ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာ နည်းနည်းတော့ နားလည်ရ ခက်ပါတယ်။ အဓိကသုံးချက်ရှိပြီး နောက်ဆုံးအချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ စည်းကမ်း ရှိသော ဒီမိုကရေစီကို နားလည်စေဖို့ သော့ချက်ပါပဲ။ …
(၁) စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူတာကို ခေါ်တယ်
တပ်မတော်ဟာ စစ်တန်းလျားမှာမနေဘဲ နိုင်ငံတော်အာဏလုတယ်။ ဒီလိုနေရာမှား၊ အလုပ်မှားတာကိုပဲ စည်းကမ်းရှိသော ဒီမိုကရေစီလို့ခေါ်တယ်။
(၂) ပြည်သူ့ဆန္ဒကို လုံး၀ကျောခိုင်းတာကိုခေါ်တယ်
ပြည်သူဟာ တစ်တိုင်းပြည်လုံး လမ်းပေါ်ထွက်လာတယ်။ တစ်တိုင်းပြည်လုံး တိတ်ဆိတ်တဲ့နည်းနဲ့ ဆန္ဒပြတယ်။ စစ်တပ် အာဏာသိမ်းတာကို မကြိုက်လို့ မကြိုက်ဘူးပြောတဲ့ ပြည်သူတွေကို သေနတ်တဲ့ ပစ်ခတ် သတ်ဖြတ် တယ်။ ဒီလိုပြည်သူ့ဆန္ဒကို မမြင်သလိုပြု၊ လုံး၀ကျောခိုင်းပြီး ဖိနှိပ်သတ်ဖြတ်တာကိုပဲ စည်းကမ်းရှိသော ဒီမိုကရေစီလို့ခေါ်တယ်။
(၃) ကြိုက်သလို လိမ်တာကိုခေါ်တယ်
မုသားဖခင်က စိတ်ကြိုက်လိမ်ပါတယ်။ ဒါကိုပဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ခေါ်ပါတယ်။
မတ် ၂၇၊ ၂၀၂၁ – တော်လှနေရေးနေ့။