အကြပ်အတည်းတွေထဲမှာ စွန့်လွှတ်စွန့်စား သူရဲကောင်းတွေကို ပေါ်ထွက်လာလေ့ရှိပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းထဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စာဖြူစုရွာမှာရှိတဲ့ လီဆူအသိုင်းအဝန်းငယ်လေးထဲက ကိုဗစ်သူရဲကောင်း (၃) ဖော်ထွက်ပေါ်လာခဲ့ပါတယ်။
သူတို့က ဖောင်ကြီးမှာရှိတဲ့ ကိုဗစ်ကုသရေးစင်တာသို့ ကိုယ်ကျိုးစွန့် သွားရောက်အစေခံခဲ့ကြတဲ့ အသက် ၂၀ ကျော် လီဆူလူငယ်လေးတွေဖြစ်ပါတယ်။ ကိုဗစ်သူရဲကောင်း (၃) ဖော်- ကိုအောင်ဆဲ၊ ကိုငွားဆာဘို၊ ကိုဒါလီရော် တို့ကို လီဆူတိုင်းမ်က တစ်ဦးချင်း အင်တာဗျူးထားတဲ့အတိုင်း အစဉ်လိုက် ဖော်ပြပေးနေရာမှာ စီနီယာတွေက နောက်ဆုံးမှ လာတယ်ဆိုတဲ့အတိုင်း၊ ယခုအလှည့်ကျသူကတော့ အသက် ၂၆ နှစ်အရွယ် ကိုဒါလီရော် ဖြစ်ပါတယ်။
မေး- ဖောင်ကြီး ကိုဗစ်ကုသရေး စင်တာမှာ ဘယ်လောက်ကြာအောင် ပါဝင်ခဲ့ပါသလဲ။
ဖြေ – ကျနော် ဖောင်ကြီးမှာ သုံးလခွဲလောက် Volunteer အဖြစ်ပါဝင်ခဲ့ရပါတယ်။ ၁၃.၈.၂၀ ကနေစတင် အစေခံခဲ့တာ အိမ်ပြန်ရောက်တဲ့နေ့ကတော့ ၃.၁၂.၂၀ အိမ်ပြန်ရောက်ခဲ့ပါတယ်။ သွားတုန်းကတော့ ၁ လလောက်လုပ်ကူပြီးပြန်လာဖို့လုပ်ခဲ့ပေမယ့် Covid-19 ကြီးပိုဆိုးလာတာနဲ့ ကြာသွားတယ်။
မေး- wow သုံးလခွဲတောင် အစေခံခဲ့ပါရောလား။ ဘယ်လိုဘယ်ပုံနဲ့ အဆက်အသွယ်ရပြီး ပါဝင်ဖြစ်ခဲ့တာလဲ။
ဖြေ – သွားရောက်ပါဝင်ဖြစ်ခဲ့တာက အစတည်းကတော့ ကိုယ်တိုင်ကလဲ ဒါမျိုးရှေ့တန်းမှာ ပါဝင်ချင်ခဲ့ပါတယ်။ ဒါပေမယ့် အဆက်အသွယ်မရခဲ့ဘူး။ တနေ့တော့ ကျွန်နော့်ဦးလေး ဆရာဒေးဗစ်က သူ့သူငယ်ချင်းရွှေပြည်သာက ဆရာတပါးရဲ့ အဆက်အသွယ်နဲ့ Volunteer ခေါ်တဲ့အကြောင်း ပြောပြတယ်။ သွားလုပ်ပါလား ပြောလာတာနဲ့ ကျနော်လဲ မဆိုင်းမတွ ok သွားမယ်ဆိုပြီး ပါဝင်ဖြစ်တယ်။သွားတော့မှ MCC ကဦးဆောင်တာ သိလိုက်ရပြီး၊ အဲ့မှာလဲ တစ်ခြား အသိဆရာတွေနဲ့လဲ တွေ့ဖြစ်ခဲ့ပါတယ်။
မေး – ကိုဗစ်စင်တာမှာ ဘယ်လိုကဏ္ဍတွေကနေ ပါဝင်ခဲ့ရသလဲ။
ဖြေ- ဖောင်ကြီး Covid Centre မှာ ကျနော်တို့ Volunteers တွေက ဘယ်လိုလုပ်ငန်းတွေမှာ ပါဝင်ခဲ့ရလဲဆိုတော့ ကျနော်စရောက်တော့ ဖောင်ကြီးမှာက Positive လူနာတွေမရှိသေးဘူး။ Double Negative သမားတွေဘဲ ထားသေးတာပေါ့။ Volunteers ကလဲ အယောက်သုံးဆယ်လောက်ဘဲရှိတယ်။ အဲ့တုန်းကတော့အလုပ်သိပ်မများခဲ့ပါဘူး။ အခုတော့ Volunteers ၁၅၀ လောက်အမြဲထားရတယ်။ PPE ဝတ်ပြီး လူနာသစ်တွေကို အခန်းထဲပို့ပေးရတယ်။ သူတိူ့လိုအပ်တဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ လူနာနေဖို့အတွက်အခန်းသန့်ရှင်းရေးကစ အကုန်အဆင်သင့်ကြိုပြီးလုပ်ပေးရတာပေါ့။ အထဲမှာ လူနာတွေ လိုအပ်တာတွေကို သန့်ရှင်းရေး အမှိုက်သိမ်းကအစ၊ လမ်းမလျှောက်နိုင်တဲ့လူနာတွေကိုဆိုရင် ဒိုင်ဘာ diaper လဲပေးတာကအစပေါ့ လူနာကိစ္စအားလုံးလုပ်ပေးရပါတယ်။ Double Negative တုန်းကဆိုရင် သွေးပေါင်ချိန်တာနဲ့ အောက်စီဂျင် (SPO2) တိုင်းတာ၊ Oxygen ပေးရတာတွေကကျတော်တို့ နေ့တိုင်းလုပ်ပေးရပါတယ်။
စစချင်းဆိုတော့ ဆရာဝန်တွေ Nurse တွေလည်းနည်းတယ်။ အဲ့လိုနဲ့ ကျနော်ဖောင်ကြီးရောက်ပြီး ၂ပတ်လောက်အကြာမာတော့ Second Wave ကလဲစတာနဲ့ Positive လူနာတွေလဲရောက်လာကြပါတယ်။ အစပိုင်းမှာတော့ positive တွေ ၁ရက်ကို အယောက်၂၀၊ ၃၀ ဝန်းကျင်ဘဲမို့ သရဖီဆောင်မှာဘဲထားပါတယ်။ နောက်တော့မှ တစ်ဆောင်နဲ့ မနိုင်တော့မှ တိုးချဲ့ရင်းနဲ့ အခုဆို လူနာဆောင် ၁၆ ဆောင်လောက်က လူနာအပြည့်ထားနေရပါပြီ။
လုပ်ရတာတွေကတော့ PPE ဝတ်ပြီးအပေါ်မှာပြောထားသလိုလုပ်ရတာရှိတယ်။ ပြီးတော့ Surgical Grown (Level 2) ဝတ်ပြီး ထမင်းပို့ရတယ်။အဲ့ဒါနဲ့ဘဲ အထဲက ယူထုတ်လာတဲ့ အမိုက်အိတ်တွေကို ဆေးဖြန်းပြီး စည်ပင်ကားလာမယ့်နေရာကို ပို့ပေးရပါတယ်။ပြီးတော့ Laundry မှာလုပ်ရတဲ့ Volunteers တွေလဲရှိပါတယ်။ သူတို့ကျတော့ ဆရာဝန်တွေရဲ့ အင်းကျီတွေ၊ စောင်တွေ၊ ယူနီဖောင်း တွေကို အဆောင်ထိသွားယူပြီးတော့ လျှော်ပေး၊ မီးပူတိုက်ပေးရတာပါ။ ပြီးရင်ပြန်ပို့ပေးပါတယ်။ ပြီးတော့ X-Ray ပိုင်းမှာ ကူညီတဲ့ Volunteers တွေလဲ သီးသန့် ဆိုပြီး အသီးသီးရှိကြပါတယ်။ မိမိတို့ကျွမ်းကျင်ရာ၊ နီးစပ်ရာတွေမှာ ခွဲခန့်ထားသလို လုပ်ကြရတာပါ။
မေး – ကုသရေးစင်တာထဲက မှတ်မှတ်သားသား အတွေ့အကြုံလေးတွေ ပြန်ပြောပြလို့ ရမလား။
ဖြေ- ပြီးတော့ ကျနော့ အတွက်ထူထူခြားခြားအတွေ့ကြုံတွေကတော့ လူနာတွေကို သွေးပေါင်ချိန်တာ၊ SPO2 တိုင်းတာ၊ ဆီးချိုဖောက်တာတွေက ကျနော့အတွက်တော့ အရင်ကတခါမှ မလုပ်ဖူးဘဲ အဲ့မှာရောက်မှ လုပ်ကျင့်ပါသွားတာတွေပါ။ ပြီးတော့ အစပိုင်းတုန်းက ဝန်းထမ်းနည်းတာတွေကြောင့်ပေါ့ သွေးပါဖောက်တက်သွားတယ်။ ပြီးတော့ လူနာတွေ Expire ဆုံးပါးသွားပြီဆိုရင် အလောင်း Dead Body ရှင်းရတဲ့ ကိစ္စကလဲ အစတုန်းကဆို တော်တော်လေးကို အခက်တွေ့ခဲ့ရတယ်။ ဖောင်ကြီးရဲ့ First Expire က ကျနော်တာဝန်ကျတဲ့ အဆောင်မှာဖြစ်တော့ဖြစ်သွား တဲ့အချိန်ကလဲ မနက် ၁ နာရီကျော်မှဖြစ်သွားတယ်။ အဲ့တုန်းက Volunteers လဲ နည်းတာကြောင့် မသက်သာဘဲ အဲ့ချိန်ကြီး Dead Body ခန်းထဲကိုကျနော် တယောက်ထဲ ဝင်ရှင်းဖို့ဖြစ်သွားတယ်။ စဝင်ဖို့ ဖြစ်လာတဲ့ချိန်ကတော့ အေးဆေးပေါ့ မကြောက်ဘူးပေါ့။ တကယ်တမ်းလဲ PPE ကြီးနဲ့ ပိုးသတ်ဆေးပုံးထမ်းပြီး Dead Body ဆီရောက်တော့မှ ကြောက်တာလား လန့်တာလားမသိတော့ဘူး ငိုပါ ငိုချလိုက်ရတယ် PPE ကြီးနဲ့။ ရှောင်လွဲလို့လဲ မရတဲ့ ကိစ္စမို့ ဆုတောင်းပေးလိုက်တယ်။ ပြီးတော့ အတော်ကြာမှ စည်ပင်အဖွဲ့တွေရောက်လာပြီး အလောင်းသယ်သွားကြတယ်။ ကျနော်ပြန်ထွက်လာတော့ မနက်သုံးနာရီလောက်ဖြစ်သွားတယ်။ နောက်ပိုင်းကျတော့ Dead Body တွေ ကိုင်ရတာ များလာတော့ အဲ့ဒါလဲ အသားကျလာခဲ့တယ်။ လူနာကို အခန်းထဲရွေ့နေတုန်း ကိုယ်လက်ထဲမှာတင်ဆုံးသွားတာတွေ ကြုံရတယ်။ ခနလေးနော်ဦးလေးလို့ဘဲ ပြောရသေးတယ် မျက်လုံးကြီးပြူးပြီး ဆုံးသွားတာတွေလဲရှိတာပေါ့။
ပြီးတော့ အစပိုင်းတုန်းက volunteers နဲ့ Nurse တွေ Nurse တွေနဲ့ ဆရာဝန်တွေ အရမ်း Fight ရတယ် complain တွေအရမ်းများကြတာပေါ့။
ဝန်ထမ်းကလဲနည်း Volunteers တွေလဲနည်း လူနာကလဲ နေ့ချင်းညချင်းများလာတော့ အဆင်မပြေမှုတွေက အရမ်းများခဲ့ကြတယ်။အခုတော့ အားလုံးနေသား တကျဖြစ်သွားပြီလို့ဆိုနိုင်ပါတယ်။
Volunteers တွေအတွက်တော့ တခါတလေစိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေလဲရှိတယ်။ စတုန်းကဆို လူနာအကူတွေမလာကြဘူး။ သက်ကြီးပိုင်းလူနာတွေရောက်လာတယ်။ တယောက်ထဲဘဲ လမ်းမလျှောက်နိုင်ဘူး။ အစားမစားနိုင်ဘူး။ အပေါ့အလေး မသွားနိုင်ကြဘူး။အဲ့တုန်းကဆို ကျနော်တို့ ထမင်းပါ လိုက်ခွပ်ကျွေးတယ် နိုင်သလောက်ပေါ့။ ဒါပေမယ့် အဲ့လိုလူနာတွေ အရမ်းများတော့ အားလုံးကိုတော့ ကျနော်တို့လဲ အားလုံးကို မလုပ်ပေးနိုင်ကြဘူးလေ။ ဖိအားတွေများပါတယ်။ ခုနောက်ပိုင်းတော့ သက်ကြီးလူနာတွေ ရောက်လာရင်လည်း သူတို့ရဲ့ ဆွေမျိုးတွေက သတ္တိရှိရှိနဲ့ ကူးလည်းအဆင်ပြေတယ်ဆိုပြီး လူနာအကူအနေနဲ့ လိုက်လာကြတော့ လူနာသေးဆုံးမှုလဲ လျှော့ကျလာတယ်။
မေး- အခု ကိုဗစ်- ၁၉ ကုသရေး စင်တာကနေ ပြန်ထွက်လာတော့ ဘယ်လို ခံစားရပါသလဲ။
စင်တာကပြန်လာတော့ကျနော်တော့အတော်စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ကျနော်နဲ့အတူတူနေ၊ အတူတူစား အတူတူ အလုပ်လုပ်တဲ့ ကျနော့ သူငယ်ချင်း သုံးယောက်က Positive ဖြစ်သွားတော့ သူတို့ အားလုံး ဖောင်ကြီးက ကိုယ်တာဝန်ကျခဲ့တဲ့ လူနာဆောင်ထဲကို ပြန်ပို့ခံရတယ်။ ကျနော်ကကျတော့ Negative မယုံနိုင်ခဲ့ဘူး။ ကျနော်က ကျနော်တို့အဖွဲ့ရဲ့ Leader လဲဟုတ်တယ်။ ကျနော်တို့ဘာများပေါ့ဆခဲ့မိလဲ၊ငါဘယ်မှာလိုအပ်သွားခဲ့တာလဲ ဆိုတဲ့ အတွေးမျိုးနဲ့ Quaratine ဝင်နေရင်း နေ့နေ့ ညည အိပ်မရဘဲလဲ ဖြစ်ခဲ့ရတယ်။
ပြီးတော့ ဘာကြောင့်ကူးစက်ခံရတာလဲ ဆိုတာလဲ ခုထိ အဖြေရှာမတွေ့နိုင်ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့လို လူနာကို နေ့တိုင်းနီးပါး ထိတွေ့နေတဲ့သူတွေအတွက်တော့ ကူးစက်ခံရတာ အဆန်းတော့ မဟုတ်ပြန်ဘူး။
Volunteers တိုင်းကတော့ တကယ်လို့ ကူးစက်ခံရရင်တောင် အထဲကနေပြီး Volunteers လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ခိုင်မြဲပြီးသားဟုတ်တယ်။
ပြီးတော့ ကျနော်တို့ Volunteers တွေရဲ့ စိတ်မှာ အမြဲစွဲနေတာတခုက ငါများအနံ့ပျောက်ပြီလားထင်ပြီး တရေးနိုး ယောင်ယောင်ပြီး ရေမွှေးဘူး လှမ်းရှူတာအကျင့်ပါသွားတာ။ ခုထိလဲ လှမ်းလှမ်းရှူရှူကြည့်မိနေတုန်းပါ။
မေး – လီဆူတိုင်းမ် စာဖတ်သူတွေကို ဘာများ ထပ်ပြောပြစရာ ရှိသေးလဲ။
ဖြေ- ပြီးတော့တခုလောက်ခံစားခဲ့ရတာပြောပြချင်တာက ကျနော်တို့ကျတော့ ဖောင်ကြီးမှာ လီဆူလူငယ်သုံးယောက်ဘဲပါလာတယ်။ တခြားလူမျိုး၊ အဖွဲ့အစည်းတွေက လာကြတဲ့ အစေခံတွေကိုတော့ သူတို့သက်ဆိုင်ရာ လူမျိုးအဖွဲ့အစည်းတွေ၊ အသင်းတော်တွေက အရမ်းဂရုစိုက်ပေးကြတယ်။သူတိူ့လူတွေ လိုအပ်တာရှိရင် ကိုယ်တိုင်လာပြီးတော့ အားပေးတယ်။ လိုအပ်တာကို ကူညီကြတယ်။ ဒါပေမယ့် ကျနော်တို့သုံးယောက်ကျတော့ အသင်းတော်ကရော၊ ကိုယ့်လူမျိုးလူကြီးတွေရော တယောက်မှ ဘာအကူညီလိုလဲ၊ ဘာကူညီပေးရမလဲ ဆိုတာထက် အဆင်ပြေရဲ့လား ဆိုပြီး အကျိုးအကြောင်း မေးတဲ့သူတောင် ခပ်ရှားရှား ကြီးဗျာ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်မပျက်ခဲ့ဘူး။ မပျော့ညံ့ပါဘူး။ ကိုယ်လုပ်သင့်တာ၊ ကိုယ်ယုံကြည်တာကို အစွမ်းကုန် လုပ်ခဲ့ပါတယ်။ လီဆူလူငယ်တွေသုံးယောက်ကတော့ ကျွန်တော်တို့က နောက်ခံမတောင့်ဘူးလေ လို့အချင်းချင်း စနောက်ပြီး ဘဝအမောတွေ ဖြေခဲ့ရပါတယ်။
ဒီ Covid အတွက် ရှောင်ရန် တွေကိုတော့ လူတိုင်းသိကြမှာပါ။ပြီးတော့ Covid ကာလမှာတော့ မကူးစက်ခံရအောင်အတွက်ဆိုရင် ကိုယ်ခံအားအမြဲကောင်းနေဖို့လဲ လိုပါတယ်။ ဖောင်ကြီးမှာတော့ volunteers တွေကို အားဆေးတွေ နေ့တိုင်သောက်ခိုင်းပါတယ်။
ခြွင်းချက်အနေနဲ့ တကယ်လို့ ကူးစက်ခံရပြီဆိုရင်လဲ အရမ်းစိုးရိမ်စရာမလိုကြောင်းလဲ ပြောချင်ပါတယ်။ တချို့တွေက ကူးစက်ခံရပြီဆိုရင် စိတ်ဓါတ်ကျ depression တွေဝင်ပြီး ရောဂါက ပိုဆိုးသွားကြပါတယ်။ ကျနော်တို့နိုင်ငံမှာတော့ Covid ကတော့ ရောဂါအခံ မရှိသူ၊ သက်သာမယ်ဆိုပြီး confident ပြည်ဝသူ ၊ ကိုယ်ခံအားကောင်းသူတွေအတွက်တော့ ရိုးရိုးရောဂါလောက်သာဖြစ်တယ်လို့ အတွေ့အကြုံအရ ကောက်ချက်ချချင်ပါတယ်။
ဒါကြောင့် ကူးစက်ခံရပြီဆိုလဲ ကိုယ်မှတဆင့် ပြန့်ပွားကူးစက်မှု မဖြစ်အောင် အတက်နိုင်ဆုံး ကြိုးစားပြီးတော့ သက်ဆိုင်ရာကို အကြောင်းကြားပြီး Q ဝင်ပါ။ အားရှိတာတွေစား၊ အားပြည့်တဲ့ အတွေးအမြင်တွေ တွေးပါ။ စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။
====
နိဂုံး
ကိုဗစ်သူရဲကောင်း သုံးဖော် အင်တာဗျူး ဆောင်းပါး အဆုံးသတ်ရောက်လာပါပြီ။ သူတို့က အင်တာဗျူးဆောင်းပါး အဖွင့်မှာဖော်ပြခဲ့တဲ့အတိုင်း မှော်ဘီမြို့နယ်၊ စာဖြူစု ရွာမှာ နေထိုင်ကြတဲ့ လီဆူအသိုင်းအဝန်းထဲက စွန့်ထွက်လာကြတဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။
သူတို့တိုက်တဲ့ တိုက်ပွဲက လုပ်စားတိုက်ပွဲမဟုတ်ပါဘူး။ တရားသော တိုက်ပွဲ၊ စွန့်လွှတ်စွန့်စားသော တိုက်ပွဲတွေပါပဲ။ သူတို့ကတော့ ဘာသာ၊ လူမျိုးအစွဲတွေကို ကျော်လွန်ပြီး ပြည်ထောင်စုချစ်စိတ်၊ လူသားဆန်စိတ်၊ မေတ္တာနဲ့ အစေခံစိတ်တွေအပြည့်နဲ့ ရှေ့ထွက်လာခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေကို လူ့အသိုင်းအဝန်းက အမြဲဂုဏ်ယူနေမှာပါ။
ကိုဗစ်-၁၉ က ဘယ်အချိန် ကမ္ဘာမြေကြီးကနေ ထွက်ခွာသွားမလဲ မသိပါ။ ရှေ့ဆက်ပြီး ကျရာကဏ္ဍကနေ ပါဝင်ကြမယ့်၊ ထွက်ပေါ်လာဦးမယ့် သူရဲကောင်းများစွာကိုလည်း လေးစားဂုဏ်ပြုလိုက်ပါတယ်။
ချစ်သော
ကိုဂျေ
၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၀
Zawgyi ===
ကိုဗစ္သူရဲေကာင္း သုံးေဖာ္ (၃)
အၾကပ္အတည္းေတြထဲမွာ စြန႔္လႊတ္စြန႔္စား သူရဲေကာင္းေတြကို ေပၚထြက္လာေလ့ရွိပါတယ္။
ကမာၻ႔ကပ္ေရာဂါ ကိုဗစ္-၁၉ အၾကပ္အတည္းထဲမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ စာျဖဴစု႐ြာမွာရွိတဲ့ လီဆူအသိုင္းအဝန္းငယ္ေလးထဲက ကိုဗစ္သူရဲေကာင္း (၃) ေဖာ္ထြက္ေပၚလာခဲ့ပါတယ္။
သူတို႔က ေဖာင္ႀကီးမွာရွိတဲ့ ကိုဗစ္ကုသေရးစင္တာသို႔ ကိုယ္က်ိဳးစြန႔္ သြားေရာက္အေစခံခဲ့ၾကတဲ့ အသက္ ၂၀ ေက်ာ္ လီဆူလူငယ္ေလးေတြျဖစ္ပါတယ္။ ကိုဗစ္သူရဲေကာင္း (၃) ေဖာ္- ကိုေအာင္ဆဲ၊ ကိုငြားဆာဘို၊ ကိုဒါလီေရာ္ တို႔ကို လီဆူတိုင္းမ္က တစ္ဦးခ်င္း အင္တာဗ်ဴးထားတဲ့အတိုင္း အစဥ္လိုက္ ေဖာ္ျပေပးေနရာမွာ စီနီယာေတြက ေနာက္ဆုံးမွ လာတယ္ဆိုတဲ့အတိုင္း၊ ယခုအလွည့္က်သူကေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ကိုဒါလီေရာ္ ျဖစ္ပါတယ္။
ေမး- ေဖာင္ႀကီး ကိုဗစ္ကုသေရး စင္တာမွာ ဘယ္ေလာက္ၾကာေအာင္ ပါဝင္ခဲ့ပါသလဲ။
ေျဖ – က်ေနာ္ ေဖာင္ႀကီးမွာ သုံးလခြဲေလာက္ Volunteer အျဖစ္ပါဝင္ခဲ့ရပါတယ္။ ၁၃.၈.၂၀ ကေနစတင္ အေစခံခဲ့တာ အိမ္ျပန္ေရာက္တဲ့ေန႔ကေတာ့ ၃.၁၂.၂၀ အိမ္ျပန္ေရာက္ခဲ့ပါတယ္။ သြားတုန္းကေတာ့ ၁ လေလာက္လုပ္ကူၿပီးျပန္လာဖို႔လုပ္ခဲ့ေပမယ့္ Covid-19 ႀကီးပိုဆိုးလာတာနဲ႔ ၾကာသြားတယ္။
ေမး- wow သုံးလခြဲေတာင္ အေစခံခဲ့ပါေရာလား။ ဘယ္လိုဘယ္ပုံနဲ႔ အဆက္အသြယ္ရၿပီး ပါဝင္ျဖစ္ခဲ့တာလဲ။
ေျဖ – သြားေရာက္ပါဝင္ျဖစ္ခဲ့တာက အစတည္းကေတာ့ ကိုယ္တိုင္ကလဲ ဒါမ်ိဳးေ႐ွ႕တန္းမွာ ပါဝင္ခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ အဆက္အသြယ္မရခဲ့ဘူး။ တေန႔ေတာ့ ကြၽန္ေနာ့္ဦးေလး ဆရာေဒးဗစ္က သူ႔သူငယ္ခ်င္းေ႐ႊျပည္သာက ဆရာတပါးရဲ႕ အဆက္အသြယ္နဲ႔ Volunteer ေခၚတဲ့အေၾကာင္း ေျပာျပတယ္။ သြားလုပ္ပါလား ေျပာလာတာနဲ႔ က်ေနာ္လဲ မဆိုင္းမတြ ok သြားမယ္ဆိုၿပီး ပါ၀င္ျဖစ္တယ္။သြားေတာ့မွ MCC ကဦးေဆာင္တာ သိလိုက္ရၿပီး၊ အဲ့မွာလဲ တစ္ျခား အသိဆရာေတြနဲ႔လဲ ေတြ႕ျဖစ္ခဲ့ပါတယ္။
ေမး – ကိုဗစ္စင္တာမွာ ဘယ္လိုက႑ေတြကေန ပါဝင္ခဲ့ရသလဲ။
ေျဖ- ေဖာင္ႀကီး Covid Centre မွာ က်ေနာ္တို႔ Volunteers ေတြက ဘယ္လိုလုပ္ငန္းေတြမွာ ပါဝင္ခဲ့ရလဲဆိုေတာ့ က်ေနာ္စေရာက္ေတာ့ ေဖာင္ႀကီးမွာက Positive လူနာေတြမရွိေသးဘူး။ Double Negative သမားေတြဘဲ ထားေသးတာေပါ့။ Volunteers ကလဲ အေယာက္သုံးဆယ္ေလာက္ဘဲရွိတယ္။ အဲ့တုန္းကေတာ့အလုပ္သိပ္မမ်ားခဲ့ပါဘူး။ အခုေတာ့ Volunteers ၁၅၀ ေလာက္အၿမဲထားရတယ္။ PPE ဝတ္ၿပီး လူနာသစ္ေတြကို အခန္းထဲပို႔ေပးရတယ္။ သူတိူ႔လိုအပ္တဲ့ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံးေတြ လူနာေနဖို႔အတြက္အခန္းသန႔္ရွင္းေရးကစ အကုန္အဆင္သင့္ႀကိဳၿပီးလုပ္ေပးရတာေပါ့။ အထဲမွာ လူနာေတြ လိုအပ္တာေတြကို သန႔္ရွင္းေရး အမိႈက္သိမ္းကအစ၊ လမ္းမေလွ်ာက္ႏိုင္တဲ့လူနာေတြကိုဆိုရင္ ဒိုင္ဘာ diaper လဲေပးတာကအစေပါ့ လူနာကိစၥအားလုံးလုပ္ေပးရပါတယ္။ Double Negative တုန္းကဆိုရင္ ေသြးေပါင္ခ်ိန္တာနဲ႔ ေအာက္စီဂ်င္ (SPO2) တိုင္းတာ၊ Oxygen ေပးရတာေတြကက်ေတာ္တို႔ ေန႔တိုင္းလုပ္ေပးရပါတယ္။
