ဒေါ့ဖုန်းယန်မှာ တိုက်ပွဲပြင်းထန်နေ

ယနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်၊ အလောဘွမ်မှာ စစ်ကောင်စီလက်နက်ကိုင်များ နှင့် ကေအိုင်အေတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းတက်လာပါတယ်။

ရွာထဲအထိ လက်နက်များကျည်များ ကျရောက်ပေါက်ကွဲလို့ ဒေါ့ဖုန်းယန်ရွာမှာထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ဆိုပါတယ်။

မတ်လ ၂၅ ရက်နေ့က ကေအိုင်အေတို့ သိမ်းပိုက်ခဲ့တဲ့ အလောဘွမ်စခန်းကို စစ်ကောင်စီလက်နက်ကိုင်များက အလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်လာနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *