ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် မြန်မာသင်္ကြန်နှစ်ကူးနှုတ်ဆက်စကားပါး

မတ်လ ၈ ရက်နေ့စွဲနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က မြန်မာသင်္ကြန်နှစ်ကူးနှုတ်ဆက်စကားပါးလိုက်ပါတယ်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် ပေးပို့သော …
ဧပြီ ၈၊ ၂၀၂၁
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက်လှိုက်လှိုက်လှဲလှဲအလေးထားပူပန်ရသည့်အကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါသည်။
သင်္ကြန်ဆိုသည်မှာ အဟောင်းတို့ကိုဆေးကြော၍ အသစ်တို့တဖန် ပြန်လည်စတင်မွေးဖွားသော အခါသမယဖြစ်သည်။ မြန်မာပြည်သူများအတွက် အဓွန့်ရှည်တည်တံ့သော ကောင်းခြင်းမင်္ဂလာများနှင့် ငြိမ်းချမ်းမှုများ နှစ်သစ်တွင်ဆောင်ကြဉ်းပေးလာပါစေကြောင်း ယခုကဲ့သို့ အခက်အခဲကာလတွင် အမေရိကန်ပြည်ထောင်စုက ရိုးသားစွာမျှော်လင့်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ မြန်မာပြည်သူတို့ တစိုက်မတ်မတ် ပြသလာနေခဲ့သော ရဲရင့်မှုတို့အတွက် မိမိတို့ချီးကျူးပါသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင်၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်အကြမ်းဖက်မှုနှင့်ဖိနှိပ်မှုတို့ကိုရင်ဆိုင်၍ ၎င်းတို့၏အသံကို ကမ္ဘာကကြားသိအောင်ဖော်ပြခဲ့ကြသည်။ ဤအခက်အခဲအကြပ်အတည်းကို ကျော်ဖြတ်နိုင်ရေး၊ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုအောင်မြင်ရေးတို့အတွက်ဆောင်ရွက်နေကြသော မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်၍ အခိုင်အမာထောက်ခံအားပေးနေမည်ဖြစ်ပါသည်။
ယခုကဲ့သို့အခက်အခဲကာလတွင် မြန်မာပြည်သူအားလုံးအတွက် မိမိတို့၏နွေးထွေးသောမေတ္တာကို အလေးထားပို့သလိုက်ပါသည်။
Burma New Year 2021 – Thingyan Festival

PRESS STATEMENT
ANTONY J. BLINKEN, SECRETARY OF STATE
APRIL 8, 2021
On behalf of the United States of America, I extend best wishes and heartfelt concern to the people of Burma for Burma’s New Year, Thingyan.
Thingyan is a time of rebirth and renewal. At this time of crisis, the United States sincerely hopes the new year will usher in peace for all the people of Burma. We commend the steadfast courage demonstrated by the people of Burma in opposition to the military coup. They have made their voices heard in the face of horrific violence and oppression from the military regime. The United States will maintain our strong support for the people of Burma as they work to overcome this crisis, restore Burma’s path to democracy, and achieve lasting peace.
Particularly at this difficult time, please accept our warmest regard for the people of Burma.

Leave a Reply

Your email address will not be published. Required fields are marked *