စစခ်င္းဆိုေတာ့ ဆရာဝန္ေတြ Nurse ေတြလည္းနည္းတယ္။ အဲ့လိုနဲ႔ က်ေနာ္ေဖာင္ႀကီးေရာက္ၿပီး ၂ပတ္ေလာက္အၾကာမာေတာ့ Second Wave ကလဲစတာနဲ႔ Positive လူနာေတြလဲေရာက္လာၾကပါတယ္။ အစပိုင္းမွာေတာ့ positive ေတြ ၁ရက္ကို အေယာက္၂၀၊ ၃၀ ဝန္းက်င္ဘဲမို႔ သရဖီေဆာင္မွာဘဲထားပါတယ္။ ေနာက္ေတာ့မွ တစ္ေဆာင္နဲ႔ မႏိုင္ေတာ့မွ တိုးခ်ဲ႕ရင္းနဲ႔ အခုဆို လူနာေဆာင္ ၁၆ ေဆာင္ေလာက္က လူနာအျပည့္ထားေနရပါၿပီ။
လုပ္ရတာေတြကေတာ့ PPE ဝတ္ၿပီးအေပၚမွာေျပာထားသလိုလုပ္ရတာရွိတယ္။ ၿပီးေတာ့ Surgical Grown (Level 2) ဝတ္ၿပီး ထမင္းပို႔ရတယ္။အဲ့ဒါနဲ႔ဘဲ အထဲက ယူထုတ္လာတဲ့ အမိုက္အိတ္ေတြကို ေဆးျဖန္းၿပီး စည္ပင္ကားလာမယ့္ေနရာကို ပို႔ေပးရပါတယ္။ၿပီးေတာ့ Laundry မွာလုပ္ရတဲ့ Volunteers ေတြလဲရွိပါတယ္။ သူတို႔က်ေတာ့ ဆရာဝန္ေတြရဲ႕ အင္းက်ီေတြ၊ ေစာင္ေတြ၊ ယူနီေဖာင္း ေတြကို အေဆာင္ထိသြားယူၿပီးေတာ့ ေလွ်ာ္ေပး၊ မီးပူတိုက္ေပးရတာပါ။ ၿပီးရင္ျပန္ပို႔ေပးပါတယ္။ ၿပီးေတာ့ X-Ray ပိုင္းမွာ ကူညီတဲ့ Volunteers ေတြလဲ သီးသန႔္ ဆိုၿပီး အသီးသီးရွိၾကပါတယ္။ မိမိတို႔ကၽြမ္းက်င္ရာ၊ နီးစပ္ရာေတြမွာ ခြဲခန္႔ထားသလို လုပ္ၾကရတာပါ။
ေမး – ကုသေရးစင္တာထဲက မွတ္မွတ္သားသား အေတြ႕အႀကဳံေလးေတြ ျပန္ေျပာျပလို႔ ရမလား။
ေျဖ- ၿပီးေတာ့ က်ေနာ့ အတြက္ထူထူျခားျခားအေတြ႕ႀကဳံေတြကေတာ့ လူနာေတြကို ေသြးေပါင္ခ်ိန္တာ၊ SPO2 တိုင္းတာ၊ ဆီးခ်ိဳေဖာက္တာေတြက က်ေနာ့အတြက္ေတာ့ အရင္ကတခါမွ မလုပ္ဖူးဘဲ အဲ့မွာေရာက္မွ လုပ္က်င့္ပါသြားတာေတြပါ။ ၿပီးေတာ့ အစပိုင္းတုန္းက ဝန္းထမ္းနည္းတာေတြေၾကာင့္ေပါ့ ေသြးပါေဖာက္တက္သြားတယ္။ ၿပီးေတာ့ လူနာေတြ Expire ဆံုးပါးသြားၿပီဆိုရင္ အေလာင္း Dead Body ရွင္းရတဲ့ ကိစၥကလဲ အစတုန္းကဆို ေတာ္ေတာ္ေလးကို အခက္ေတြ႕ခဲ့ရတယ္။ ေဖာင္ႀကီးရဲ႕ First Expire က က်ေနာ္တာဝန္က်တဲ့ အေဆာင္မွာျဖစ္ေတာ့ျဖစ္သြား တဲ့အခ်ိန္ကလဲ မနက္ ၁ နာရီေက်ာ္မွျဖစ္သြားတယ္။ အဲ့တုန္းက Volunteers လဲ နည္းတာေၾကာင့္္ မသက္သာဘဲ အဲ့ခ်ိန္ႀကီး Dead Body ခန္းထဲကိုက်ေနာ္ တေယာက္ထဲ ဝင္ရွင္းဖို႔ျဖစ္သြားတယ္။ စဝင္ဖို႔ ျဖစ္လာတဲ့ခ်ိန္ကေတာ့ ေအးေဆးေပါ့ မေၾကာက္ဘူးေပါ့။ တကယ္တမ္းလဲ PPE ႀကီးနဲ႔ ပိုးသတ္ေဆးပုံးထမ္းၿပီး Dead Body ဆီေရာက္ေတာ့မွ ေၾကာက္တာလား လန႔္တာလားမသိေတာ့ဘူး ငိုပါ ငိုခ်လိုက္ရတယ္ PPE ႀကီးနဲ႔။ ေရွာင္လြဲလို႔လဲ မရတဲ့ ကိစၥမို႔ ဆုေတာင္းေပးလိုက္တယ္။ ၿပီးေတာ့ အေတာ္ၾကာမွ စည္ပင္အဖြဲ႕ေတြေရာက္လာၿပီး အေလာင္းသယ္သြားၾကတယ္။ က်ေနာ္ျပန္ထြက္လာေတာ့ မနက္သုံးနာရီေလာက္ျဖစ္သြားတယ္။ ေနာက္ပိုင္းက်ေတာ့ Dead Body ေတြ ကိုင္ရတာ မ်ားလာေတာ့ အဲ့ဒါလဲ အသားက်လာခဲ့တယ္။ လူနာကို အခန္းထဲေ႐ြ႕ေနတုန္း ကိုယ္လက္ထဲမွာတင္ဆုံးသြားတာေတြ ႀကံဳရတယ္။ ခနေလးေနာ္ဦးေလးလို႔ဘဲ ေျပာရေသးတယ္ မ်က္လုံးႀကီးျပဴးၿပီး ဆုံးသြားတာေတြလဲရွိတာေပါ့။
ၿပီးေတာ့ အစပိုင္းတုန္းက volunteers နဲ႔ Nurse ေတြ Nurse ေတြနဲ႔ ဆရာဝန္ေတြ အရမ္း Fight ရတယ္ complain ေတြအရမ္းမ်ားၾကတာေပါ့။
ဝန္ထမ္းကလဲနည္း Volunteers ေတြလဲနည္း လူနာကလဲ ေန႔ခ်င္းညခ်င္းမ်ားလာေတာ့ အဆင္မေျပမႈေတြက အရမ္းမ်ားခဲ့ၾကတယ္။အခုေတာ့ အားလုံးေနသား တက်ျဖစ္သြားၿပီလို႔ဆိုႏိုင္ပါတယ္။
Volunteers ေတြအတြက္ေတာ့ တခါတေလစိတ္ပိုင္းဆိုင္ရာ ထိခိုက္တာေတြလဲရွိတယ္။ စတုန္းကဆို လူနာအကူေတြမလာၾကဘူး။ သက္ႀကီးပိုင္းလူနာေတြေရာက္လာတယ္။ တေယာက္ထဲဘဲ လမ္းမေလွ်ာက္ႏိုင္ဘူး။ အစားမစားႏိုင္ဘူး။ အေပါ့အေလး မသြားႏိုင္ၾကဘူး။အဲ့တုန္းကဆို က်ေနာ္တို႔ ထမင္းပါ လိုက္ခြပ္ေကြၽးတယ္ ႏိုင္သေလာက္ေပါ့။ ဒါေပမယ့္ အဲ့လိုလူနာေတြ အရမ္းမ်ားေတာ့ အားလုံးကိုေတာ့ က်ေနာ္တို႔လဲ အားလံုးကို မလုပ္ေပးႏိုင္ၾကဘူးေလ။ ဖိအားေတြမ်ားပါတယ္။ ခုေနာက္ပိုင္းေတာ့ သက္ႀကီးလူနာေတြ ေရာက္လာရင္လည္း သူတို႔ရဲ႕ ေဆြမ်ိဳးေတြက သတၱိ႐ိွ႐ိွနဲ႔ ကူးလည္းအဆင္ေျပတယ္ဆိုၿပီး လူနာအကူအေနနဲ႔ လိုက္လာၾကေတာ့ လူနာေသးဆုံးမႈလဲ ေလွ်ာ့က်လာတယ္။
ေမး- အခု ကိုဗစ္- ၁၉ ကုသေရး စင္တာကေန ျပန္ထြက္လာေတာ့ ဘယ္လို ခံစားရပါသလဲ။
စင္တာကျပန္လာေတာ့က်ေနာ္ေတာ့အေတာ္စိတ္မေကာင္း ျဖစ္ခဲ့ရတယ္။ က်ေနာ္နဲ႔အတူတူေန၊ အတူတူစား အတူတူ အလုပ္လုပ္တဲ့ က်ေနာ့ သူငယ္ခ်င္း သုံးေယာက္က Positive ျဖစ္သြားေတာ့ သူတို႔ အားလုံး ေဖာင္ႀကီးက ကိုယ္တာဝန္က်ခဲ့တဲ့ လူနာေဆာင္ထဲကို ျပန္ပို႔ခံရတယ္။ က်ေနာ္ကက်ေတာ့ Negative မယုံႏိုင္ခဲ့ဘူး။ က်ေနာ္က က်ေနာ္တို႔အဖြဲ႕ရဲ႕ Leader လဲဟုတ္တယ္။ က်ေနာ္တို႔ဘာမ်ားေပါ့ဆခဲ့မိလဲ၊ငါဘယ္မွာလိုအပ္သြားခဲ့တာလဲ ဆိုတဲ့ အေတြးမ်ိဳးနဲ႔ Quaratine ဝင္ေနရင္း ေန႔ေန႔ ညည အိပ္မရဘဲလဲ ျဖစ္ခဲ့ရတယ္။
ၿပီးေတာ့ ဘာေၾကာင့္ကူးစက္ခံရတာလဲ ဆိုတာလဲ ခုထိ အေျဖရွာမေတြ႕ႏိုင္ဘူးေပါ့။ ဒါေပမယ့္ က်ေနာ္တို႔လို လူနာကို ေန႔တိုင္းနီးပါး ထိေတြ႕ေနတဲ့သူေတြအတြက္ေတာ့ ကူးစက္ခံရတာ အဆန္းေတာ့ မဟုတ္ျပန္ဘူး။
Volunteers တိုင္းကေတာ့ တကယ္လို႔ ကူးစက္ခံရရင္ေတာင္ အထဲကေနၿပီး Volunteers လုပ္မယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခိုင္ၿမဲၿပီးသားဟုတ္တယ္။
ၿပီးေတာ့ က်ေနာ္တို႔ Volunteers ေတြရဲ႕ စိတ္မွာ အၿမဲစြဲေနတာတခုက ငါမ်ားအနံ႔ေပ်ာက္ၿပီလားထင္ၿပီး တေရးႏိုး ေယာင္ေယာင္ၿပီး ေရေမႊးဘူး လွမ္းရွဴတာအက်င့္ပါသြားတာ။ ခုထိလဲ လွမ္းလွမ္းရႉရႉၾကည့္မိေနတုန္းပါ။
ေမး – လီဆူတိုင္းမ္ စာဖတ္သူေတြကို ဘာမ်ား ထပ္ေျပာျပစရာ ရွိေသးလဲ။
