ကမ္ဘာ့ခေါင်းဆောင် ၄၅ ဦးက မြန်မာပြည်အတွက် R2P တောင်းဆိုပြီ

မြန်မာနိုင်ငံ ပြည်သူလူထုကို ကာကွယ်ပေးဖို့ R2P လိုအပ်နေပြီလို့ ကမ္ဘာ့ခေါင်းဆောင် ၄၅ ဦးပါဝင်ဖွဲ့စည်းထားတဲ့ Global Leadership Foundation ဥက္ကဌ FW DE KLERK က ကုလအထွေထွေအတွင်းရေးမှူးချုပ်ထံ မတ်လ ၂၉ ရက်နေ့စွဲနဲ့ စာရေးတောင်းဆိုလိုက်ပါတယ်။

စစ်တပ်လုပ်ဆောင်နေမှုတွေဟာ လုံးဝလက်သင့်ခံနိုင်ဖွယ်မရှိဘူး။ တကယ်လို့ R2P ဝင်ဖို့လိုတဲ့ကိစ္စမျိုးဆိုရင် ဒီကိစ္စ ( မြန်မာပြည်အနေအထား) ပါပဲ လို့ ရေးသားထားပါတယ်။

R2P ဟာ Responsibility to Protect ရဲ့အတိုကောက်ဖြစ်ပြီး၊ နိုင်ငံ (သို့) နယ်ပယ်တစ်ခုမှာ လူထုဟာ အကာအကွယ်မဲ့တဲ့အနေအထားရောက်နေရင် ကုလသမဂ္ဂတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲပြီး လူထုကိုကာကွယ်ပေးတဲ့ ကုလလုပ်ပိုင်ခွင့် တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *