ကုလသမ္မဂမှာ မြန်မာက R2P ကိုတရားဝင်တောင်းဆိုပြီ …

News:Myanmar officially demands R2P at UN.


CRPH ၏ ကုလသမ္မဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ကုလသမ္မဂထံသို့ ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးမှတစ်ဆင့် R2P အပါအဝင် အချက်လေးချက်ကို ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့မှာ တရားဝင် တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုထားတဲ့ အချက် (၄) ချက်ကို အကြမ်းအားဖြင့် အောက်ပါအတိုင်း မြန်မာပြန်ဆိုနားလည်နိုင်ပါတယ်။
(၁)။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက် ခံရပြီး နောက်ထပ်သေဆုံးမှုတွေ ဆက်လက်ပြီးမဖြစ်ပေါ်စေရန်.. အတွက် ဒေသဆိုင်ရာ အဖွဲ့များ ပူးပေါင်းပြီး.. UN မှ ဦးဆောင်သော.. R2P အစီအစဉ် ဖြင့်အကူအညီ/ အကာကွယ်ပေးပါရန်၊
(၂)။ မြန်ဆန်ထိရောက်၍ ပိုမိုတိကျသော sanctions များ ကို စစ်ခေါင်းဆောင်များသာမက.. ၎င်းတို့နှင့် ဆက်နွယ်နေသော.. စီပွားရေးလုပ်ငန်းစုအားလုံး ကိုချမှတ်ပေးပါရန်၊
(၃)။ စစ်ကောင်စီအား စစ်လက်နက်ပစွည်းရောင်းချခြင်းကို လည်း တိတိကျကျတားမြစ်ထုတ်ပြန်ပေးပြီး , ယခုထိခိုက်ခံနယ်မြေများတွင်လည်း.. စစ်ကောင်စီမှု… နောက်ထပ်ပို၍ လက်နက် ဝယ်ယူအသုံးမပြုနိုင်စေရန်… သေသေချာချာ ထိရောက်စွာတားမြစ်ပေးပါရန်၊ နှင့်
(၄)။ ထိုနောက်.. ပြစ်မှုကြူးလွန်သူများ( စစ်အာဏာရှင်အားလုံး အပြင် ယခုကိစွအား ရက်စက်စွာ ပါဝင်ကိုင်တွယ်အမိန့်ပေး သူအားလုံးကို) .. မချွင်းမချန်/ သက်ညာမှု လုံး၀ မရှိစေပဲ.. တရားမျှတသော နိုင်ငံတကာ ခုံရုံးတွင်စွဲချက်တင် အပြစ်ပေးရန် တို့ပါဝင်ပါတယ်။

R2P သည် right to protect – ကာကွယ်ပေးပိုင်ခွင့် ဟုဆိုလိုပြီး၊ အသက်အန္တရာယ်ရှိသောဒေသ၊ စစ်ဖြစ်ပွားရာ ဒေသများတွင် ပြည်သူလူထုကို ထိခိုက်မှုမဖြစ်အောင် နိုင်ငံတကာ ငြိမ်းချမ်းရေး တပ်ဖွဲ့များ စေလွှတ်ကာ ကာကွယ်ပေးသည့် ကုလသမ္မဂ၏ စစ်ရေးလှုပ်ရှားမှု အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းက လက်နက်မဲ့ ပြည်သူတို့သည် နိုင်ငံတကာမှ တစ်စုံတစ်ရာ စစ်ရေးအကူအညီဖြင့် လူထုအစိုးရကို ပြန်လည်ထူထောင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံတကာ၏ပိတ်ဆို့မှုများကို ကျင့်သားရနေပြီးသားဖြစ်ပြီး၊ မိတ်ဆွေအနည်းငယ်နှင့် ရှေ့ဆက်မည်ဟု မီဒီယာများကို ဖြေဆိုထားပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော သူများကိုလည်း ပစ်ခတ်သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပေါ်လျှက် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *