ရဲဘော်သံချောင်း (ခေါ်) ဗိုလ်ချုပ်စဝ်ခွန်ကျော် ကွယ်လွန်

ရှမ်းနီအမျိုးသားများ တပ်မတော် SNA ဒုတိယ စစ်ဦးစီးချုပ် ရဲဘော်သံချောင်း (ခေါ်) ဗိုလ်ချုပ်စဝ်ခွန်ကျော် မေလ ၂၆ ရက်နေ့ ရရှိတဲ့ သေနတ် ဒဏ်ရာနဲ့ မေလ ၂၈ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

နီးစပ်သော သတင်းရပ်ကွက်များအဆိုအရ ဆေးကြောင်နေတဲ့ တပ်သားတစ်ဦးပစ်ခတ်လိုက်တဲ့ သေနတ်ကြောင့် ကွယ်လွန်ခဲ့ရတယ်လို့ သိရပါတယ်။ တစ်ချို့အဆိုအရ စနစ်တကျ စီစဉ် လုပ်ကြံသတ်ဖြတ်မှုလို့လည်း သတင်းထွက်နေပါတယ်။

ယခုကွယ်လွန်သွားသည့် ရဲဘော်သံချောင်း (ခေါ်) ဗိုလ်ချုပ် စဝ်ခွန်ကျော် သည် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS /SSA တွင် ဗဟိုကော်မတီဝင် တစ်ဦးအဖြစ် ဆောင်ရွက်ဖူးသူ ဖြစ်သည့်အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး-မြောက်ပိုင်း ABSDF- NB တွင် စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်လာကာ ရှမ်းနီအမျိုးသားများ တပ်မတော် SNA တွင် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ကျဆုံးချိန်မှာ အသက် ၅၆ ရှိပြီဖြစ်တဲ့ စဝ်ခွန်ကျော် မှာ ဇနီးနဲ့ သမီး ၂ ယောက်ကျန်ရစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *