တရားဝင်အစိုးရဖြစ်ရန်လိုအပ်ချက်များ နှင့် NUG နှင့် SAC တို့အပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုအတိုင်းအတာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အာဏာသိမ်းပြီး ငါးလကြာသည်အထိNUG အဖွဲ့ဝင်တွေက နေ့စဉ်အွန်လိုင်းမှတဆင့် meeting ထိုင်‌နေတာတွေ တွေ့မြင်ရတဲ့အခါ နိုင်ငံတကာအသိအမှတ်ပြုမှု ဘယ်လောက်အတိုင်းအတာထိ ရရှိနေပြီလဲ။ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာဦးမှာလား စသည်ဖြင့် ပြည်သူတွေက အားမလိုအားမရဖြစ်ကာ NUG ရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုအပေါ် မေးခွန်းထုတ်လာတာတွေ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ သာမန်အားဖြင့် လွှတ်တော်သက်တမ်းတစ်ခုကုန်လို့ အစိုးရအသစ်တစ်ရပ်က ၎င်းနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ တက်ရောက်လာတဲ့အခါ ထိုအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုဖို့က မလိုအပ်ပေမယ့် အာဏာသိမ်းအစိုးရ၊ တော်လှန်ရေးအစိုးရတွေ တက်လာတဲ့အခါ၊ ယခုလို နိုင်ငံတစ်နိုင်ငံတည်းမှာ အစိုးရနှစ်ရပ်ပေါ်ပေါက်လာတဲ့ အခါမှာတော့ အစိုးရကိုအသိအမှတ်ပြုခြင်း (recognition of government) က အရေးပါလာပါတယ်။ အစိုးရသစ်တစ်ခုအ‌ပါ် အသိအမှတ်ပြုတဲ့ပုံစံကို express recognition နဲ့ tacit recognition ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။Express recognition ================Express recognition လို့မှတ်ယူနိုင်တဲ့ အခြေအနေ ၄ မျိုးရှိပါတယ်။(၁) အစိုးရအသစ်ကို အသိအမှတ်ပြုဆက်ဆံမည်ဖြစ်ကြောင်း တရားဝင်စာပေးပို့၍ဖြစ်စေ (ထိုစာထဲတွင် “recognition”စာလုံးမပါလည်းရသည်)(၂) ထိုအစိုးရရ‌‌ဲ့ အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးတွေကို နှုတ်အားဖြင့်ပြောခြင်းဖြင့်ဖြစ်စေ (၃) ထိုအစိုးရနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခြင်းဖြင့်ဖြစ်စေ (၄) ထိုအစိုးရနဲ့ ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခြင်းဖြင့်ဖြစ်စေ အသိအမှတ်ပြုကြောင်းပြသလေ့ရှိကြပါတယ်။ နောက်ပိုင်း၌ ဥပဒေပြုလွှတ်‌ေတာ်မှ တဆင့်ဖြစ်စေ၊ သတင်းစာရှင်းလင်းပွဲများမှ တဆင့်ဖြစ်စေ အစိုးရအသစ်ကို အသိအမှတ်ပြုကြောင်းပြသတဲ့ နည်းလမ်းအသစ်တွေကိုလည်း ကျင့်သုံးလာကြပါတယ်။ အထက်ဖော်ပြတဲ့နည်းတွေထဲက တစ်နည်းနည်းနဲ့ အသိအမှတ်အပြုခံရရင် express recognition လို့မှတ်ယူနိုင်ပါတယ်။Tacit recognition =============Tacit recognition ဆိုတာက အတိအလင်း အသိအမှတ်ပြုတာမျိုး မဟုတ်ပေမဲ့ သွယ်ဝိုက်သောနည်းအရ အသိအမှတ်ပြုကြောင်းပြသခြင်းကို ဆိုလိုပါတယ်။ ထိုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်နဲ့ သံတမန်ရေးရာဆက်ဆက်ဆံရေးကို တည်ဆောက်ခြင်း၊ consular relations တည်ဆောက်ခြင်း၊ နှစ်နိုင်ငံခြား bilateral စာချုပ်တွေချုပ်ဆိုခြင်း စတာတွေပြုလုပ်ခြင်းသည်လည်း ထိုအစိုးရကို tacit recognition ပေးရာရောက်ပေသည်။ express နည်းအရဖြစ်ဖြစ် tacit နည်းအရဖြစ်ဖြစ် အသိအမှတ်ပြုခံရမှုရဲ့ ခိုင်မာမှု (validity) တန်ဖိုးကတော့ အတူတူပဲဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုမှုကို အထက်ပါ နည်းလမ်း ၂ခုအပြင် De jure recognition နဲ့ De facto recognition ဆိုပြီး ထပ်မံခွဲခြားနိုင်ပါသေးတယ်။ De jure recognition ဆိုတာက ဥပဒေအရ အသိအမှတ်ပြုမှု (as a matter of law) ဟုဆိုနိုင်ပြီး de facto ဆိုတာက အကြောင်းအချက်အလက်အရ အသိအမှတ်ပြုမှု (in point of fact) ဖြစ်ပါတယ်။ de jure recognition က de facto recognition ထက်ပိုပြီးအားသာပါတယ်။ de jure recognition သည် permanent ဖြစ်ကာ ရုတ်သိမ်းဖို့ခက်ခဲပြီး de facto recognition ကတော့ temporary ဖြစ်ကာ ရုတ်သိမ်းရန်လည်းလွယ်ကူပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုက အသိအမှတ်ပြုတဲ့ ” collective recognition ” ပုံစံမျိုးနဲ့ အသိအမှတ်ပြုတဲ့အခါ de jure နည်းအရရော de facto နည်းအရရော တခါတည်း လွှမ်းခြုံသွားပါတယ်။ ဒါပေမယ့် နိုင်ငံအများစုဟာ de facto နည်းနဲ့အရင် အသိအမှတ်ပြုလေ့ရှိပြီး အစိုးရတစ်ရပ်ရဲ့ လိုအပ်ချက်တွေပြည့်စုံလာတဲ့အခါ de jure နည်းနဲ့ အသိအမှတ်ပြု‌လေ့ရှိကြပါတယ်။ သာဓကအနေနဲ့ ဗြိတိန်နိုင်ငံက ဆိုဗီယက်ပြည်ထောင်စုရဲ့အစိုးရကို ၁၉၂၁ခုနှစ်တွင် de facto အရအသိအမှတ်ပြုပြီး နောက် ၃နှစ်အကြာ ၁၉၂၄ခုနှစ်ရောက်မှသာ de jure နည်းအရ အသိအမှတ်ပြုခဲ့ပါတယ်။ မှတ်ချက်။ ။de jure နှင့် de facto တို့သည် နာမဝိသေသနများသာဖြစ်သည်။ ၎င်းနောက်တွင် နာမ် ( eg. recognition, government, control,etc…) ကပ်၍သုံးစွဲမှသာ ပြည့်စုံပေလိမ့်မည်။ တရားဝင်အစိုးရတစ်ရပ်ဖြစ်ဖို့ လိုအပ်တဲ့စံနှုန်းတွေကို သီးခြားသတ်မှတ်ထားခြင်းမရှိတဲ့အတွက် နိုင်ငံတွေကျင့်သုံးလေ့ရှိတဲ့ state practices တွေအပေါ်မှီခိုပြီး ဖော်ပြသွားပါမယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု ကျင့်သုံးပုံခြင်းကလည်း ကွာခြားမှုတွေရှိတာ‌ကြောင့် တရားဝင်အစိုးရတစ်ရပ်အဖြစ် ဘယ်လိုအခါမှာ အသိအမှတ်ပြုကြလဲဆိုတာကို နိုင်ငံအများစုကိုခြုံငုံနိုင်မယ့် doctrine သုံးခုကို ကိုးကားပြီး ချဉ်းကပ်သွားပါမယ်။Traditional Approach (Doctrine of Effective Control) ========================(က) အစိုးရတစ်ရပ်ဟာ de facto ပိုင်းအရ နယ်မြေထိန်းချုပ်မှုရှိလား၊ နိုင်ငံ့ယန္တရားတွေကို လည်ပတ်နိုင်လား၊ အဲ့လိုထိန်းချုပ်နိုင်မှုကရော တည်ငြိမ်ပြီး ရေရည်ရပ်တည်နိုင်လား(ခ) ၎င်းရဲ့အုပ်ချုပ်မှုကို ကြီးမားတဲ့ဆန့်ကျင်မှုတွေလူထုက မပြုလုပ်ဘဲ၊ အဲ့အစိုးရအပေါ် လူထုထောက်ခံမှုရှိလား၊ (ဂ) နိုင်ငံတကာဥပဒေ၊ စာချုပ်တွေအရ ဖြစ်လာတဲ့ obligations တွေကိုရော လိုက်နာလိုတဲ့ဆန္ဒရှိလား။နိုင်ငံတွေဟာ အစိုးရတစ်ရပ်ကို traditional approach အရ အသိအမှတ်ပြုမပြုကို အထက်ပါ စံနှုန်း ၃ ခုနဲ့ ချိန်ထိုးဆုံးဖြတ်လေ့ရှိတယ်။ ထိုစံနှုန်း ၃ခု ရဲ့အရေးပါမှု level ကလည်း အစဉ်လိုက်အတိုင်းပဲဖြစ်တယ်။ ထိုအစိုးရဟာ စံနှုန်း (ခ) နဲ့ (ဂ) ပြည့်မီတယ်ဆိုရင်တောင် စံနှုန်း (က) ဖြစ်တဲ့ de facto control မရှိဘူးဆိုရင် အသိအမှတ်ပြုဖို့ကို နိုင်ငံတွေက လက်တွန့်ကြပါတယ်။ Tobar Doctrine (Doctrine of Legitimacy)============Tobar Doctrine အရတော့ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုခြင်းအပေါ် ထိုအစိုးရဟာ ရွေးကောက်ပွဲကတက်လာတဲ့အစိုးရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအညီ ဖြစ်ပေါ်လာတဲ့အစိုးရ ဖြစ်မဖြစ်အပေါ် မူတည်ပြီး ဆုံးဖြတ်ကြတယ်။ ဒီ doctrine ဟာ democratic government တွေအတွက် ရည်ရွယ်ပြီး ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် လက်တွေ့မှာ စိန်ခေါ်မှုတွေများစွာ တွေ့ရလေ့ရှိတယ်။ အစိုးရတစ်ရပ်ဟာ ရွေးကောက်ပွဲက တက်လာသည်ဆိုရုံမျှဖြင့် မလုံလောက်သေးသောကြောင့် ဒီ doctrine ကိုလက်ခံတဲ့နိုင်ငံကတော့ အတော်နည်းပါးပါတယ်။Estrada doctrine=============နိုင်ငံတကာဥပဒေတွင် primary legal entity မှာ state ဖြစ်ပေတယ်။ အစိုးရမှာ ထို state ၏ကိုယ်စားပြုဖြစ်ပေတယ်။ အသိအမှတ်ပြုခြင်းဆိုရာမှာ new states တွေကို အသိအမှတ်ပြုတာနဲ့ new governments တွေကို အသိအမှတ်ပြုတာဆိုပြီး နှစ်မျိုးနှစ်စားရှိရာ Estrada doctrine ဟာ နိုင်ငံတွေကိုသာ အသိအမှတ်ပြုမပြု ဆုံးဖြတ်မယ်။ အစိုးရကို အသိအမှတ်ပြုမပြု ဆုံးဖြတ်ဖို့ဆိုတာ သူတို့နဲ့မဆိုင်ဘူး။ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုလိုက်ခြင်း၊ အသိအမှတ်မပြုဘဲနေခြင်းဟာ ထိုနိုင်ငံရဲ့ national sovereignty ကိုထိပါးရာ ရောက်သည်ဟု ယူဆကြတယ်။ ထို Estrada doctrine ကို နိုင်ငံအများစုက လက်ခံကျင့်သုံးနေကြပြီး နိုင်ငံတစ်ခုမှာ ဘယ်အစိုးရတက်တက် မိမိနှင့် မဆိုင်သလိုနေလေ့ရှိကြတယ်။ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုဖို့ရာ ဆုံးဖြတ်တဲ့အခါ နိုင်ငံတိုင်းလိုလို အထက်ပါ doctrine သုံးခုထဲမှ တစ်ခုခုအောက်တွင် အကျုံးဝင်နေတတ်ပါသည်။ ယခုတောက်လျှောက် NUG ရဲ့ပြောဆိုချက်များဟာ Tobar Doctrine နှင့် အံဝင်ဂွင်ကျဖြစ်နေတာ တွေ့ရပါတယ်။ “ရွေးကောက်ပွဲမှ တက်လာသောအစိုးရဖြစ်သည်။ မိမိတွင် legitimacy ရှိသည်။” ဆိုသောအချက်များကို ကိုင်ဆွဲကာ ဒီမိုကရက်တစ်နိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရယူရန် ကြိုးပမ်းလာခဲ့တာ ယနေ့အထိပင်ဖြစ်တယ်။ သို့သော် legitimacy စံနှုန်း တစ်ခုတည်းရှိရုံမျှဖြင့် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ရာ မဖြစ်နိုင်သည်မှာ အထင်းသားဖြစ်နေတယ်။ တဖန် Estrada doctrine ကိုလက်ကိုင်ထားကာ NUG ကို အသိအမှတ်ပြုဖို့‌အရေး ရေငုံနှုတ်ပိတ်နေသော နိုင်ငံများစွာရှိနေသည်ကိုလည်း သတိချပ်သင့်ပေတယ်။ Effective Control doctrine အရကြည့်မည်ဆိုလျှင် NUG တွင် လူထုထောက်ခံမှုနှင့် international obligations များကို လိုက်နာရန်ဆန္ဒစသည့် စံနှုန်းများဖြင့်ကိုက်ညီသည်ဟု မှတ်ယူနိုင်သော်လည်း အရေးကြီးဆုံးစံနှုန်းဖြစ်သည့် de facto control မှာမူ ယနေ့ထိမရှိသေးကြောင်းတွေ့ရတယ်။ မြန်မာ့အရေး အလေးထား စိတ်ဝင်စားသော နိုင်ငံများအနေဖြင့် de facto control မရှိသေးသော NUG ကိုအသိအမှတ်ပြုဖို့ရာ မဝံ့ရဲပေ။သာဓကအနေဖြင့် Tinoco Arbitration Case (Great Britain v. Costa Rica) တွင် Costa Rica မှာ ၁၉၁၇ ၌ အာဏာသိမ်း Tinoco အစိုးရတက်လာပြီး ၂နှစ်ကြာ အုပ်ချုပ်ခဲ့တယ်။ ၁၉၁၉ မှာ အစိုးရအသစ်တက်လာသောအခါ ယခင်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စီးပွားရေးစာချုပ်များဟာ ပျက်ပြယ်ပါတယ်လို့ ကြေညာခဲ့တယ်။ ဒါပေမယ့် Tinoco အစိုးရအုပ်ချုပ်စဥ်က ၎င်းကိုနိုင်ငံများက အစိုးရအဖြစ်အသိအမှတ်မပြုခဲ့သည့်တိုင် ၎င်းဟာ ၂နှစ်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံတွင်း de facto control ရှိခဲ့တာကြောင့် ၎င်းသည် တရားဝင်အစိုးရတစ်ရပ်ဖြစ်ခဲ့ပြီး ၎င်းနဲ့ချုပ်ဆိုတဲ့စာချုပ်တွေက ခိုင်မာကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် တရားဝင်အစိုးရတစ်ရပ်ဖြစ်ဖို့ နယ်မြေထိန်းချုပ်မှုရှိရန် အရေးကြီးသည်မှာ အသေအချာပင်ဖြစ်သည်။ NUG vs SAC=========== ဆက်လက်ပြီးတော့ NUG နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆက်ဆံရေးအခြေအနေ‌တွေဟာ ဘယ်လောက်အတိုင်းအတာထိ အသိအမှတ်ပြုရာ ရောက်ကြောင်းကို အရေးပါမှု level အနိမ့်မှအမြင့် အစဉ်လိုက်ဖော်ပြသွားပါမယ်။ ▪️ဇွန်လ ၂၃ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ ပြင်သစ်အောက်လွှတ်တော်ရဲ့ National Assembly သို့ CRPH ဖိတ်ကြားခံရခြင်း၊ ▪️ဇွန်လ၂၄ ရက်နေ့က CRPH နဲ့ ဩစတီးယားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း၊▪️ ဇွန်လ၂၅ ရက်နေ့တွင် NUG နှင့် စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်း စသည်တို့မှာ de facto recognition စံချိန်ပြည့်လုနီး ဆက်ဆံရေးအခြေအနေများ ဖြစ်ပါတယ်။ ▪️မေ ၂၈ ရက်တွင် NUG နှင့် ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့ခြင်းကိုမူde facto recognition စံချိန်ကျော်လွန်‌သည့် ဆက်ဆံရေးဟုမှတ်ယူနိုင်ပေတယ်။ ▪️မေလ ၂၄ရက်က NUG ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို တရားဝင်အသိအမှတ်ပြုကြောင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြချက်ကို Express recognition ဟု မှတ်ယူနိုင်ပြီး NUG ကိုအစိုးရတစ်ရပ်အဖြစ် တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပေတယ်။ ဒါ့အပြင် NUG ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံပြီး အပြုသဘော တုံ့ပြန်ဆောင်ရွက် ပေးကြတာကိုလည်းတွေ့မြင်ရပါတယ်။ဥပမာအားဖြင့် ▪️လူ့အခွင့်အရေးကောင်စီရဲ့ (၄၇) ကြိမ်မြောက် ညီလာခံမှာ တင်သွင်းရမဲ့ ကမ္ဘာလုံးဆိုင်ရာ ပုံမှန်သုံးသပ်ချက် (Universal Periodic Review) ကို NUG ၏တောင်းဆိုချက်နဲ့အညီ (၄၈) ကြိမ်မြောက်သို့ ရွှေ့ဆိုင်းပေးခြင်း၊▪️ဇူလိုင်လမှာ ကျင်းပမဲ့ (၂၁) ကြိမ်မြောက် အဆင့်မြင့်နိုင်ငံရေးဖိုရမ်မှာ တင်သွင်းရမဲ့ “နိုင်ငံအဆင့် ဆန္ဒအလျောက် သုံးသပ်မှု အစီရင်ခံစာ” ကိုလည်း NUG ရဲ့ မေတ္တာရပ်ခံချက်ဖြင့် ရွှေ့ဆိုင်းပေးခြင်း စတာတွေ လိုက်လျောခဲ့တာရှိပါတယ်။ တစ်ဖက်တွင် စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းများသည် collective non recognition ပြုလုပ်ကာ စီးပွားရေး sanctions များ အစဥ်မပြတ် ချမှတ်နေကြောင်း တွေ့ရပါတယ်။ဥပမာအားဖြင့်▪️ (၇၄) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပေးခြင်း၊▪️ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့အစည်း (၄၂) ကြိမ်မြောက်ညီလာခံမှာ စစ်ကောင်စီတက်ရောက်ခွင့်ကို ငြင်းပယ်ခဲ့ခြင်း၊▪️နိုင်ငံတကာအလုပ်သမားညီလာခံရဲ့ (၁၀၉) ကြိမ်မြောက်အစည်းအဝေးမှာ စစ်ကောင်စီ ကို တက်ရောက်ခွင့်မပေးခြင်း၊▪️ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စစ်ကောင်စီတက်ရောက်ခွင့်မရခြင်း၊ ▪️ဇွန်လ၊ ၁၈ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၁၁၉)မဲ ၊ ကန့်ကွက်မဲ (၁) မဲ နဲ့ ကြားနေမဲ (၃၆) မဲ နဲ့ အတည်ပြုချမှတ်နိုင်ခဲ့ခြင်းတို့ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းချက်များအနေဖြင့် ပထမဆုံး