ဒီဗွီဘီ သတင်းထောက် ၅ ဦး ကျွတ်လွတ်ရာ ရောက်ပြီ

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ DVB ဂျာနယ်လစ် (၅) ဦးသည် လုံခြုံသော တတိယနိုင်ငံသို့ ရောက်သွားပြီလို့ ကနေ့ ဇွန်လ ရ ရက်နေ့မှာ DVB အမှုဆောင်ဒါရိုက်တာ အေးချမ်းနိုင်က သတင်းထုတ်ပြန် လိုက်ပါတယ်။

ထိလွယ်ရှလွယ်အနေအထားမျိုးမှာ သူတို့ကို ဘယ်နိုင်ငံက လက်ခံပေးတယ် ဆိုတာကို မပြောနိုင်သေးဘူး လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာများကို ဖိနှိပ်ခဲ့ကာ ဂျာနယ်လစ် အများအပြား ဖမ်းဆီးထောင်ချခံရပြီး၊ တစ်ချို့ထွက်ပြေး လွှတ်မြောက်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *