တရုတ်က နေအတု တီထွင်

နူကလီးယားစွမ်းအားဖြင့် အပူချိန်သန်း ၁၂၀ ဒီဂရီဆဲလ်စီယပ်အထိထုတ်လွင့်နိုင်သော နေအတုကို တရုတ်တို့က ဖန်တီးလိုက်နိုင်ပြီလို့ သတင်းရပါတယ်။

တရုတ်က သိပ္ပံပညာရှင်တို့ အဆင့်မြင့် ဒီဇိုင်းပြုလုပ်ထားသော The Experimental Advanced Superconducting Tokamak (EAST) ပေါင်းစပ် ဓာတ်ပေါင်းဖိုသည် နေ၏ အလယ်ဗဟိုအပူချိန်ထက် ၈ ဆခန့် လောင်ကျွမ်းနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိပမာဏအထိ နူကလီးယားစမ်းသပ်မှုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က သန့်ရှင်းသော စွမ်းအင်ရင်းမြစ်ထုတ်လုပ်ရေးသို့ ကူးပြောင်းရန် ပြင်ဆင်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *