တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပထမအကြိမ် သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဖွဲ့ဝင်တွေရဲ့ စစ်သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၂၈ ရက်နေ့က ပြုလုပ်ပါတယ်။

ပထမအကြိမ် စစ်သင်တန်းပွဲကို NUG အစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလွတ်တက်ရောက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။



ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို မြောက်ပိုင်းတိုင်း စစ်ဌာချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုပြီး စစ်တိုင်းငါးခုနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက CRPH, NUG, PDF တို့ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ထားသလို၊ CRPH ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန်တိုက်ခိုက် ထုတ်ပြန်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *