မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေး ရက်နေ့မှာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှင့် ပြည်သူ့ကူညီကယ်ဆယ်ရေးရံပုံငွေရှာပွဲကို waltzing Matilda Hotel in Springvale South, Melbourne မှာကျင်းပခဲ့ရာ မဲလဘုန်းရောက် လီဆူအသိုက်အဝန်းကလည်း လှုပ်ရှားပါဝင်ခဲ့ပါတယ်။
စုဝေးလှုပ်ရှားပွဲမှာ သြစလေးလျ၊ ဝိတိုရိပြည်နယ်က ပါလီမန်လွှတ်တော် အမတ်တွေလည်း တက်ရောက်ခဲ့သလို၊ လူပေါင်း ၂၀၀ ဝန်းကျင်ပါဝင်ကြပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးကန့်သတ်စည်းကမ်းအရ လူ ၂၀၀ ပဲတက်ရောက်ခွင့်ရတာဖြစ်ပါတယ်။