ေျဖ- ၿပီးေတာ့တခုေလာက္ခံစားခဲ့ရတာေျပာျပခ်င္တာက က်ေနာ္တို႔က်ေတာ့ ေဖာင္ႀကီးမွာ လီဆူလူငယ္သုံးေယာက္ဘဲပါလာတယ္။ တျခားလူမ်ိဳး၊ အဖြဲ႕အစည္းေတြက လာၾကတဲ့ အေစခံေတြကိုေတာ့ သူတို႔သက္ဆိုင္ရာ လူမ်ိဳးအဖြဲ႕အစည္းေတြ၊ အသင္းေတာ္ေတြက အရမ္းဂ႐ုစိုက္ေပးၾကတယ္။သူတိူ႔လူေတြ လိုအပ္တာရွိရင္ ကိုယ္တိုင္လာၿပီးေတာ့ အားေပးတယ္။ လိုအပ္တာကို ကူညီၾကတယ္။ ဒါေပမယ့္ က်ေနာ္တို႔သုံးေယာက္က်ေတာ့ အသင္းေတာ္ကေရာ၊ ကိုယ့္လူမ်ိဳးလူႀကီးေတြေရာ တေယာက္မွ ဘာအကူညီလိုလဲ၊ ဘာကူညီေပးရမလဲ ဆိုတာထက္ အဆင္ေျပရဲ႕လား ဆိုၿပီး အက်ိဳးအေၾကာင္း ေမးတဲ့သူေတာင္ ခပ္ရွားရွား ႀကီးဗ်ာ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ စိတ္မပ်က္ခဲ့ဘူး။ မေပ်ာ့ညံ့ပါဘူး။ ကိုယ္လုပ္သင့္တာ၊ ကိုယ္ယံုၾကည္တာကို အစြမ္းကုန္ လုပ္ခဲ့ပါတယ္။ လီဆူလူငယ္ေတြသံုးေယာက္ကေတာ့ ကၽြန္ေတာ္တို႔က ေနာက္ခံမေတာင့္ဘူးေလ လို႔အခ်င္းခ်င္း စေနာက္ၿပီး ဘ၀အေမာေတြ ေျဖခဲ့ရပါတယ္။
ဒီ Covid အတြက္ ေရွာင္ရန္ ေတြကိုေတာ့ လူတိုင္းသိၾကမွာပါ။ၿပီးေတာ့ Covid ကာလမွာေတာ့ မကူးစက္ခံရေအာင္အတြက္ဆိုရင္ ကိုယ္ခံအားအၿမဲေကာင္းေနဖို႔လဲ လိုပါတယ္။ ေဖာင္ႀကီးမွာေတာ့ volunteers ေတြကို အားေဆးေတြ ေန႔တိုင္ေသာက္ခိုင္းပါတယ္။
ႁခြင္းခ်က္အေနနဲ႔ တကယ္လို႔ ကူးစက္ခံရၿပီဆိုရင္လဲ အရမ္းစိုးရိမ္စရာမလိုေၾကာင္းလဲ ေျပာခ်င္ပါတယ္။ တခ်ိဳ႕ေတြက ကူးစက္ခံရၿပီဆိုရင္ စိတ္ဓါတ္က် depression ေတြဝင္ၿပီး ေရာဂါက ပိုဆိုးသြားၾကပါတယ္။ က်ေနာ္တို႔ႏိုင္ငံမွာေတာ့ Covid ကေတာ့ ေရာဂါအခံ မရွိသူ၊ သက္သာမယ္ဆိုၿပီး confident ျပည္ဝသူ ၊ ကိုယ္ခံအားေကာင္းသူေတြအတြက္ေတာ့ ႐ိုး႐ိုးေရာဂါေလာက္သာျဖစ္တယ္လို႔ အေတြ႕အႀကဳံအရ ေကာက္ခ်က္ခ်ခ်င္ပါတယ္။
ဒါေၾကာင့္ ကူးစက္ခံရၿပီဆိုလဲ ကိုယ္မွတဆင့္ ျပန႔္ပြားကူးစက္မႈ မျဖစ္ေအာင္ အတက္ႏိုင္ဆုံး ႀကိဳးစားၿပီးေတာ့ သက္ဆိုင္ရာကို အေၾကာင္းၾကားၿပီး Q ဝင္ပါ။ အား႐ိွတာေတြစား၊ အားျပည့္တဲ့ အေတြးအျမင္ေတြ ေတြးပါ။ စနစ္တက် ကုသမႈ ခံယူသင့္ပါတယ္။ ေက်းဇူးတင္ပါတယ္ဗ်ာ။
====
ကိုဗစ္သူရဲေကာင္း သံုးေဖာ္ အင္တာဗ်ဴး ေဆာင္းပါး အဆံုးသတ္ေရာက္လာပါၿပီ။ သူတို႔က အင္တာဗ်ဴးေဆာင္းပါး အဖြင့္မွာေဖာ္ျပခဲ့တဲ့အတိုင္း ေမွာ္ဘီၿမိဳ႕နယ္၊ စာျဖဴစု ႐ြာမွာ ေနထိုင္ၾကတဲ့ လီဆူအသိုင္းအ၀န္းထဲက စြန္႔ထြက္လာၾကတဲ့ သူရဲေကာင္းေတြျဖစ္ပါတယ္။
သူတို႔တိုက္တဲ့ တိုက္ပြဲက လုပ္စားတိုက္ပြဲမဟုတ္ပါဘူး။ တရားေသာ တိုက္ပြဲ၊ စြန္႔လႊတ္စြန္႔စားေသာ တိုက္ပြဲေတြပါပဲ။ သူတို႔ကေတာ့ ဘာသာ၊ လူမ်ိဳးအစြဲေတြကို ေက်ာ္လြန္ၿပီး ျပည္ေထာင္စုခ်စ္စိတ္၊ လူသားဆန္စိတ္၊ ေမတၱာနဲ႔ အေစခံစိတ္ေတြအျပည့္နဲ႔ ေ႐ွ႕ထြက္လာခဲ့ၾကတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ေတြကို လူ႔အသိုင္းအဝန္းက အၿမဲဂုဏ္ယူေနမွာပါ။
ကိုဗစ္-၁၉ က ဘယ္အခ်ိန္ ကမာၻေျမႀကီးကေန ထြက္ခြာသြားမလဲ မသိပါ။ ေရွ႕ဆက္ၿပီး က်ရာက႑ကေန ပါဝင္ၾကမယ့္၊ ထြက္ေပၚလာဦးမယ့္ သူရဲေကာင္းမ်ားစြာကိုလည္း ေလးစားဂုဏ္ျပဳလိုက္ပါတယ္။
ခ်စ္ေသာ
ကိုေဂ်
၁၃၊ ဒီဇင္ဘာလ၊ ၂၀၂၀