ခရီးစဥ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ Asean Summit သို့ တက်ရောက်ခဲ့ပါတယ်။တဖန် ဒုတိယခရီးစဥ်အဖြစ် နိုင်ငံတကာလုံခြုံရေး‌ မော်စကိုနှီးနောဖလှယ်ပွဲကို တက်ရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ထိုခရီးစဉ်ကို သုံးသပ်ကြည့်လျှင် စစ်ကောင်စီအနေနဲ့ ၎င်းနှင့် ဆက်ဆံရေးမပျက်ရှိကြောင်း ပြသချင်နေခဲ့သော်လည်း ရုရှားသမ္မတနှင့် တွေ့ခွင့်မရခဲ့ခြင်း၊ ၎င်းနှီးနှောဖလှယ်ပွဲမှာ စစ်တပ်အချင်းချင်း ဆက်ဆံရေးအသွင်ဆောင်ပြီး စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမည့် အရိပ်အယောင်မတွေ့ရပေ။ ထို့ပြင် ASEAN အနေနဲ့လည်း စစ်ကောင်စီနဲ့ အဆက်အသွယ်ပြုလုပ်‌နေရပေမယ့်၎င်းကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း NUG ကို အခိုင်အမာပြောဆိုထားတာတွေလည်း ရှိပါတယ်။အကျဉ်းချုပ်ဆိုရသော် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှုကို NUG နေ့စဉ်နဲ့အမျှ တိုးတက်ရရှိနေကြောင်းတွေ့မြင်ရသည်။ စစ်ကောင်စီမှာမူ နိုင်ငံတကာဥပဒေများ၊ လိုက်နာရန်တာဝန်များကို နေ့စဉ်ချိုးဖောက်နေခြင်းကြောင့် ၎င်းကို နိုင်ငံတကာက အသိအမှတ်ပြုမည့်အလားအလာ စိုးစဉ်းမျှပင်မတွေ့ရပေ။ သို့သော် နိုင်ငံတကာအသိအမှတ်ပြုမှု ဆံုးဖြတ်ခြင်းမှာ ဥပဒေဆိုင်ရာအချက်အလက် ထက်စာလျှင် နိုင်ငံရေးကစားကွက်များပိုမိုပါဝင်ပေသည်။ ပြည်သူများက CDM ပြုလုပ်ကာ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများ မလည်ပတ်နိုင်အောင် ဟန့်တားထားသည်ဆိုသော်လည်း ရဲစခန်းများ၊ ထွေအုပ်ရုံးအချို့၊ တရားရုံးများမှာ ယနေ့ထိ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိ‌ေနကြောင်း သတိမူသင့်ပေသည်။ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြု ဆိုရုံမျှဖြင့်မလုံလောက်ပေ။ NUG အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိလာရန်လိုပေသည်။ ဒါတွေရဲ့ အဆုံးအဖြတ်တစ်ခု အနေနဲ့လည်း လာမယ့် စက်တင်ဘာလမှာ ကျင်းပမဲ့ (၇၆) ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ဘက်က International Recognition ရတဲ့ဘက်လို့ ခြုံငုံသုံးသပ်လို့ရပါတယ်။ ထို့ကြောင့် NUG သည် အရေးတော်ပုံကာလ ကြာမြင့်လာသည်နှင့်အမျှ နိုင်ငံတွင်း၌ ခြေကုပ်ရယူကာ de facto control ရရှိလာရန်လိုအပ်သည်မှာ မုချဖြစ်ပေသည်။စာရေးသူ – Eira, Lucy, Scholly

source: #LawgicalMyanmar#Law#ဥပဒေ#DeFacto#DeJure#Recognition#Government#NUG

Leave a Reply

Your email address will not be published. Required fields are marked *