လောင်းလုံမှာ စစ်ကောင်စီ လက်နက်ကိုင်များက နေအိမ်မီးရှို့ခံရ၊ ကလေးတစ်ဦးသေ၊ ခုနှစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဒေါင်းရှောင်ကျေးရွာမှာ မတ်လ ၂၁ ရက် ညသန်းခေါင်ယံ အချိန်က မိသားစုတစ်စုရဲ့ နေအိမ်ပတ်လည်ကို ရဲနဲ့ စစ်သားတွေက ရေနံဆီလောင်းပြီး မီးရှို့သွားတဲ့အတွက် ကလေးတစ်ဦး သေဆုံးပြီး ကျန်မိသားစုဝင် ခြောက်ဦး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအနေအထားကြောင့် အသေးစိတ် သတင်းအချက်အလက် မရနိုင်သေးသော်လည်း၊ စစ်တပ်က ရိုဟင်ဂျာများနှင့် တိုင်းရင်းသားဒေသတွေမှာ မတရားမှုကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေမှုကို ယနေ့လို သတင်းမီဒီယာခေတ်မှာ ပိုမိုထင်ရှားလာနေတာ၊ အယောင်ဆောင် ကယ်တင်ရှင်မျက်နှာဖုံး ကွာကျလာနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *