံးဒီမိုသူရဲကောင်းတွေကို အလေးအနက်ဂုဏ်ပြုတယ်
အာဏာရှင်တွေကို အလေးအနက် ဆန့်ကျင်တယ်
ငါတို့ချစ်တဲ့ ရန်ကုန် … တိတ်ဆိတ်စွာ ဆန္ဒပြနေတဲ့ရန်ကုန်
တိတ်ဆိတ်ခြင်းမှာ ကျယ်လောင်ဆုံးအသံတွေရှိတယ်
ချစ်သော ရန်ကုန်… တိတ်ဆိတ်သော ရန်ကုန် …
ရန်မကုန်သေးတဲ့ ရန်ကုန်





Leave a Reply

Your email address will not be published. Required fields are marked *