အာဏာသိမ်းစစ်ကောင်စီရဲ့တရားစွဲဆိုခြင်းကိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မေလ ၂၄ ရက်နေ့ ပထမဦးဆုံးအကြိမ် ရှေ့နေတွေနဲ့လူချင်း တွေ့ဆုံခွင့်ရတဲ့အချိန်မှာ ပြည်သူရှိနေသရွေ့ ပါတီရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။
“ NLD ကိုပြည်သူအတွက်ဖွဲ့ထားတာဖြစ်လို့ ပြည်သူရှိနေသရွေ့ NLD ရှိမှာပါလို့ သူကပြောပါတယ်” လို့ အတိုင်ပင်ခံရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
စစ်ကောင်စီက စွဲဆိုထားတဲ့အမှု ၆ မှုရှိပေမယ့်၊ တစ်မှုအတွက် ၅ မိနစ်ပဲတွေ့ခွင့်ရခဲ့ပြီး၊ နာက်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့ကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။